လုံးတုံ

  • Feb- 2026 -
    10 February
    သတင်း

    အင်းတော်ကြီးမှာ စစ်တပ်ကလမ်းပိတ်ထားလို့ ကျေးရွာတစ်ချို့ ပိတ်မိနေ

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း အင်းတော်ကြီးဒေသရှိ လမ်းပိုင်းတစ်ချို့ကို စစ်တပ်ပိတ်ထားတဲ့အတွက် ကျေးရွာတစ်ချို့ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ အင်းတော်ကြီးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး လုံးတုံ၊ ဟဲပု၊ ဟဲပါးဘက်မှာ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်နှင့် KIA ပူးပေါင်းတပ်များကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းအတွင်း အရေးပါတဲ့လမ်းပိုင်းကို ပိတ်ထားခြင်းဖြစ်တယ်လို့ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “လမ်းကို ဒီဘက် စစ်ကောင်စီနဲ့ ရှမ်းနီဘက်က ပိတ်ထားတယ်ဗျ။ လုံးတုံကနေ နန့်မွန်းတောင်ဂိတ်အကြားကို ပိတ်ထားတာပါ။ လုံးတုံကနေ ဖားကန့်ဘက်ကို အထွက်မရသလို ဖားကန့်ကနေ လုံးတုံထဲကိုလည်း ဝင်မရဘူး။ ပြီးတော့ ဟိုပင်ဘက်ကနေလာရင်လည်း နန့်မွန်းတောင်ဂိတ်မှာ အဝင်အထွက် ပိတ်ထားတယ်။ ပိတ်ထားတာ တစ်ပတ်လောက်တော့ ပြည့်တော့မယ်”လို့ ပြောပါတယ်။ ခုလိုလမ်းပိတ်ထားတဲ့အတွက် လက်ရှိ မိုင်းနောင်၊ မမုံကိုင်၊ နန့်မွန်း၊ လုံးတုံ စတဲ့ ကျေးရွာနေ ပြည်သူတွေဟာ ဟိုပင်၊ မိုးညှင်းဘက်သို့ တိမ်းရှောင်နိုင်ခြင်းမရှိပဲ ကျေးရွာအတွင်းတောတောင်တွေမှာ ယာယီတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။ “ကြားထဲက ရွာတွေကတော့ အထွက်လည်းမရ၊ အဝင်လည်းမရလို့ အခက်အခဲကြီးတယ်။ လမ်းပိတ်ထားတော့ လုံးတုံဘက်က လူတွေကတော့ ရှောင်တဲ့သူ ရှောင်ကြတယ်။ လက်နက်ကြီးတွေ ဟိုဘက်ဒီဘက် ပစ်နေတော့ ရွာထဲမှာပဲ နေတဲ့သူတွေလည်း ရှိတယ်”လို့ အထက်ဖော်ပြပါ နန့်မွန်းမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာ နောက်ထပ် နန့်မွန်းတောင်နဲ့လုံးတုံအကြားကိုလည်း ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ပိတ်ထားတဲ့အတွက် လက်ရှိ နန့်မွန်းတောင်နဲ့လုံးတုံအကြားရှိ ကျေးရွာတွေပိတ်မိနေတယ်လို့ဒေသခံများက ဆိုပါတယ်။ “ကားလည်း သွားလို့မရဘူး၊ ဆိုင်ကယ်လည်း မရဘူး။ အရေးကြီးတဲ့လူလောက်ပဲ ဒါတောင် မနည်းပြောယူပြီး သွားရတယ်။ ဆိုင်ကယ်နဲ့လည်း မလွယ်ပါဘူး၊ သွားလာဖို့ ခက်တယ်။ ကြားထဲက ရွာတွေကတော့ ပိုပြီးခက်တယ်၊ ထွက်လို့မရဘူး”လို့  အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ လတ်တလော အင်းတော်ကြီးရဲ့ တစ်ဖက်ကမ်းရှိ ဟဲပုကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး လုံးတုံမှာတော့ နှစ်ဖက်တပ်အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ လုံးတုံအထိုင်တပ်ဟာ အင်းတော်ကြီးဒေသအတွင်း စစ်ကောင်စီတပ်ရဲ့အကြီးဆုံး အထိုင်တပ်တစ်ခုဖြစ်ပြီး နန့်မွန်းအထိုင်တပ်မှာ ဒုတိယအကြီးဆုံးဖြစ်ကြောင်း သိရပါတယ်။ လုံးတုံမှ နန့်မွန်းအထိ မိုင်းနောင်၊ မမုံကိုင်၊ ရွှေလက်ပံ စတဲ့ ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ်များက ထိန်းချုပ်ထားပြီး လုံးတုံအကျော်ရှိ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်နှင့် အင်းတော်ကြီးကန် တစ်ဖက်ခြမ်းရှိ ဟဲပု၊ ဟဲပါး၊ ဝေလုံ၊ ချောင်းဝဘက်တို့ကို KIA ပူးပေါင်းတပ်ဘက်က ထိန်းချုပ်ထားကြောင်း သိရပါတယ်။ By – Zaw Zaw

