သတင်း

လုံးတုံ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်နံပါတ်ပြားအတု အတင်းအဓမ္မ တပ်ဆင်ခိုင်းပြီး  ဖြတ်သန်းခွင့်ပေး

ကချင်ပြည်နယ် အင်းတော်ကြီး နှင့် ဖားကန့်လမ်းပိုင်း ကားလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ် တစ်နေရာတွင် နံပါတ်ပြားမပါသည့် ဆိုင်ကယ်များကို နံပါတ်ပြားအတု တပ်ဆင်််််််််််ခိုင်းပြီးမှသာ ဂိတ်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။

အင်းတော်ကြီးဒေသ စစ်ကောင်စီအဖွဲ့၏  လုံးတုံစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ နံပါတ်မပါသည့် ဆိုင်ကယ်များကို နံပါတ်ပြား တစ်ခု ၄၀၀၀ ကျပ်ဖြင့်ရောင်းချပေးကာ အတင်းအဓမ္မ တပ်ဆင်ခိုင်းပြီး ဖြတ်သန်းခွင့်ပေးနေသည်ဟု အင်းတော်ဒေသခံတစ်ဦး KNG သတင်းဌာနကိုပြောသည်။

အခုက အဲ့ဂိတ်မှာ ဆိုင်ကယ် နံပါတ်ပြားမပါတဲ့သူတွေကို မဖြတ်ခိုင်းတော့ဘူး။ ပြန်လှည့်ခိုင်းတယ် ဆိုင်မှာနံပါတ်ပြားပြန်တပ်ခိုင်းတယ်။ အဓိက နံပါတ်ပြားပါလာဖို့ အရေးကြီးတယ်။ ဘယ်လိုဖြစ်လို့ ယခုလို လုပ်လာသလဲတော့ နားမလည်ဘူးဟုပြောသည်။

လက်ရှိတွင် ဆိုင်ကယ် နံပါတ်ပြားမပါသည့် ဆိုင်ကယ်များသည် ထိုစစ်တပ်ဂိတ်အနီး ၎င်းတို့ တပ်ဆင်ခိုင်းသည့် နေရာတွင် ၄၀၀၀ ကျပ်ပေးဆောင်ကာ မဖြစ်မနေ တပ်ဆင်ပြီးမှသာ ဂိတ်ဖြတ်သန်းခွင့်ပေးနေသည်ဟု သူက ဆက်ဆိုသည်။

နံပါပြားမပါတဲ့ သူတွေက တော်တော်များကြတယ်။ ဒီဘက်မှာတော့ ဘယ်သူမှ သိပ်မတပ်ကြဘူးလေ အဲ့တော့ ပြန်လှည့်ခိုင်းပြီး သူတို့ရဲ့ စစ်တပ်ဂိတ်နေရာနားမှာ နံပါတ်ပြား ပြန်တပ်ခိုင်းပြီး ပြန်သွားခွင့်ပေးတယ် ဟုပြောသည်။

အဆိုပါ စစ်တပ် စစ်ရေးဂိတ်သည် စစ်တပ် အာဏာမသိမ်းမှီကတည်းက စစ်သား၊ ရဲနှင့် မူးယစ်အဖွဲ့က ပုံမှန်ရှိသည့် စုပေါင်းဂိတ်ဖြစ်ပြီး လက်ရှိ ထိုဂိတ်တွင် ခရီးသွားပြည်သူများနှင့် ကုန်ကားများကို စစ်ဆေးရေးတင်းကြပ်ထားကာ နံနက် ၆ နာရီမှ ည ၅ နာရီခွဲအထိ သွားလာခွင့် ကန့်သတ်ထားကြောင်းသိရသည်။

ထိုလမ်ပိုင်းသည် မိုးညှင်းမြို့နယ်မှ ဖားကန့်မြို့နယ်ဘက်သို့ ဖြတ်လမ်းဖြင့် ဝင်ရောက်နိုင်သည့် လမ်းမကြီးတစ်ခုဖြစ်ပြီး ကုန်တင်ကားများ၊ ခရီးသည်ကားများ ပုံမှန်ဖြတ်သန်းသွားလာနေသည့် လမ်းမကြီးတစ်ခုအပါအဝင်ဖြစ်သည်။

Show More

Related Articles

Back to top button