မြစ်ကြီးနားတွင် စစ်ကောင်စီအောက် အခြေခံပညာကျောင်းအပ်သူ ယခင်နှစ်ထက် ပိုများလာ

မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူ ယခင်နှစ်ထက် ပိုမိုများလာကြောင်း အမည်မဖော်လိုသည့် Non- CDM ဆရာမ များထံမှ သိရသည်။

“အခုက အတန်းတိုင်းအတွက် က ၂၀၁၉ -၂၀ မှာ အောင်ထားတဲ့သူတွေနားထားတဲ့ကလေးတွေ နားပြီး ပြန်ဝင်တဲ့ဟာတွေ အဲ့တာတွေလည်းလက်ရှိတော့လာအပ်နေတယ်။ သူတို့အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်တာတွေ နားလိုက်တဲ့ဟာတွေ ပြီးတော့ မနှစ်ကမတက်ဖြစ်တဲ့ကလေးတွေ ဒီနှစ်တော့တော်တော်များများ ဝင်လာကြပြီ တစ်ခြားအတန်းတွေမှာလည်းဝင်တယ်လို့ပြောတယ်” ဟု Non-CDM ဆရာမတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ကျောင်းသား/ကျောင်းသူလာအပ်သည့်စာရင်းမှာ ကျောင်းအပ်လက်ခံသည့် ရက်မှစကာ ပုံမှန် ရှိနေပြီး ခန့်မှန်းချက်အရ ပြီးခဲ့သည့်၂၀၂၀-၂၁ ပညာသင်နှစ် ကထက် ပိုမိုများပြားလာသည့် အနေအထားရှိကြောင်း အဆိုပါ ဆရာမက ဆက်ပြောသည်။

စစ်ကောင်စီက ဖွင့်လှစ်သည့် ၂၀၂၂- ၂၀၂၃ အခြေခံပညာသင်နှစ်သည် မေလ ၂၆ ရက်နေ့စကာ ကျောင်းအပ်လက်ခံနေပြီး ယခင်နှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် ကျောင်းအပ်နှံသူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းအပ်သူပိုမိုများလာကြောင်း သိရသည်။

ကျောင်းသားမိဘ တစ်ဦးက “မနှစ်ကတော့ နိုင်ငံရေးကမကောင်း တော်တော်များများလည်း မတက်ကြဘူး အဲ့တာကြောင့် ကလေးတွေကိုကျောင်းမထားဖြစ်တာ။ ဒီနှစ်တော့အခြေနေကြည့်နေတာ တက်တယ့်သူများရင်တော့ ထားမလို။ ဒီနေ့ဆို ကျောင်းအပ်တဲ့သူများတယ်လို့ပြောနေကြတော့ မနက်ဖြန်တော့ သွားအပ်မလို့ လုပ်ထားတယ်” လို့ ဆိုပါတယ်။

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမည့်ရက်ကို မေလ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ၂ ရက်နေ့မှာတော့ အခြခံပညာကျောင်း စတင်ဖွင့်လှစ်ကာ သင်ကြားသွားမှာဖြစ်သည်ဟုသိရသည်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG သည်လည်း ကြားကာလပညာရေးအစီစဉ် ၂၀၂၁ ခုနှစ်မှစကာ အွန်လိုင်းစနစ်ဖြင့် သင်ကြားခြင်းအစီစဉ် စတင်နေပြီဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနမှ သိရသည်။

Show More
Back to top button