သတင်း

မြစ်ကြီးနားမြို့ ဖုန်းဆိုင်တစ်ဆိုင်တွင် I phone ၁၈ လုံး သေနတ်ထောက် လုယက်ခံ လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ဖုန်းအရောင်းဆိုင်တစ်ဆိုင်တွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က I ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ I phone ၁၈ လုံးခန့် သေနတ်ထောက် လုယက်ခံလိုက်ရကြောင်း ဖုန်းဆိုင်မှ သိရသည်။

I center ဖုန်းအရောင်းဆိုင်တွင် ယနေ့ နံနက်ပိုင်း လူငယ်နှစ်ဦး 125 ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ထောက်၍ ဆိုင်ဝန်ထမ်းကို လက်နောက်ပြန်ကြိုးသုတ်ထားကာ I phone ၁၈ လုံးခန့် လုယူထွက်ပြေးသွားကြောင်း ဖုန်းဆိုင် ပိုင်ရှင်က KNG သတင်းဌာနသို့ ပြောသည်။

“ကျနော်က အပြင်ခနလေးသွားလိုက်တာ သွားလိုက်တော့လူ ၂ယောက်က ကျနော့်ဆိုင်ထဲကိုဝင်လာပြီးမှ ကျနော်နာမည်ကိုမေးပြီး ရှိလာဘာမေးတော့ ကျနော့်ဆိုင်ဝန်ထမ်းကမရှိဘူးလို့ပြောတယ်။ ခနနေပြန်လာမယ် ပေါ့ အဲ့တာနဲ့သူကဝင်ထိုင်နေလိုက်တယ်။ ကျနော်ဆိုင်ဝန်ထမ်းလည်း ကျနော့်အသိထင်ပြီး ဘာမှမပြောဘူးနေလိုက် တာ ခနနေတော့လူတစ်ယောက်က သေနတ်တွေဆိုင်ဝန်ထမ်းကို လက်တွေကြိုးနဲ့သုတ်ပြီး အနောက်ခန်းမှာထိုင် ခိုင်းထားတဲ့အချိန် နောက်တစ်ယောက်ကဖုန်းတွေကိုကြောပိုးအိတ်ထဲထည့်ပြီး ထွက်ပြေးသွားတယ်” ဟု ဆိုင်ရှင်က ပြောသည်။

အဆိုပါ ဖုန်းလုယူထွက်ပြေးသွားသူနှစ်ဦးသည် ဖုန်းဆိုင်ပိုင်ရှင်အသိမိတ်ဆွေထဲမှ ဖြစ်နိုင်ခြေများကြောင်းသိရပြီး ဆိုင်ကယ်ဦးထုတ် အင်းကျီလက်ရှည် အပြည့်အစုံဝတ်ဆင်ထားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိလိုက်ရကြောင်း သူက ဆက်ပြောသည်။

လုယူခံလိုက်ရသည့် ဖုန်းအမျိုးအစားများမှာ 13promax 256gbbx 2လုံး Graphtic 13 promax128 gbx တစ်လုံး၊ Graphtic 13 promax126 gbx packing တစ်လုံး၊ 13 pro 256gb နှစ်လုံး၊ 13silver ၊ 11 promax 256gb သုံးလုံး၊ 12promax သုံးလုံး၊ I phone 12 တစ်လုံး၊ xsmaxတစ်လုံး X1 တစ်လုံးတို့ပါဝင်ပြီး စုစုပေါင်းအလုံး ၁၈လုံးခန့်လုယက်ခံလိုက်ရကြောင်း ဆိုင်ရှင်ထံမှ သိရသည်။

လုယက်ခံလိုက်ရသည့် ဖုန်းများ၏ စုစုပေါင်းကာလတန်ဖိုးမှာ သိန်း ၃၀၀ ကျော်ရှိမည်ဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင်းတွင် ယခုနှစ်အတွင်းခိုးမှုဓားထောက်လုယက်မှု မျိုးမကြာခဏဖြစ်ပွားလျက်ရှိပြီး မေလ ၂၆ ရက်နေ့ကလည်း ပူတာပူရပ်ကွက် နောင်ရာကွင်းအနီးတွင် ဆိုင်ကယ်ဆီးလာသည့် အမျိုးသားတစ်ဦးကို ဓားထိုးလုယက်ခဲ့ရာ လည်ပင်ဓားထိုးခံရမှုကြောင့်သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button