ရွေးကောက်ပွဲဆိုင်ရာ

နောက်ထပ် (၁)ပါတီ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPနှင့် ပေါင်းစည်း

Unicode

လာမည့်နှစ် ၂၀၂၀ ရွေးကောက်ပွဲအတွက် အရေးပါသော ပြင်ဆင်မှုတစ်ခုအားဖြင့် ကချင်ပေါင်းစည်းပါတီ KSPP သို့ နောက်ထပ် (၁) ပါတီ ပေါင်းစည်းလာခြင်း နှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခြင်း ကို ဒီဇင်ဘာလ (၂၀)ရက်နေ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။

ဒေါ်ဘောက်ဂျာ (Labyawng Bawk Ja) ဦးဆောင်သော ပြည်ထောင်စုတိုင်းရင်းသားများဖယ်ဒရယ်ဒီမိုကရေစီပါတီ (UNFDP)မှ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့်ပေါင်းစည်းလိုက်ခြင်း အစီစဉ်ကို WMR ခေါ် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မပေါင်းစည်းဘဲ ဒီလိုမျိုးကွဲနေရင်တော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပါတီတစ်ခုကို ဖျက်သိမ်းပြီးတော့ ဒီလိုမျိုး ပူးပေါင်းစည်းလိုက်တယ်ဆိုတာ ကျမတို့ အရမ်းတော့ ခံစားရပါတယ်။ ဒါပေမယ့်လဲ အရေးကြီးဆုံးတော့ ပြည်သူတွေရဲ့မျက်နှာကိုထောက်ပြီး ဒီလိုမျိုး ပေါင်းစည်းလိုက်ရတာပါ” ဟု Union Nationalities Federal Democracy Party ခေါင်းဆောင် ဒေါ် Bawk Ja ဆိုပါသည်။

မိမိတို့ ကချင်ပြည်နယ်တွင် ကချင်ပါတီများ ရွေးကောက်ပွဲ မဲ အနိုင်ရရှိရေးအတွက် ပါတီများ ပေါင်းစည်းရန်လိုအပ်ကြောင်းကို ကချင်ပြည်သူများ အလေးအနက်ထား တောင်းဆိုလာခြင်းကြောင့် ပြည်သူများကိုယ်စား ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (Kachin Nationals Consultative Assembly) ၏ ကချင်ပါတီများ အားလုံးပေါင်းစည်းရေး ဦးဆောင်မှုအောက်တွင် ယခုလို UNFDP က ကချင်ပြည်သူ့ပါတီနှင့်ပေါင်းစည်းလာခြင်းလည်း ဖြစ်သည်။

“ကျောက်တိုင်ပါတီ ခေါ် UNFDP ကို ဦးဆောင်တူတွေဟာ ကျနော်တို့ အမျိုးချင်းတွေပါ။ ဒါကြောင့်မို့လို့ သူတို့ကို ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ အရင်ဦးဆုံး တွေ့ဆုံပြီး ပါတီပေါင်းစည်းရေးအတွက် အကြံပြုတင်ပြထားခြင်းပေါ် လက်ခံလာတယ်။ အဲဒီ့နောက် ကျနော်တို့ ပါတီနဲ့ အဆင့်ဆင့် ဆွေးနွေးပြီးတော့ အခု ပါတီပေါင်းစည်းလာခြင်း ဖြစ်ပါတယ်” ဟု KSPP ဒုတိယ ဥက္ကဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင်အောင်ခမ်း) ပြောပါသည်။

လွန်ခဲ့သည့် ဧပြီလအတွင်း ကချင်ပါတီများ ပေါင်းစည်းရေးအတွက် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ခေါင်းဆောင်များ မိမိတို့ UNFDP ပါတီကို လာရောက်တွေ့ဆုံခဲ့ကြောင်း ဒေါ် Bawk Ja အတည်ပြုပါသည်။

ကချင်ပြည်နယ်ဒီမိုကရေးစီပါတီ (Kachin State Democracy Party)၊ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) နှင့် ကချင်ပြည်နယ် စည်းလုံးညီညွှတ်ရေးနှင့်ဒီမိုကရေစီပါတီ (Unity and Democracy Party of Kachin State) စသည့် ပါတီ (၃)ခုက ၎င်းတို့ပါတီကို ဖျက်သိမ်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကို ၂၀၁၈၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇွန်လတွင် KSPP ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးအချိန်ထိ ကျန် ကချင်ပါတီများလည်း ပေါင်းစည်းလာမည်ကို စောင့်ဆိုင်းနေခြင်းကြောင့် KSPP ပါတီပေါ်လစီကို တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း ပါတီခေါင်းဆောင်များ ဆိုပါသည်။

