လုံခြုံရေး
-
Jul- 2025 -7 Julyသတင်း
အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို
ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့ SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ် သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…
Read More » -
Mar- 2024 -2 Marchသတင်း
ပန်ဝါမှာ လုံခြုံရေးအပြည့်နဲ့ စစ်တပ်ထာက်ခံပွဲကျင်းပ
ကချင်ပြည်နယ် ပန်ဝါမြို့မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအပြည့်နဲ့ တပ်ထောက်ခံပွဲကျင်းပပြုလုပ်သွားတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မတ်လ ၂ ရက်နေ့ ဒီနေ့ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ ပန်ဝါမြို့တွင်း အရပ်သားပြည်သူ အင်အား ၁၀၀၀…
Read More » -
Nov- 2023 -7 Novemberသတင်း
လုံခြုံရေးကြောင့် လယ်ပြင်စစ်ဆေးရေးဂိတ်ဖြုတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဖားကန့်နေပြည်သူတွေပြော
ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုရှိ လယ်ပြင်စုပေါင်းစစ်ဆေးရေးဂိတ်ကို စစ်တပ်ဘက်က ဖြုတ်သိမ်းသွားတာဟာ လုံခြုံရေးစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေက ပြောပါတယ်။ အဲဒီဂိတ်ဟာ စစ်တပ်လက်အောက်ခံထွေအုပ်ဝန်ထမ်းနဲ့ရဲဝန်ထမ်းတွေပေါင်းပြီး ငွေကြေးတောင်းခံနေတဲ့ စုပေါင်းဂိတ်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မနေ့ကစပြီး ဖြုတ်သိမ်းသွားတာဖြစ်တယ်လို့ လုံးခင်းရပ်ကွက်က ပြည်သူတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “မနေ့က မနက်ဆယ်နာရီလောက်မှာ စပြီးဂိတ်ဖြုတ်သွားတာပေါ့၊လုံခြုံရေး အခြေအနေအရဖြစ်နိုင်တယ်လို့ဘဲပြောနေကြတယ်“လို့ လုံးခင်းကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။…
Read More » -
Oct- 2023 -24 Octoberသတင်း
ဝိုင်းမော်ဒေသကို လုံခြုံရေးတင်းကြပ်ဖို့ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ကို စစ်တပ်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ကို ဒေသအတွင်း လုံခြုံရေးတင်းကြပ်ပေးဖို့ ညွှန်းကြားထားတာကြောင့် ကျေးရွာ၊ ရပ်ကွက်အတွင်း ဖမ်းဆီးခံရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ၃ လလောက်အကြာ တိုက်ပွဲဒေသဖြစ်ပွားနေတဲ့ နေရာဘက်ကို စစ်ကောင်စီ ယာဉ်တန်းတက်လာတိုင်း ကဇူး၊ ဒဘတ်၊ ဂျာပူနဲ့…
Read More »



