Covid-19 Reportingသတင်း

ညမထွက်ရအမိန့်ချိုးဖောက်သူ အယောက် ၂၀ ကျော်ကို ထောင်ဒဏ်ချမှတ်

ကချင်ပြည်နယ်အတွင်းမြို့နယ် ၁၄ ခုတွင် ညမထွက်ရအမိန့်ချမှတ်ပြီးနောက် မြစ်ကြီးနားမြို့အတွင်း အမိန့်ချိုးဖောက်သော အယောက် ၅၀ကျော်ကို အရေးယူထားသည်ဟု သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲပြီး အဆိုပါ စည်းကမ်းချိုးဖောက်သူအယောက် ၅၀ ကျော်အနက် ပထမအသုတ်၂၂ ယောက်ကို တည်ဆဲဥပဒေ ပုဒ်မ ၁၈၈အရ ဒဏ်ငွေ ၅သောင်းစီ အရေးယူခဲ့ပြီး၊ ဒုတိယအသုတ် ၃၈ ဦးကို ငွေဒဏ်မပါဘဲ ထောင်ဒဏ်တစ်လစီ ချမှတ်ထားသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝန်းက ပြောသည်။

“အမိန်ထုတ်ပြန်ပြီးနောက် မနေ့ကထိ ဖမ်းဆီးရရှိထားသူ ၅၀ကျော်လောက်ရှိနေပြီ။ ပထမအသုတ်ဖမ်းဆီးရရှိတဲ့သူတွေကိုတော့ ငွေဘဲချမှတ်ပြီး အပြီး ဆောင်ရွက်ခဲ့တယ်။ အခုဒုတိယ အသုတ်ကျိုးလွန်သူတွေကျတော့ ငွေဒဏ်မပါဘဲ ထောင်ဒဏ်တစ်လချမှတ်တာပေါ့” ဟုပြောဆိုသည်။

ကချင်ပြည်နယ်က နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆော့လော်၊ အင်ဂျန့်ယန် စသည့် ၄ မြို့နယ်မှအပ ကျန်တဲ့ မြို့နယ် ၁၄ ခုမှာ ဧပြီ ၁၇ ရက်နေ့မှ စတင်ပြီး ည ၁၀နာရီမှ မနက် ၄နာရီအထိအပြင်မထွက်ရ အမိန့်ကို ပြည်နယ်အစိုးရညွန်ကြားထားခဲ့ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်သရွှေ့ အတည်ဖြစ်သည်ဟု သိရသည်။

ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ နာရေးဆောင်ရွက်သူများမှ အပ အခြားမည်သူမဆို ၎င်းအမိန့်ကို လိုက်နာရမည်ဖြစ်ပြီး ပျက်ကွက်သူများကို ယခုလို အရေးယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

Show More

Related Articles

Back to top button