    Read More »
  • Jan- 2026 -
    26 January
    သတင်း

    အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ

    ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။ KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့…

    Read More »
  • Aug- 2025 -
    6 August
    သတင်း

    ရှမ်းနီ SNA တပ်ထိုင်ထားတဲ့ လုံးတုံဂိတ်မှာကုန်ကား ၁၀၀ ဝန်းကျင်ပိတ်မိနေ

    ကချင်ပြည်နယ် မိုးညှင်းခရိုင်ထဲက အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းမှာ ဖားကန့်တက်မယ့် ကုန်ကားကြီးတွေ နဲ့ ကားသေး စုစု‌ပေါင်း အစီး ၁၀၀ ဝန်းကျင် လုံးတုံဂိတ်မှာ ပိတ်မိနေဆဲလို့သိရပါတယ်။ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာမှာထိုင်ထားတဲ့ စစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်းကို…

    Read More »
  • Feb- 2023 -
    14 February
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    အင်းတော်ကြီးဒေသအတွင်း ရွှေတူးဖော်မှုများ ရပ်နားခိုင်းကြောင်းဆို

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတစ်ဝိုက် တရားမဝင်ရွှေတူးဖော်နေမှုများကို စစ်ကောင်စီမှ အပြီးတိုင်ရပ်နားခိုင်းကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံများထံမှသိရသည်။ မိုင်းနောင်၊ လုံးတုံနှင့် မမံကိုင်ကျေးရွာနေရာများတွင် စက်ယန္တရားကြီးဖြင့် ရွှေတူးဖော်နေသည့်အပေါ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစကာ စစ်ကောင်စီအဖွဲ့က အရပ်ဝတ်များဖြင့် လာရောက်ပြောဆိုသွားသည်ဟု မိုင်းနောင်ကျေးရွာ…

    Read More »
  • Jan- 2023 -
    19 January
    သတင်း

    လုံးတုံ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်နံပါတ်ပြားအတု အတင်းအဓမ္မ တပ်ဆင်ခိုင်းပြီး  ဖြတ်သန်းခွင့်ပေး

    ကချင်ပြည်နယ် အင်းတော်ကြီး နှင့် ဖားကန့်လမ်းပိုင်း ကားလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ် တစ်နေရာတွင် နံပါတ်ပြားမပါသည့် ဆိုင်ကယ်များကို နံပါတ်ပြားအတု တပ်ဆင်််််််််််ခိုင်းပြီးမှသာ ဂိတ်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။ အင်းတော်ကြီးဒေသ စစ်ကောင်စီအဖွဲ့၏  လုံးတုံစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ နံပါတ်မပါသည့် ဆိုင်ကယ်များကို…

    Read More »
Back to top button