ဟုမ္မလင်း
-
Jan- 2025 -9 Januaryသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ
ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာ နဲ့ ပါဟုတ်ကြီး ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းနေချိန် စစ်ကောင်စီတပ်ဘက်က…
Read More » -
Dec- 2024 -10 Decemberသတင်း
ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့လမ်းပိုင်းတွေကို SNA နဲ့စစ်ကောင်စီတပ်ကပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်း အရေးပါတဲ့လမ်းပိုင်းတွေကို SNAတပ်နဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားတယ်လို့သိရပါတယ်။ ပိတ်ထားတဲ့ လမ်းပိုင်းတွေဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်း၊ ကုန်းကြောင်း ကားလမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ထားသလို ဟုမ္မလင်း–နောင်ပိုအောင်–နန့်တောလမ်းကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ဘက်ကပိတ်ထားတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ် မုံရာ–ဟုမ္မလင်း ရေကြောင်းလမ်းအထွက်ပဲရတော့တယ်ရှင့်။ မုံရွာဘက်ကနေဟုမ္မလင်းကိုတက်လာလို့မရတော့ ဒီကနေမုံရွာဘက်ကိုအထွက်ပဲရတယ်။ ဒါတောင်အလွတ်ပဲဘာမှပါလို့မရဘူး ဒီမှာပိတ်မိသွားတဲ့ယာဥ်တွေကိုထွက်ခိုင်းတာ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းကိုတော့ နိုဝင်ဘာလ ၁၀ ရက်ကျော်ကတည်းက ပိတ်ထားတာဖြစ်ပြီး မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကိုတော့ နိုဝင်ဘာလ ၂၆ရက်နေ့ လောက်ကပိတ်လိုက်တာလို့သိရပါတယ်။ လက်ရှိ ဟုမ္မလင်းမြို့နယ်ထဲက ရေကြောင်း၊ ကုန်းကြောင်းအဝင်လမ်းတွေပိတ်ထားတာကြောင့် ကုန်စည်နဲ့ခရီးသွားလာရေးအတွက် လေကြောင်းတစ်ခုတည်းကိုပဲ အားထားနေရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ “ကုန်ပစ္စည်းတွေတော့မပြတ်ပါဘူး လေကြောင်းနဲ့ဝင်တယ် စျေးကြီးတာလေးတစ်ခုပါ့ ခါတိုင်း တစ်ထောင်လောက်ပေးဝယ်ရတဲ့ဟာက အခု ၁၅၀၀ ၊၂၀၀၀ တော့ပေးရတယ် ခရီးသွားမယ်ဆိုလည်း ဆယ်ငါးရက်တစ်လလောက်ကတော့ကြိုစောင့်ရတယ်။ လေကြောင်းတစ်ခုထဲဆိုတော့”လို့ သူကပြောပါတယ်။ ဟုမ္မမြို့အဝင်လမ်းပိုင်းတွေကိုစစ်ကောင်စီဘက်ကပိတ်ထားသလို ဟုမ္မလင်းမြို့အထွက်လမ်းပိုင်းဖြစ်တဲ့ ဟုမ္မလင်း–နန့်တော–နောင်ပိုအောင်လမ်းကိုလည်း SNA ဘက်ကစစ်ရေးအကြောင်းပြပြီးပိတ်ထားတယ်လို့ သိရပါတယ်။ “နောင်ပိုအောင် နန်တောလမ်းက SNA တွေက နောင်ပိုင်အောက်တံတကနေပိတ်ထားတာဟုတ်တယ် သူတို့ပေးထွက်ခိုင်းချင်တဲ့အခါမှပေးထွက်ခိုင်းတယ် လူလည်းမလာခိုင်ဘူးကုန်လည်းမဝင်ခိုင်စဘူးအဲ့ကြောင့်ဒုက္ခတွေရောက်နေကြတာဒီဘက်မှာကရွာထဲလူတောင်မရှိတော့ဘူးအခုက”လို့ နောက်ထပ်နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နောင်ပိုအောင်–နန်တော–ဟုမ္မလင်းလမ်းပိုင်းကိုတော့ နောင်ပိုအောင်ကျေးရွာအနီးက SNA တပ်တွေထိုင်တဲ့ကျေးရွာသိမ်းတိုက်ပွဲတွေဆက်တိုက်ဖြစ်လာနေတာကြောင့် နိုဝင်ဘာလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားလိုက်တာလို့သိရပါတယ်။ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေဟာ နောင်ပိုအောင်ကျေးရွာအနီးက SNA တွေထိုင်ထားနဲ့ မှန်ဟုန်ရွာ၊ နောင်ကောင်ကောင်းရွာ၊ခုံတမ်းရွာအပါကျေးရွာပေါင်းငါးရွာကို နိုဝင်ဘာလ ၂၀ ကျော်မှာသိမ်းပိုက်ထားပြီး ဆပ်ကယားကျေးရွာကိုတော့ ဒီဇင်လဘာလဆန်းပိုင်းမှာထပ်မံသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့ ကုန်းကြောင်း၊ရေကြောင်းလမ်းတွေကိုအခုလိုပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေပိတ်မိနေတာ၊ တိုက်ပွဲကြောင့်တိမ်းရှောင်လိုတဲ့စစ်ဘေးရှောင်တွေဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ခက်ခဲနေတဲ့အပြင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနဲ့နယ်စပ်မှာရှိတာဖြစ်ပြီး မကြာခနဆိုသလို KIA ပူးပေါင်းတပ်နဲ့ SNA ပူးပေါင်တပ်အကြား တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလကုန်းပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဟုမ္မလင်းမြို့နယ်ထဲက SNA တပ်စခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw
