လူ့အခွင့်အရေးချိုးဖောက်မှု

  • Dec- 2025 -
    16 December
    သတင်း

    ကချင်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေက  စစ်တပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေပြော

    ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကနေပြီးတော့ အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ KNGကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ ပြောကြားချက်အရကတော့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့်ထိခိုက် သေဆုံးတဲ့ ဖြစ်စဥ်တွေဟာ တစ်လကို ပျှမ်းမျှအားဖြင့်  ၁၀ခုထက် မနည်းရှိနေပြီး အများစုကတော့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်မတို့ နေရာဒေသမှာတော့ လက်ရှိအချိန် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက နံပါတ် ၁ဖြစ်နေတယ်။ ကျွန်မတို့ ပြည်သူအချင်းချင်း ချိုးဖောက်တဲ့ လူ့အခွင့်အရေးတွေတောင် ကျွန်မတို့မှာ ရှိနေတာလေနော် ဖိနှိပ်တယ်။ လုပ်ခလစာ မပေးတာတွေ၊ လူကုန်ကူးတာတွေလည်း ကျွန်မတို့မှာ အများကြီးရှိနေတယ်။ ဒါပေမယ့်လည်း ရာခိုင်နှုန်းနဲ့ စစ်ကောင်စီကျူးလွန်တဲ့အရာနဲ့ ယှဉ်လိုက်လို့ရှိရင် အရမ်းနည်းနေတယ်”လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့  ဒါရိုက်တာ ဖြစ်သူ ဆရာမဆိုင်းမိုင်က ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း အများအပြား ကျူးလွန်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ရက်နေ့တုန်းကလည်း ဖားကန့်မြို့ မှော်စီစာကျေးရွာအုပ်စု မလောင်ကျေးရွာကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်၂လုံးပျက်စီးပြီး အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လင်မယား၂ဦး အသက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ ကောက်ယူရရှိထားတဲ့ ဒေတာတွေအရ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လိုင်လကနေ နိုဝင်ဘာလထိ အသက်မပြည့်သေးတဲ့ ကလေးသူငယ်၁၀ဦးနဲ့ အသက်ပြည့်ပြီဖြစ်သူ ၄၀ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၉၉ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အခုလို လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ စစ်ကောင်စီကသာ ချိုးဖောက်နေတာမျိုး မဟုတ်ဘဲ အာဏာပါဝါကို ချုပ်ကိုင်ထားတဲ့ လူတစ်ဦးတစ်ယောက်ချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက် ဖြစ်စေ ကျူးလွန်နေကြတာ ဖြစ်တယ်လို့ ညီမျှခြင်း မြန်မာ Equality Myanmar (EQMM)ရဲ့ ဒါရိုက်တာဖြစ်သူ ဆရာ Seing Hlaingက ဆိုပါတယ်။ ဒါအပြင် အရေးယူမှုအပိုင်းမှာလည်း အလွန်ကို အားနည်းနေသေးကို စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေကို အရေးနိုင်ခြင်းတော့ လုံးဝမရှိသေးဘူးလို့ ခုလိုပြောပါတယ်။ “ပြောရမယ်ဆိုရင်တော့ ဝမ်းနည်းဖို့ကောင်းတဲ့ အခြေအနေမှာဘဲ ရှိနေတယ်လို့ ပြောရမှာပေါ့။ ချိုးဖောက်တဲ့သူတွေ ကျူးလွန်တဲ့သူတွေကို သေသေချာချာ ထိထိရောက်ရောက် အရေးယူမှု ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။ ခံရတဲ့သူတွေအတွက် တရားမျှတမှုကို သေသေချာချာ မဖော်ဆောင်နိုင်သေးဘူးလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာကျွန်တော်တို့က ချိုးဖောက်မှုတွေကို တိုင်ကြားတယ် ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တယ် ချိုးဖောက်မှုတွေကို စီစစ်တယ်။ အဲလိုမျိုးတွေလောက်ဘဲထိဘဲ လုပ်နိုင်နေပြီးတော့ တရားမျှတမှု ဖော်ဆောင်တဲ့အပိုင်းမှာတော့ အခက်အခဲရှိနေတုန်းဘဲ”လို့ ဆိုပါတယ်။ ခုလို လူအခွင့်အရေးချိုးဖောက်သူတွေကို အရေးယူနိုင်ဖို့ ခက်ခဲရတဲ့ အကြောင်းရင်းတွေရဲ့ ရင်းမြစ်ကတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲကြောင့်  ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါအပြင် ညီမျှခြင်း မြန်မာ Equality Myanmar ရဲ့ ကောက်ယူရရှိထားတဲ့ ဒေတာတွေအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိချိန်ထိ မှတ်တမ်းရယူထားနိုင်တဲ့ လူအခွင့်အ‌ရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း၂သောင်းကျော်ရှိပြီး  လစဥ် အနည်းဆုံး ၁ရာကနေ ၂ရာကြားရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေ မှတ်တမ်းရယူနိုင်ထားတဲ့ အချက်အလက်တွေသာ ဖြစ်တဲ့အတွက် မြေပြင်မှာတော့ မှတ်တမ်းရယူထားနိုင်ခြင်းမရှိတဲ့ ချိုးဖောက်မှုတွေလည်း အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၅၆၅) ဦး ရှိခဲ့ပြီဖြစ်သည်။ အဲဒီသေဆုံးသူတွေထဲမှာ ကလေး ၉၈၀ဉီးနဲ့ အမျိုးသမီး ၁၉၅၂ဉီးထိ ပါဝင်တယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးဆိုတာဟာ လူတစ်ယောက်မွေးဖွားလာတာနဲ့ အတူပါလာတဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ သွားလာခွင့်နဲ့ ကျန်းမာရေး၊ ပညာရေး ရယူပိုင်ခွင့်ရယူ ပိုင်ဆိုင်ခွင့်တွေအပြင် လုံခြံစိတ်ချရတဲ့ နေရာတွေမှာ ရှင်သန်နေထိုင်ခွင့်တွေဟာ အခြေခံအခွင့်အရေးတွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် လူရယ်လို့ ဖြစ်လာလို့ရှိရင် လူ့အခွင့်အရေးတွေကို အားလုံးကို ရရှိနိုင်မှသာ လူ့ဂုဏ်သိက္ခာနဲ့အလူ ကောင်းမွန်စွာ နေထိုင်သွားနိုင်မှာ ဖြစ်တဲ့အတွက် လူ့ဂုဏ်သိက္ခာအရေးကြီးသလောက် လူ့အခွင့်အရေးဟာလည်း အရေးကြီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ By…

    Read More »
  • Jan- 2025 -
    21 January
    သတင်း

    စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးမှုဖြစ်စဥ်တွေဟာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် မတရား သတ်ဖြတ်တာ၊ မြေမြုပ်မိုင်း၊…

    Read More »
  • Jun- 2020 -
    27 June
    သတင်းနမ္မတီးမြို့တွင် စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေသည့် ကဆုန်စစ်ရှောင်များ

    တပ်မတော်ကကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို စုံစမ်းမည့်အဖွဲ့ ဖွဲ့စည်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများတောင်းဆို

    တပ်မတော်က ကျူးလွန်သည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုနိုင်ရန်နှင့် စုံစမ်းစစ်ဆေးနိုင်ရေး လွတ်လပ်သောအဖွဲ့ဖွဲ့စည်းပေးရန် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများက ဇွန် ၂၆ ရက်နေ့ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာ ဖြင့်တောင်းဆိုလိုက်သည်။ တိုင်းရင်းသားဒေသများ၌ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများကို အဆုံးသတ်နိုင်ရန် ရည်ရွယ်ပြီး သမ္မတ ဦးဝင်းမြင့်ထံ…

    Read More »
Back to top button