ရွေးကောက်ပွဲဆိုင်ရာ

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန့်ကျင်သောဆန္ဒပြပွဲ မြစ်ကြီးနားတွင် ပြုလုပ်

စစ်တပ်ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သော လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ ၎င်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီးသည့် ပုဒ်မများ မပြင်ဆင်ရေး လူထု ဆန္ဒဖော်ထုတ်ပွဲကို သြဂုတ်လ (၁၆)ရက်နေ့ ပြုလုပ်ခြင်းဖြစ်သည်။ ယခု ဆန္ဒပြပွဲကို စစ်တပ်နှင့်ဆက်နွယ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ စီစဉ်ပြုခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ စောင့်ကြည့်သူများ ဆိုပါသည်။

ဆန္ဒပြသူများကကျနော်တို့ ဒီကနေ့ ပြင်ဆင်ရန်နဲ့ မပြင်ရန် အဓိက() ချက်တောင်းဆိုတယ်။ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် ပုဒ်မ ၅၉()က လုံးဝ ပြင်လို့ မရဘူး။ အဲ့တာကို ပြင်လိုက်မယ်ဆိုရင် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် မပြင်ဆင်ချင်ဘူး။ နောက် ပုဒ်မ ၂၆၁ က ပြင်ရမယ့် အချက်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်ဖြစ်ခွင့်ကို သမ္မတက ခန့်အပ်တာ မဟုတ်ဘဲ ဘယ်လူမျိုးမဆို တိုင်းဒေသမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကနေ ရွေးချယ်ပေးတာကို လိုအပ်တယ်ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေး တာဝန်ခံ Ngwa Thar (ဦးငွါးသား) ဆိုသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ပုဒ်မ ၅၉()တွင်နိုင်ငံတော် သမ္မတ ဖြစ်ရန်အတွက် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ တရားဝင် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း တိုင်းတပါး၏ နိုင်ငံသားမဖြစ်စေရဟု ပြဌါန်းထားပြီး၊ ပုဒ်မ ၂၆၁ တွင်နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန်လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာက အချိန်တစ်ခုယူပြီး လုပ်ဆောင်ထားတဲ့အရာဖြစ်တယ်။ ဒါကို အလောတကြီး အားလုံးပြင်ဆင်ဖို့က မဖြစ်နိုင်ဘူးလေ။ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ဦးစားပေးပြီး ဥပဒေနဲ့အညီ လုပ်ဆောင်စေချင်တယ်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ နောက်တစ်ဦး Brang Shawng (ဦးဘရန်ရှောင်)က ပြောဆိုသည်။

ဆန္ဒပြထုတ်ဖော်ပြည်သူများက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးကြီး ပုဒ်မများ မပြင်ဆင်ရေးဒို့အရေး….ဒို့အရေးပြည်ပ ပထွေးမျှော် အဖေတော်ချင်သူများအားချေမှုန်းကြ…..ချေမှုန်းကြနိုင်ငံသားမဟုတ်သူများ လွှမ်းမိုးမည့်အကြံ….ဒို့လက်မခံ…. ဒို့လက်မခံစသော စကားလုံးများကို ဗီနိုင်းဖြင့် ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဆန့်ကျင်တဲ့ မြစ်ကြီးနားမြို့ဆန္ဒပြပွဲ၊ သြဂုတ်လ ၁၆၊ ၂၀၁၉

ကချင်ပြည်နယ်တွင်လည်း ကချင်တိုင်းရင်းသားပေါင်းစည်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဝန်ကြီးချုပ်ဖြစ်ရန် ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ ကို မဖြစ်မနေ ပြင်ရမှာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ Daw Doi Bu (ဒေါ်ဒွဲဘူ)မှ ကချင်သတင်းဌာန KNG ကို ယခုလို ရှင်းပြသည်။

ပြောရမယ်ဆိုရင် ဒီအချက်()ချက်ထဲမှ ပုဒ်မ ၂၆၁ က မဖြစ်မနေ ပြင်ဆင်ရမယ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီပုဒ်မ ကြောင့် ပြည်နယ်ကနေ ပါတီတစ်ခုခုက အနိုင်ရခဲ့သော်ညားလည်း အစိုးရဖွဲ့ခွင့် မရှိဘူး။ ဗဟိုမှာ အနိုင်ရပါတီရဲ့ အာဘော်ဖြစ်သွားတယ်။ နောက် ကျမတို့ ကချင်ပြည်နယ်မှာလည်း ကချင်ပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကျရင် ပုဒ်မ ၂၆၁ကို မပြင်ဆင်ခဲ့ရင် နိုင်ဖို့သိပ် မသေချာဘူး။ ဒါကြောင့်ပြင်ကို ပြင်ရမယ့် ပုဒ်မဖြစ်တယ်ဟု ဆိုပါသည်။

သောကြာနေ့ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အရေးကြီးပုဒ်မများ မပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲ တွင် လူထု ၅၀၀ ခန့်သာ ပါဝင်ခဲ့ပြီး ဖွဲ့စည်းပုံ အစမှအဆုံး ပြင်ဆင်ရေး ဆန္ဒပြပွဲတွင်မူ လူထု ၆၀၀၀ ကျော် ပါဝင်ခဲ့ကြသည်ကို တွေ့ရပါသည်။

အဆိုပါ စစ်တပ်ရေးဆွဲသော ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်မပြင်ဆင်ရေးမြစ်ကြီးနား ဆန္ဒပြပွဲ ၂ခုလုံးတွင် ကချင်ပြည်နယ်တွင် အဓိက အတိုက်အခံ ပါတီဖြစ်လာသော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ပူးပေါင်းပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။

 

Show More

Related Articles

Back to top button