Read More » -
2 Decemberသတင်း
ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေး NLD ပါတီဝင်င်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ် အင်အားအများအပြားနဲ့တပ်ထိုင်ထားတဲ့ ဟုမ္မလင်းမြို့ပေါ် နောင်ပိုအောင်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၀ရက်နေ့စပြီး NLD ပါတီဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်မိသားစုတွေကို လိုက်လံဖမ်းဆီးပြီး ရိုက်နက်တာတွေရှိနေတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဒီမှာတော့အရမ်းဖမ်းနေတယ် မိသားစုထဲက PDF ထဲမှာဝင်ထားတဲ့သူတွေရှိတဲ့အိမ်ဆိုရင် မိသားစုလိုက် လိုက်ဖမ်းတယ်။ အရင်က NLD မှာမဲစာရင်းလိုက်ကောက်တဲ့ အိမ်တွေလည်းလိုက်ဆွဲတယ် အခုထိမလွတ်သေးဘူး မိသာစုလိုက်အကုန်ဖမ်းတာ”လို့သူကပြောပါတယ်။ အခုလိုဖမ်းဆီးရာမှာတော့ ကလေးလူကြီး၊သက်ကြီးရွယ်အို မရွေးဖမ်းဆီးနေတာဖြစ်ပြီး ပြန်လွတ်ပေးတာရှိသလို ရက်ရှည်ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတယ်လို့ သိရပါတယ်။ “မိသားစုတစ်စုဆိုရင် နေမကောင်းဖြစ်နေတဲ့မိန်းမကြီးတစ်ယောက်ပဲကျန်ထားတယ် ကျန်တဲ့ သားနှစ်ယောက်ရယ်သမီးနှစ်ယောက်ရယ်ဖမ်းသွားတယ် သူ့ယောကျ်ားရယ် အဲ့နေမကောင်းလို့ကျန်ခဲ့တဲ့မိန်းမက နောက်နေ့ဆုံးသွားတာ။ သဂြိုလ်တဲ့ချိန်တောင် သူ့ယောက်ကျားနဲ့ကလေးတွေအကုန်မလွတ်ပေးဘူး သမီးနှစ်ယောက်ထဲကိုပဲလွတ်ပေးတယ်”လို့ နောက်ထပ် ဟုမ္မလင်းမြို့ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး နောင်ပိုကျေးရွာမှာစတင်ဖမ်းဆီးလာရာကနေ နိုဝင်ဘာလ ၂၇ ရက်နေ့စ ဟုမ္မလင်းမြို့ပေါ် ဖမ်းဆီးမှူတွေ စတင်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုကျေးရွာထဲမှာရှိတဲ့ ဒေသခံပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “နောင်ပိုအောက်ဘက်စစဖမ်းတာအခုဒီဘက်ကိုလည်းဖမ်းနေပြီကြားတော့ တချို့ကိုယ့်ကိုကိုယ်စိုးရိမ်တဲ့သူကတိမ်းရှောင်နေကြပြီနဂိုကတည်းက စစ်ဘေးကြောက်လို့ပြေးရတာအခုဖမ်းလို့ဆိုပြီးထပ်ပြေးနေရပြီ”လို့ ဟုမ္မလင်း မြို့အမှတ် ၂ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဟုမ္မလင်းမြို့ပေါ်မှာ LND မိသားစုဝင် ၅ ဦးထက်မနက်ဖမ်းဆီးခံထားရပြီး နောင်ပိုအောင်ကျေးရွာထဲမှာတော့ လင်းသုခရွှေဆိုင်ပိုင်ရှင် မိသားစုဝင်သုံးဦး၊ ရွှေစံအိမ် ကလေးအရုပ်အရောင်းဆိုင်ကနေ မောင်နှမနှစ်ဦး၊ ဒေါ်သန်းဝေ အသက် ၅၀ ဝန်းကျင်တစ်ဦးနဲ့ NLD ပါတီဝင်မိသားစုဝင် ၅ ဦး စုစုပေါင်း ၁၁ ဦးအထိဖမ်းဆီးထားပြီး ရိုက်နက်တာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အနောက်ခြမ်း နောင်ပိုအောင်တကြောက SNA စစ်သားတွေတပ်ထိုင်ထားတဲ့ ပန်ချယ်၊ ဆိုင်းပန်ကုန်း၊ ပါဟုတ်ကြီးကျေးရွာတွေ KIA ပူးပေါင်းတပ်က နိုဝင်ဘာလအတွင်း သိမ်းပိုက်လိုက်တဲ့နောက် SNA တပ်က အခုလိုအရပ်သားတွေကို မတရားဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာနယ်စပ်မှာရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလစ KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေသလို ဒီနေ့ထိ စစ်ရေးတင်းမားနေတာလည်း ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2024 -28 Novemberသတင်း
ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်
ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချထားတဲ့ ရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၄ ရက်အတွင်း သိမ်းပိုက်လိုက်နိုင်တယ်လို့ ဟုမ္မလင်း PDF တပ်ရင်း (၁) နဲ့နီးစပ်တဲ့ အမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။ “၂၁ ရက်နေ့က စတိုက်တာ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်တယ် ၄ ရက်အတွင်းမှာ ဟိုဘက်ကနားမော်အထိရထားတယ် နားမော်ကနေ မှန်ဟုန်အထိကို PDF တွေသိမ်းထားတယ် အခု ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ တိုက်ပွဲခနပြန်ငြိမ်နေတယ်ရထားတဲ့နေရာတွေကိုရှင်းနေတုန်း”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိ PDF တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေဟာ နားမော်၊မှန်ဟုန် ၊ နောင်ကောင်ကောင်း၊ ပါဟုတ် ၊ ငွန်စီရွာ စတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ SNA တွေ စစ်အာဏာသိမ်းနောက်ပိုင်း ဂိတ်ထိုင်ကာ အခွန်ကောက်နေတဲ့ ရွာတွေဖြစ်တယ်လို့ နောက်ထပ် ပါဟုတ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ပထမနေ့ကတော့ နားမော်ဂိတ်ကိုစတိုက်တာပဲ ရွှေတူးသွားတဲ့လမ်းမှာသူတို့ကဂိတ်ထိုင်တာအဲ့ဂိတ်ကို စသိမ်းတာ SNA တွေကတချို့လက်နက်ချအလင်းဝင်တဲ့လူဝင် တချို့ပြေးတဲ့လူပြေးပါ့ အသေအပျောက်လည်းမနည်းဘူး”လို့ ပြောပါတယ်။ ဟုမ္မလင်း PDF တပ်ပေါင်းစုတွေသိမ်းပိုက်ထားတဲ့ နားမော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကျန်တဲ့ကျေးရွာတွေက အိမ်ခြေ ၈၀ ကနေ ၁၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကျေးရွာတွေဟာ SNA တပ်သားအင်အား ရာနဲ့ချီတပ်ချထားတဲ့ နောင်ပိုအောင်ကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး လတ်တလောမှာတော့ နောင်ပိုအောင်ကျေးရွာအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေနဲ့စုစုပေါင်းကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေ တောတောင်ထဲ စစ်ရှောင်းနေရတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “နောင်ပိုအောင်ရွာထဲမှာလည်း သုံးပုံတစ်ပုံပဲကျန်တယ်အကုန်ပြေးနေကြပြီ နောင်ပိုအောင်၊နားမော်၊ခုန်ခမ်းတလျှောက်ကရွာတွေအကုန်ပဲ ဟုမ္မလင်းဘက်ကလမ်းပိတ်ထားလို့ပြေးမရဘူးရွှေမော်တွေဘက်ပြေးနေရတယ်”လို့ သူကပြောပါတယ်။ အခုလိုစစ်ရေးတင်းမာနေတာကြောင့် နောင်ပိုအောင်၊ဟုမ္မလင်းကားလမ်းပိုင်းကိုလည်း SNA တပ်က နောင်ပိုအောင်တံတားကနေပိတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက SNA တွေတပ်ထိုင်နေတဲ့ကျေးရွာအချို့ကို ဟုမ္မလင်းPDF နဲ့ KIAပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဟုမ္မလင်းPDFတပ်ပေါင်းစုတွေဟာ ဒီနှစ်ထဲမှာ ဖားကန့်မြို့နယ်နဲ့နီးတဲ့ဟုမ္မလင်းနယ်ထဲကကျေးရွာအများအပြားကိုသိမ်းပိုက်ထားပြီဖြစ်သလို ဟုမ္မလင်း အနောက်ခြမ်းရှိ ဖောင်းပြင်နယ်တကြော ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
19 Novemberသတင်း
စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း
စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami
Read More » -
11 Novemberသတင်း
SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့ နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
1 Novemberသတင်း
ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -18 Octoberသတင်း
ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး…
Read More » -
16 Octoberသတင်း
ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံး–လေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်”လို့ အသက် ၅၀…
Read More » -
Aug- 2024 -26 Augustသတင်း
ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တစ်ချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ရက်စွဲနဲ့…
Read More »