သတင်း

မိုးကောင်းမြို့ နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ခေါ်ယူစစ်ဆေးခံနေရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မပခတပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မိုးကောင်းမြို့နယ်ထိန်း ခေါင်းဆောင် ဗိုလ်ကြီးဇာနည်ဇော် ဆိုသူကို လာဘ်စားမှုနဲ့ဆင့်ခေါ်စစ်ဆေးနေတာလို့ သတင်းရင်း မြစ်က ပြောပါတယ်။

မပခကနေပြီးတော့ သူ့ကိုစစ်ဆေးစရာရှိတယ်ဆိုပြီးဆင့်ခေါ်တာ ကြားတာကတော့ ယမ်းကိစ္စ နဲ့ သေချာအတိအကျသိရတာကတော့ လာဘ်စားထားမှုနဲ့ပတ်သက်တယ်လို့သိရတယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီ နယ်ထိန်းခေါင်းဆောင်ခေါ်ယူစစ်ဆေးခံနေရတာဟာ တစ်ပတ်ခန့်ကြာမြှင့်လာပြီဖြစ်ပေမဲ့ အခြေနေအသေးစိတ်ကိုဘာမှမသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

နယ်ထိန်းခေါင်းဆောင် ဗိုလ်ကြီးဇာနည်ဇော်ဆိုသူဟာ မိုးကောင်းမြို့မရဲစခန်းမှာ နယ်ထိန်း ခေါင်းဆောင် အဖြစ်တာဝန်ယူထားတာ တစ်နှစ်ကျော်သာရှိသေးပြီး နှစ်ပွင့်ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗိုလ်ကြီးဇာနည်ဇော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းအထက ကျောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကောင်စီစစ်ကား ပစ်ခတ်ခံခဲ့ရတဲ့နောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေနဲ့ဆက်စပ်တယ်ဆိုပြီးအရပ်သားတွေပါ ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေကို တာဝန်ယူခဲ့သူဖြစ်တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွင်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အဓိကကတော့ ရဲထဲမှာဆို သူကပဲဦးဆောင်ပြီးလုပ်တာ သူကနယ်ထိန်းခေါင်းဆောင်ဆိုတော့ ဒီတာဝန်တွေက သူ့မှာပဲရှိတာဖြစ်ပါတယ် မဟုတ်မမှန်တဲ့ သတင်းတွေနဲ့အရပ်သားတွေကို ဦးဖမ်းဆီးခဲ့တာကြောင့် သူဒီလိုပြန်ခံရတာပဲလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းအထက ကို ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရပြီး တဲ့နောက် မိုးကောင်းမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေ ၂၀၀ လောက်ဖမ်းဆီးခံလိုက်ရပြီး ဖမ်းဆီးခံရတဲ့ထဲ စစ်ကြေားရေးမှာ ရိုက်နက်စစ်ဆေးခံရတာကြောင့် သေဆုံးသူ ၄ ယောက်အထိရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီထဲမှာ မိုးကောင်းမြို့ပေါ်က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေနဲ့ မိုးကောင်းဒေသခံ ဦးဝဘော်တန်ဂွန်းဆိုသူအပါအဝင် နောက်ထပ် မိုးကောင်းဒေသခံနှစ်ယောက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button