Month: March 2020
-
Covid-19 Reporting
မြစ်ကြီးနား တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲကို ရက်အကန့်သတ်မရှိ ရပ်ဆိုင်း
တရုတ် ဝူဟန်ဗိုင်းရပ်ကူးစက်မှုအန္တရယ်ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ပထမနှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို မတ်လ ၂၄ ရက်မှစကာ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ COVID-19 ရောဂါပိုး ကင်းစင်သည့်အချိန်ထိ ရက်အကန့်သတ်မရှိ ရပ်နားထားမည်ဖြစ်ကြောင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း…
Read More » -
Covid-19
-
သတင်း
ဝိုင်းမော်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဘွမ်တောင်ကျေးရွာနီး တရားမဝင်သစ်စက်နှင့်အတူ သစ်တန်ချိန်ပေါင်း ၁၂၀၀ကျော်အား မတ်လ ၁၆ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။ ၂၀၂၀ခုနှစ်တွင် ပထမဆုံးအကြိမ် သစ်တန်ချိန်အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်ဟုလည်း ထပ်မံ သိရသည်။ “ ပိုင်ရှင်အနေနဲ့က ဦးအိုက်မြင့်ဆိုတာ သိရတယ်။ လက်ရှိဖမ်းဆီးရမိထားတာတော့…
Read More » -
သတင်း
တစ်သျှူးငှက်ပျောလုပ်သားများ လုပ်ခလစာ မရမှုကို ဖြေရှင်းပေးရန် ပြည်နယ်အစိုးရထံ တောင်းဆို
ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာ တစ်သျှူးငှက်ပျောစိုက်ခင်းရှိ ရွှေ့ပြောင်းအလုပ်သမားများက လုပ်ခလစာ မရရှိသဖြင့် အဆိုပါကိစ္စကို အမြန်ဖြေရှင်းပေးရန် မတ်လ ၁၉ရက်နေ့ ကချင်ပြည်နယ် အစိုးရုံးသို့ လာရောက်တောင်းဆိုခဲ့ ကြသည်။ တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ဆီဆန်းစတားကုမ္မဏီမှ အလုပ်သမား ၄၀ကျော်ကို ရက်ပေါင်း ၂၀ကျော်အတွက်…
Read More » -
သတင်း
နေရပ်ပြန် နမ်ဆန်ယန် စစ်ရှောင်များကို ထပ်မံ ထောက်ပံ့ရန် အစိုးရထံ တောင်းဆို
အစိုးရနှင့် တပ်မတော်၏ အစီအစဉ်ဖြင့် ပထမဆုံးနေရပ်ပြန်သော နမ်ဆန်ယန်ကျေးရွာတွင် လာမည့် မိုးတွင်းမရောက်မှီ စားနပ်ရိက္ခာကူညီထောက်ပံ့မှု ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်များ ပြောသည်။ တောင်ယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် မိုးတွင်းကာလမတိုင်မှီ စားနပ်ရိက္ခာနှင့် အခြားလိုအပ်မှုများကို ၆လစာ ပြန်လည် ထောက်ပံ့ပေးရန် တပ်မတော်နှင့်…
Read More » -
သတင်း
ကျောက်စိမ်း လက်လုပ်လက်စားလုပ်ကွက် လျှောက်ထားသူ နည်းပါး
ဖားကန့်မြို့ ရတနာနယ်မြေအတွင်း ပထမဆုံးလက်လုပ်လက်စားလုပ်ကွက် ရောင်းချပေးရာတွင် လာရောက်လျှောက်ထားသူ နည်းသေးကြောင်း သိရသည်။ လက်လုပ်လက်စား လုပ်ကွက်လျှောက်လွှာများကို မတ်လ ၃ရက်မှ ၁၃ရက်နေ့ထိ ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ရောင်းချခဲ့ရာ လုပ်ကွက်ပေါင်း ၃၇၆ကွက်မှ ၁၄၁ ကွက်သာ ရောင်းချနိုင်ခဲ့သည်ဟု…
Read More » -
သတင်း
ဆန်ပြတ်လတ်သော ဆော့လော်မြို့နယ်သို့ ပြည်ထောင်စုအစိုးရမှ ဆန်တင်ပို့
Covid-19 ကူးစက်ရောဂါကြောင့် တရုတ်နယ်စပ် နယ်နမိတ်အတွင်း လမ်းကြောင်းပိတ်ဆို့လိုက်သောကြောင့် ဆန်ပြတ်လတ်သွားသော ကချင်ပြည်နယ် ဆော့လော်ဒေသခံများအတွက် ပြည်ထောင်စုအစိုးရမှ ပထမအကြိမ် ဆန်အိတ်ပေါင်း တစ်ထောင်ကျော် ထောက်ပံ့ထားကြောင်း သိရသည်။ အဆိုပါ ဆန်အိတ်ပေါင်း တစ်ထောင်ကျော်အား ကချင်ပြည်နယ်ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ယူကာ…
Read More » -
Covid-19 Reporting
တရုတ်နယ်စပ်ဂိတ်များပိတ်ရန် ပြည်နယ်အစိုးရတွင်အခွင့်မရှိ၊ ဝင်ထွက်သွားလာမှု ပိုမိုများပြားလာ
Covid-19 ကူးစက်ရောဂါကြောင့် ကချင်-တရုတ်နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ပြည်နယ်အစိုးရတွင် အခွင့်မရှိကြောင်း ကချင်လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။ နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ဒေသခံများ လိုလားနေသော်လည်း ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ပိတ်ပိုင်ခွင့်မရှိကြောင်း သိရသည်။ “ကျနော်တို့…
Read More » -
သတင်း
မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် နမ်ဆန်ယန်ဒေသခံများ တောင်းဆို
ပထမဆုံး စစ်ရှောင်နေရပ်ပြန် နမ်ဆန်ယန်ကျေးရွာတွင် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ရန် အစိုးရတပ်နှင့် KIA စသော နှစ်ဖက်တပ်များ ညှိ့နှိုင်းဆွေးနွေးမှုပြုလုပ်ကာ မိုင်းရှင်းလင်းရေးအမြန်လုပ်ဆောင်စေလိုကြောင်း ဒေသခံများ တောင်းဆိုနေကြသည်။ အစိုးရ၏တစ်ဖက်သတ်အစီစဉ်ဖြင့် နမ့်ဆန်ယန်ကျေးရွာတွင် ၁နှစ်ကျော် ပြန်လည်အခြေချနေထိုင်ခဲ့သော ဒေသခံတစ်ဦးက တောင်ယာလုပ်ငန်းဖြင့် ရပ်တည်နိုင်ရန်…
Read More »