ယခုချိန်ထိ မပေါင်းစည်းရသေးသော ကချင်ပါတီ (၄)ပါတီရှိနေပြီး ၎င်းတို့ ပေါင်းစည်းလာရန် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ဆက်လက် ကြိုးပမ်းသွားရန်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မြို့နယ် စုစုပေါင်း(၁၈)မြို့နယ်ရှိရာ မြို့နယ် (၁၇)မြို့နယ်တွင် KSPP ၏ ပါတီ ဆိုင်းဘုတ်များ စိုက်ထူထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခု ကချင်နိုင်ငံရေးပါတီ (၄)ပါတီ ပေါင်းစည်းလာသော ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ နှင့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကိုကချင်ပြည်နယ်တွင်အဓိကစိန်ခေါ်မည့်အတိုက်အခံပါတီကြီးတစ်ခုဖြစ်လာသည်။

Zawgyi

ေနာက္ထပ္ (၁)ပါတီ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPPႏွင့္ ေပါင္းစည္းလာမည့္ႏွစ္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ အေရးပါေသာ ျပင္ဆင္မႈတစ္ခုအားျဖင့္ ကခ်င္ေပါင္းစည္းပါတီ KSPP သို႔ ေနာက္ထပ္ (၁) ပါတီ ေပါင္းစည္းလာျခင္း ႏွစ္ဖက္ သေဘာတူလက္မွတ္ေရးထိုးျခင္း ကို ဒီဇင္ဘာလ (၂၀)ရက္ေန႔ ကခ်င္ျပည္နယ္ၿမိဳ႕ေတာ္ ျမစ္ႀကီးနားတြင္ ျပဳလုပ္ခဲ့သည္။

ေဒၚေဘာက္ဂ်ာ (Labyawng Bawk Ja) ဦးေဆာင္ေသာ ျပည္ေထာင္စုတိုင္းရင္းသားမ်ားဖယ္ဒရယ္ဒီမိုကေရစီပါတီ (UNFDP)မွ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) ႏွင့္ေပါင္းစည္းလိုက္ျခင္း အစီစဥ္ကို WMR ေခၚ ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕ ႐ုံးတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“မေပါင္းစည္းဘဲ ဒီလိုမ်ိဳးကြဲေနရင္ေတာ့ ဘယ္ေတာ့မွ ေအာင္ျမင္မွာ မဟုတ္ဘူး။ ျပည္ေထာင္စုအဆင့္ျဖစ္တဲ့ ပါတီတစ္ခုကို ဖ်က္သိမ္းၿပီးေတာ့ ဒီလိုမ်ိဳး ပူးေပါင္းစည္းလိုက္တယ္ဆိုတာ က်မတို႔ အရမ္းေတာ့ ခံစားရပါတယ္။ ဒါေပမယ့္လဲ အေရးႀကီးဆုံးေတာ့ ျပည္သူေတြရဲ႕မ်က္ႏွာကိုေထာက္ၿပီး ဒီလိုမ်ိဳး ေပါင္းစည္းလိုက္ရတာပါ” ဟု Union Nationalities Federal Democracy Party ေခါင္းေဆာင္ ေဒၚ Bawk Ja ဆိုပါသည္။

မိမိတို႔ ကခ်င္ျပည္နယ္တြင္ ကခ်င္ပါတီမ်ား ေ႐ြးေကာက္ပြဲ မဲ အႏိုင္ရရွိေရးအတြက္ ပါတီမ်ား ေပါင္းစည္းရန္လိုအပ္ေၾကာင္းကို ကခ်င္ျပည္သူမ်ား အေလးအနက္ထား ေတာင္းဆိုလာျခင္းေၾကာင့္ ျပည္သူမ်ားကိုယ္စား ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕ (Kachin Nationals Consultative Assembly) ၏ ကခ်င္ပါတီမ်ား အားလုံးေပါင္းစည္းေရး ဦးေဆာင္မႈေအာက္တြင္ ယခုလို UNFDP က ကခ်င္ျပည္သူ႔ပါတီႏွင့္ေပါင္းစည္းလာျခင္းလည္း ျဖစ္သည္။

