သတင်း

ဂျေယန်ချောင်းမှာသေဆုံးနေတဲ့  ‘ဝ’ အမျိုးသမီးတစ်ဦးအလောင်းမျောလာ

လိုင်ဇာမြို့  ဖွန်လွမ်ယန်ကျေးရွာ နယ်မြေ ၂ ဂျေယန်ချောင်းမှာ ဒီမနက်က အမျိုးသမီးအလောင်း ရေစီးနဲ့မျှောပါလာတယ်လို့ ဖွန်လွမ်ယန် ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးကတော့  ဝ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တရုတ်ပြည်ဘက်ကနေ မြန်မာဘက်ခြမ်းကူးလာရင်း ရေနစ်မြုပ်သေဆုံးပြီး ရေစီးနဲ့ မျှောပါလာတာ ဖြစ်နိုင်တယ်လို့ ဖွန်လွန်ယန် ဒေသခံတစ်ဦးက ခုလိုပြောပြပါတယ်။

သူရဲ့ကိုယ်မှာတွေ့တာတော့ မှတ်ပုံတင်နဲ့ တရုတ်ပိုက်ဆံ ၆၀၀ ပါတာတွေ့တယ် လူမူကွန်ယက်မှာ သူ့ရဲ့ ပုံကိုတင်လိုက်တော့ မိသားစုဝင်တွေပြန် ဆက်သွယ်လာတယ်လို့ ပြောပါတယ်။

သေဆုံးသူဟာ မအေးကြည်ဆိုသူဖြစ်ကာ ရှမ်းပြည်နယ်ဇာတိဖြစ်ပြီး အလောင်းကိုတော့ ဂျေယန်ဒေသခံတွေ ဒီကနေ့မနက် အစောပိုင်းမှာ ဆယ်ယူနိုင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ မအေးကြည်ဟာ တရုတ်ပြည်မှာ အလုပ်လုပ်ရင်းနဲ့ အိမ်ထောင်ကျတဲ့ ကလေးနှစ်ယောက် အမေဖြစ်ပြီး  ရုပ်အလောင်းကိုတော့ ဒီမနက်မှာဘဲ ဖွန်လွမ်ယန်ဒေသခံတွေက လိုင်ဇာသချိုင်းမြေမှာဘဲ သဂြိုလ်လိုက်တယ်လို့ လည်းသိရပါတယ်။

Show More

Related Articles

Back to top button