သတင်း

ကချင်စစ်ရှောင်ဘ၀ ဦးဆောင်လှုပ်ရှားသော လူငယ် ၂ဦး ပြစ်ဒဏ် ချ ခံရ

ကချင်စစ်ဘေး ()နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော် လှုပ်ရှားမှု ဦးဆောင်ခဲ့သော ကချင်လူငယ် ()ဦးကို စက်တင်ဘာလ ()ရက်၊ ယနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁၅)ရက် စီရင်ချက် ချလိုက်သည်။

ကို Paw Lu နှင့် မ Seng Nu Pan တို့အား အပြစ်ရှိကြောင်းဝန်ခံလျှင် ငွေဒဏ် ၃ သောင်း၊ အပြစ်မရှိကြောင်းငြင်းဆိုလျှင် ထောင်ဒဏ် (၁၅)ရက် ရွေးချယ်ရန် တရားရုံးမှစီရင်လိုက်ခြင်း အပေါ် လူငယ်ခေါင်းဆောင် ()ဦးက အပြစ်မရှိကြောင်း ငြင်းဆိုလိုက်သည်။

ကျနော်တို့ကို အမိန့်ချခဲ့တာက ထောင်ဒဏ် (၁၅)ရက်နဲ့ ငွေဒဏ် ()သောင်းဒီ ၂ခု မှ တစ်ခုကိုရွေးချယ်ခိုင်းတယ်။ အဲ့တော့ ငွေဒဏ်ပေးလိုက်မယ်ဆိုရင် အမှု စ စွဲကတည်းက ပေးလိုက်ရင်ပြီးပြီ။ အခုက လုံးဝ အပြစ်မရှိဘူးဖြစ်တဲ့အတွက် ()လကျော် ၂လကျော် အချိန်ယူပြီး ထုချေခဲ့တာဖြစ်တယ်။ လမ်းဘေးတေးသရုပ်ဖော်ပြမှုက တကယ်ဘဲ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်တဲ့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်ဟု ထောင်ဒဏ်ချမှတ်ခံရသော ကချင်လူငယ် ကို Paw Lu ပြောပါသည်။

၎င်းတို့ ()ဦးသည် အပြစ်မရှိ ဟုဆိုကာ ယနေ့အပါအဝင် ရုံးချိန်း စုစုပေါင်း (၁၂)ကြိမ်ဖြင့် သက်သေများနှင့်တကွ ထုချေခဲ့ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံကိုသွားနေသည့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရန်လိုအပ်သောကြောင့် လူငယ် ၂ ဦးကို ပြစ်ဒဏ်မှ လွှတ်ပေးသင့်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ယာယီဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ Manam Tu Ja ပြောပါသည်။

ကျနော့်အမြင်ပြောရမယ်ဆိုရင် ငွေဒဏ်လည်းချစရာ မလိုဘူး။ ထောင်ဒဏ်လည်း ချစရာမလိုဘူး။ ဒါက ကြီးကြီးမားမား အမှုလည်း မဟုတ်ဘူး။ အခုဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာဖြစ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို ထုတ်ဖော်ခွင့်ရှိတယ်ဟု သူက ဝေဖန်ပါသည်။

တနင်္လာနေ့ လူငယ်ခေါင်းဆောင် ()ဦးပေါ် ပြစ်ဒဏ်ချစဉ် တရားရုံးသို့ စစ်ရှောင် လူကြီး၊ လူငယ် စုစုပေါင်း (၂၀၀)ကျော်ခန့်လာရောက်ဝန်းရံခဲ့ကြသည်။ထို့နောက်၎င်းတို့နှစ်ဦးအားတရားရုံးမှအကျဉ်းထောင်သို့ခေါ်ဆောင်သွားစဉ်စစ်ရှောင်များအတူလိုက်လာပြီးအပြစ်မဲ့လူငယ်ခေါင်းဆောင်နှစ်ဦးကိုလွှတ်ပေးရန်လမ်းတလျှောက်အော်ဟစ်ကြွေးကြော်ကာတောင်းဆိုခဲ့ကြသည်။

ဇွန်လ ()ရက်နေ့ မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံ နှင့် ပြည်သူ့ရင်ပြင် အားကစားကွင်း နှစ်နေရာတွင် ပြုလုပ်ခဲ့သော လမ်းဘေး တေးသရုပ်ဖော်တင်ဆက်မှုသည် ဆန္ဒထုတ်ဖော်ခဲ့ခြင်း မဟုတ်ဘဲ ကချင်စစ်ပြေးဒုက္ခသည်များ ()နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အခက်ခဲများကိုသာ ပြသခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်များ ဆိုပါသည်။

အဆိုပါအစီစဉ်အတွက် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များကို ခွင့်ပြုချက် မတောင်းခံဘဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြစ်ကြီးနားမြို့နယ် ယာယီ ဒုရဲမှူး ဦးမင်းသန့်ဇော်က တရားလိုပြုကာ ငြိမ်းစုစည်း ပုဒ်မ (၁၉)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။

 

 

Show More

Related Articles

Back to top button