Covid-19 ကြောင့် Lock Down ချခံရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
,
သာသနာညှိးနွမ်းစေမှုပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခံထားရသော မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေး ပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏အမှု ပထမဆုံးရုံးချိန်းတွင် တစ်ဦးလျှင်ငွေကျပ်သိန်း (၁၀၀)စီဖြင့် အာမခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမူတွင် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး တရားလိုပြုလုပ်ကာ Covid-19ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ မစီစီလျာဂျာဆိုင်း၊ ကိုနော်ထွန်းအောင်နှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်တို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ်သည်။ “ဒီနေ့ကတော့ ရာဇဝတ်ဆိုင်ရာကျင့်ထုံးနဲ့အညီ အာမခံလျှောက်တာဖြစ်တယ်။ အမှုကတော့ ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၂၉၅(က)နဲ့ စွဲထားတာဖြစ်တယ်။ ၂၉၅(က)ကတော့ အမှုရုပ်သိမ်းလို့မရဘူး။…
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထိန်းချုပ်ရာဒေသတွင် အစိုးရအနေဖြင့် COVID-19 ကာကွယ်ထိန်းချူပ်ကုသရေးနှင့် ပတ်သက်ပြီး ညှိ့နှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့ထံ ဧပြီလ ၂၈ ရက်နေ့ အကြောင်းကြားစာပို့လိုက်သည်ဟု သိရသည်။
ကချင်ပြည်နယ် တရုတ်တစ်သျှူးငှက်ပျောခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့်အလုပ်သမားအချို့ လုပ်ခလစာ ရရှိရန် သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
ကချင်ပြည်နယ် ဗန်မော်မြို့အတွင်းရှိ စစ်ရှောင်စခန်းများတွင် Covid-19 ကာကွယ်သည့် အသုံးအဆောင်ပစ္စည်း လုံလောက်မှုမရှိသေးကြောင်း စစ်ရှောင်တာဝန်ခံများပြောသည်။
ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၄ ခုတွင် ညမထွက်ရအမိန့်ချမှတ်ပြီးနောက် မြစ်ကြီးနားမြို့အတွင်း အမိန့်ချိုးဖောက်သော အယောက် ၅၀ကျော်ကို အရေးယူထားသည်ဟု သိရသည်။
ဖားကန့်တွင် ရေမဆေးသမားများကို Covid-19 ကာလထိန်းချုပ်ရန် ခက်ခဲမှုရှိနေကြောင်း ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးမှ သိရသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအရေအတွက်သည် ဧပြီ ၁၆ မှ ၂၇နေ့ထိ စုစုပေါင်း ၃၇၉၁ ဦးရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ်လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအင်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ် AA တို့ တိုက်ပွဲကြောင့် ပြည်သူများ၏ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်နေသောကြောင့် စစ်ပွဲရပ်တန့်ရန် လိုအပ်ကြောင်း ကချင်လူထုဘက်မှလည်း ပြောဆိုနေကြသည်။
Kachin State Covid-19 Prevention Network သည် ကချင်အရပ်ဖက်အဖွဲ့အစည်းများစုစည်းထားသော ကွန်ရက်ဖြစ်ပြီး စစ်ရှောင်စခန်းများနှင့် လူထူထပ်သော နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပညာပေးအစီစဉ်များပြုလုပ်နေသည်။
လူဦးရေထူထပ်သော ဖားကန့် ရတနာမြေသို့ ဧပြီ ၂၅ရက်နောက်ပိုင်း ဝင်ရောက်လာသော မည်သူမဆို သတ်မှတ်ထားသည့်နေရာတွင် ၂၁ရက် Quarantine ဝင်ရမည်ဟု သိရသည်။