“ေက်ာက္တိုင္ပါတီ ေခၚ UNFDP ကို ဦးေဆာင္တူေတြဟာ က်ေနာ္တို႔ အမ်ိဳးခ်င္းေတြပါ။ ဒါေၾကာင့္မို႔လို႔ သူတို႔ကို ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕မွ အရင္ဦးဆုံး ေတြ႕ဆုံၿပီး ပါတီေပါင္းစည္းေရးအတြက္ အႀကံျပဳတင္ျပထားျခင္းေပၚ လက္ခံလာတယ္။ အဲဒီ့ေနာက္ က်ေနာ္တို႔ ပါတီနဲ႔ အဆင့္ဆင့္ ေဆြးေႏြးၿပီးေတာ့ အခု ပါတီေပါင္းစည္းလာျခင္း ျဖစ္ပါတယ္” ဟု KSPP ဒုတိယ ဥကၠဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကြမ္ေဂါင္ေအာင္ခမ္း) ေျပာပါသည္။

လြန္ခဲ့သည့္ ဧၿပီလအတြင္း ကခ်င္ပါတီမ်ား ေပါင္းစည္းေရးအတြက္ ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕ ေခါင္းေဆာင္မ်ား မိမိတို႔ UNFDP ပါတီကို လာေရာက္ေတြ႕ဆုံခဲ့ေၾကာင္း ေဒၚ Bawk Ja အတည္ျပဳပါသည္။

ကခ်င္ျပည္နယ္ဒီမိုကေရးစီပါတီ (Kachin State Democracy Party)၊ ကခ်င္ဒီမိုကရက္တစ္ပါတီ (Kachin Democratic Party) ႏွင့္ ကခ်င္ျပည္နယ္ စည္းလုံးညီၫႊတ္ေရးႏွင့္ဒီမိုကေရစီပါတီ (Unity and Democracy Party of Kachin State) စသည့္ ပါတီ (၃)ခုက ၎တို႔ပါတီကို ဖ်က္သိမ္းၿပီး ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) ကို ၂၀၁၈၊ ႏွစ္ကုန္ပိုင္းတြင္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္ ဇြန္လတြင္ KSPP ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ တရားဝင္ ႏိုင္ငံေရးပါတီအျဖစ္ အသိအမွတ္ျပဳေပးခဲ့သည္။ သို႔ေသာ္လည္း ေ႐ြးေကာက္ပြဲမတိုင္မီ ေနာက္ဆုံးအခ်ိန္ထိ က်န္ ကခ်င္ပါတီမ်ားလည္း ေပါင္းစည္းလာမည္ကို ေစာင့္ဆိုင္းေနျခင္းေၾကာင့္ KSPP ပါတီေပၚလစီကို တရားဝင္ လူသိရွင္ၾကား ထုတ္ျပန္ေၾကညာျခင္း မရွိေသးေၾကာင္း ပါတီေခါင္းေဆာင္မ်ား ဆိုပါသည္။

ယခုခ်ိန္ထိ မေပါင္းစည္းရေသးေသာ ကခ်င္ပါတီ (၄)ပါတီရွိေနၿပီး ၎တို႔ ေပါင္းစည္းလာရန္ ကခ်င္အမ်ိဳးသားမ်ားအတိုင္ပင္ခံအဖြဲ႕မွ ဆက္လက္ ႀကိဳးပမ္းသြားရန္ရွိေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္တြင္ ၿမိဳ႕နယ္ စုစုေပါင္း(၁၈)ၿမိဳ႕နယ္ရွိရာ ၿမိဳ႕နယ္ (၁၇)ၿမိဳ႕နယ္တြင္ KSPP ၏ ပါတီ ဆိုင္းဘုတ္မ်ား စိုက္ထူထားႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ယခု ကခ်င္ႏိုင္ငံေရးပါတီ (၄)ပါတီ ေပါင္းစည္းလာေသာ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP သည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ပါတီ ႏွင့္ စစ္တပ္ေက်ာေထာက္ေနာက္ခံ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) တို႔ကိုကခ်င္ျပည္နယ္တြင္အဓိကစိန္ေခၚမည့္အတိုက္အခံပါတီႀကီးတစ္ခုျဖစ္လာသည္။

Show More

Related Articles

Back to top button