သတင်း

ဝိုင်းမော် ဒိန်ဂျန်ယန်ရှိ ငှက်ပျော်ခြံလုပ်သားများ လုပ်ခလစာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့တိုင်ကြားမည်ဟုဆို

ကချင်ပြည်နယ် တရုတ်တစ်သျှူးငှက်ပျောခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့်အလုပ်သမားအချို့ လုပ်ခလစာ ရရှိရန် သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျန်ယန်အတွင်းရှိ ပါဝါဖိုက်စတားကုမ္မဏီတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားအချို့ တစ်သျှူးငှက်ပျောခုတ်ပြီးသွားသော်လည်း ကုမ္မဏီများနှင့် လုပ်ခလစာညှိ့နှိုင်းရာတွင် ယနေ့ချိန်ထိ အဆင်မပြေသည့်တွက် လုပ်ခလစာရရှိရန် ဝိုင်းမော် အထွေထွေအုပ်ချုပ်ရေးရုံးသို့ စာတင်မည်ဖြစ်ကြောင်း အလုပ်သမားများအဖွဲ့မှ ဦးဆန်းထွေးက ခုလိုပြောသည်။

“ခုက ငှက်ပျောတွေလည်းအားလုံးခုတ်ပြီးပြီ စလုပ်တဲ့ချိန်ပြောတာကျတော့ ကျင်စားနဲ့ရှင်းပေးဖို့ပြောတာဟုတ်တယ်။ ခုကျတော့ ကျင်စားမဟုတ်တော့ဘဲနဲ့ ကီလိုနဲ့ပေးမယ်ဆိုတဲ့ချိန်ကျတော့ စာရင်းကရူပ်ရော။ အစတုန်းကတာ့ တစ်တန်မှာ ကျင်ပေါင်း၂၀၀၀ရှိတယ်လေ ၁ကျင်မှာ တရုတ်ငွေ ၂ကျပ်နဲ ပြား ၈၀ကျတာပေါ့။ အဲလိုဆိုတော့ ကျနော်တို့က အစသဘောတူခဲ့တယ်။ ခုငှက်ပျောလည်းခုတ်ပြီးရော လောပန်းကသူအဲလိုမပြောပါဘူး။ မပေးပါဘူးဆိုပြီးပြောရော။ ကီလိုနဲ့ကျင်နဲ့ဆိုရင်ခေါက်ချိုးကွာနေတယ်။က ီလိုနဲ့ပေးမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ဘယ်လိုမှအဆင်မပြေဘူး။” ဟ ဦးဆန်းထွေး ပြောသည်။

အလေးချိန်အားဖြင့် တစ်တန်တွင်ကျင်ပေါင်း ၂၀၀၀ရှိပြီး ကီလိုနဲ့တွက်မည်ဆိုပါက တစ်တန်တွင် ကီလိုပေါင်း ၁၀၀၀သာရှိပြီး ထက်ဝက်ကွာနေသည့်တွက် မူလစပြောဆိုခဲ့ကြသည့်တိုင်း ကျင်နဲ့ရှင်းပေးမှသာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျင်စားသမားတွေက ကျင်နဲ့လိုချင်တယ် လောပန်းတွေကတော့ ကီလိုနဲ့ပေးမယ်ဆိုကြတော့ လုပ်ခလစာညှိပေးနေတာ ခုချိန်ထိတော့အဆင်မပြေဘူး။ လောပန်းတွေက ခုဆိုပြန်တော့မယ်ပြောလို့ ကျနော်တို့ဒါဆိုရင်မဖြစ်ဘူး ညှိနိူင်းဆောင်ရွက်ပေးမှဘဲဖြစ်တော့မယ်လို့ ညှိပေးနေတာအဆင်မပြေဘူး။ လောပန်းတွေကိုလည်းပြောထားတယ် ခင်များတို့လုပ်အားခတွေကို ရှင်းပေးပြီးမှပြန်ကြပါလို့ပြောတော့ သူတို့က ကျနော်တို့လည်း ကိုယ့်လမ်းကိုပြန်ရမှာဘဲ မရှင်ပေးတာမဟုတ်ဘူး။ ရှင်းပေးတာကို သူတို့လက်မခံမှတော့ ကျနော်တို့က ပြန်စရာရှိတာပြန်ရမှာဘဲဆိုပြီး ပြန်ပြောလာကြတယ်။” ဟု ဒိန်ဂျန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်ဆန့် ပြောသည်။

ယင်းလုပ်အားခနဲ့ပတ်သက်ပြီး ယခင်နှစ်များတွင် ကျင်စားလုပ်ကိုင်နေသူများနဲ့ကုမ္မဏီကြား အလုပ်စလုပ်တော့မည်ဆိုပါက လုပ်ခလစာများနဲ့ပတ်သက်ပြီး နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုမူများရှိကြသော်လည်း ယခုနှစ်တွင်မူ အလုပ်သမားများဘက်မှ စာချုပ်ချုပ်ပေးရန်တောင်းဆိုသော်လည်း ကုမ္မဏီဘက်က ချုပ်ပေးထားခြင်းမရှိကြောင်း အလုပ်သမားများ၏ပြောပြချက်အရ သိရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိလုပ်ခလစာ မရသူများသည် နေ့စားလုပ်ကိုင်ကြခြင်းမဟုတ်ဘဲ အပင်ပြတ်ယူသည့်ကျင်သားလုပ်ကိုင်သူများဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။ ကျင်စားလုပ်ကိုင်ခြင်းသည် မိမိတာဝန်ယူထားသည့် တရုတ်တစ်သျှူးငှက်ပျောပင်များအား ပြုစုကြရပြီး ငှက်ပျောခုတ်သည့်ချိန်တွင် ရရှိလာသည့်ငှက်ပျောများအား ပြန်လည်ချိန်ကာရရှိသည့်အလေးချိန်ပေါ်မူတည်ပြီး ပေးခြင်းဖြစ်ကြောင်းသိရသည်။

အပင်ပြတ်ယူသည့်ငှက်ပျောပင်စုစုပေါင်း ၃၈၅၀၀ပင်ရှိကျော်ရှိကြောင်း အလုပ်သမားများ ပြောသည်။

အဆိုပါလုပ်ခလစာညှိနိူင်းဆောင်ရွက်မူနဲ့ ပတ်သက်ပြီး ဒိန်ဂျန်အုပ်ချုပ်ရေးဘက်မှ ညှိနိူင်းဆောင်ရွက်ပေးနေသည်မှာ သုံးကြိမ်တိုင်တိုင်ညိုနိူင်းပေးပြီးဖြစ်သော်လည်း ဆက်လက် ညှိနိူင်းမည့်အကြိမ်တွင် အဆင်ပြေမူမရှိပါက အုပ်ချုပ်ရေးဘက်မှ သက်ဆိုင်ရာဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သာ လွှွဲပြောင်းပေးတော့မည်ဖြစ်ကြောင်း ဒိန်ဂျန်အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်ကပြောသည်။

ဒိန်ဂျန်ကျေးရွာတွင်း တရုတ်တစ်သျှူးငှက်ပျောစိုက်သည့် ကုမ္မဏီစုစုပေါင်း ၄ခုရှိပြီး စိုက်ပျိုးထားသည့်မြေဧက ၇၀၀၀ကျော်ခန့်ရှိသည်။

 

Show More

Related Articles

Back to top button