စစ်ရေးသတင်း

စန်းကား အထက်တန်းကျောင်းမှာ စစ်အင်အား ၂၀၀ ခန့် တပ်စွဲထားပြီး ရွာအဝင်အထွက် တင်းကြပ်

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရဲ့ အခြေခံအထက်တန်း‌ကျောင်းမှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်တပ်စွဲနေရာယူထားတဲ့အပြင် ရွာအဝင်အထွက်ကိုလည်း စစ်ဆေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ လကုန်ပိုင်းကနေတပ်စွဲထားတာဖြစ်ပြီး စန်းကားကျေးရွာအုပ်စုရဲ့ ရပ်ကွက်  အဖြစ်သတ်မှတ်ထားတဲ့ အာလူးဘာရီရွာနဲ့ ရပ်ကွက်  အကြား တံတားနားမှာလည်း စစ်ဆေးရေးတင်းကြပ်နေတာဖြစ်တယ်လို့ စန်းကားကျေးရွာဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။

ကျောင်းမှာ ၂၀၀ လောက်ရှိတယ် အပြင်တောင်သိပ်မထွက်ကြဘူး လာနေတာက နှစ်ပတ်ဝန်းကျင်လောက်တော့ရှိလာပြီ။ အစကတော့ ရွာသားတွေပြန်လာရင် ကျောင်းဖွင့်မယ်ဆိုပြီးပြောကြတယ် ဒါပေမယ့် ခုက ရွာမှာ အိမ်စောင့်လောက်ဘဲရှိတယ်။အားလုံးလည်းထွက်ပြေးကုန်ပြီဆိုတော့ ကျောင်းကတော့ ဒီနှစ်မဖွင့်လောက်တော့ဘူး လို့ စန်းကားရွာဒေသခံတစ်ဦးက ပြောပါတယ်။

စန်းကားရပ်ကွက်  နဲ့ ရပ်ကွက်  ဖြစ်တဲ့ အာလူးဘာရီရွာကြားမှာရှိတဲ့ တံတားမှာ အင်အား ၁၀ ဝန်းကျင်နဲ့ နေ့တိုင်းစစ်ဆေးတင်းကြပ်တာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ 

ဒါ့အပြင် စန်းကားရွာရဲ့ အောက်ဘက်မှာရှိတဲ့ ဘန်းဘားရွာမှာတော့ ဇွန်လ  ရက်နေ့နဲ့  ရက်နေ့ နှစ်ရက်သာ စစ်တပ်နဲ့ KIA,PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် ဒီကနေ့အထိလည်း နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေအထိနာနေပြီး စစ်ကြောင်းမှူးသေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘန်ဘာဘက်မှာ တိုက်ပွဲဖြစ်တာ ဒီရက်ပိုင်းတွေဖြစ်နေတာ မနေ့ကတော့ဘာသံမှမကြားဘူး။ အဲဘက်ကဖြတ်လာတဲ့သူတွေပြောတာကတော့ လမ်းဘေးမှာ မိုးကာနဲ့အုပ်ထားတဲ့စစ်သားအလောင်းတွေရှိနေတယ်လို့ ပြောကြတယ်လို့ နောက်ထပ်စန်းကားဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ ဘန်းဘားရွာဟာ စန်းကားကျေးရွာ ရပ်ကွက်  ကနေသွားရင် နာရီဝက်နီးပါးဆိုင်ကယ်စီးရတဲ့နေရာမှာရှိတာဖြစ်ပြီး ဒေသခံတွေအပါအဝင်၊ ခတ်ချို၊နောင်ဟီးဘက်က ပြည်သူတွေ စိုက်ပျိုးခင်းလာရောက်လုပ်ကိုင်ကြတဲ့ ရွာဖြစ်ပါတယ်။

ဒါပေမယ့် စန်းကားကျေးရွာပြည်သူတွေအပါအဝင် ဘန်ဘား၊တာစန့်၊ခန့်လုံး၊မိုင်းမောအစရှိတဲ့ ရွာကပြည်သူတွေဟာ အိမ်စောင့်အဖြစ်အနည်းအကျဉ်းသာ ကျန်ခဲ့ပြီး ပြီးခဲ့တဲ့ မေလ ကတည်းကနေ နောင်ချိန်း၊မိုင်းနား၊မြစ်ကြီးနား အစရှိတဲ့ကျေးရွာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

စန်းကားရွာဟာ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာဖြစ်ပြီး ရပ်ကွက်၊ကျေးရွာ ၁၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ရွာကြီးဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button