တိုက်ပွဲသတင်း

ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှုရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း  နာရီဝန်းကျင်လောက်က စတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲက ကျောက်မဲမြို့ စစ်ကောင်စီရဲ့အမြောက်တပ် အမှတ် ၃၅၂ နဲ့ စခန်းသာကုန်းတို့မှာ ပြင်းထန်နေတာလို့ တအာင်းတပ်မတော် TNLA ဘက်ကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ မနေ့ကစတင်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်နက်ကြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဆက်ဖြစ်နေတယ်။ အခုဗုံးသံတွေလည်းကြားရတယ် ဒီမနက်မှာပဲလူ  ယောက်ထိသွားတယ်။ မြို့အဝင် အထွက်တော့မသိဘူး ရဲစခန်းတွေတော့သူတို့သိမ်းပြီပြောတယ်။ ဒီမနက်တော့ ဈေးတွေဘာတွေသွားလို့ ရအောင်ခနနားပေးတယ်။ ၁၀ နာရီလောက်တိုက်ပွဲစမယ်ဆိုပြီး ၉ခွဲလောက်က တည်းကပစ်နေတယ်။ အခုတော့ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေကတော့ ဘေးလွှတ်ရာကျေးရွာတွေနဲ့ နီးစပ်ရာဆွေမျိုးအိမ်တွေဆီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပြီး တစ်ချို့ဒေသခံတွေကတော့ မြို့တွင်း နေအိမ်မှာပဲနေထိုင်နေကြရသလို လုံခြုံမှုတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘယ်သူမှလည်းပြေးလို့မရဘူး ဂုတ်တွင်းကလည်း ပိတ်လိုက်ပြီလေ ဒါ့ကြောင့် ကိုယ့်အိမ်မှာပဲကိုယ်နေ ကြတယ်။ တစ်ချို့လည်း နောင်ပိန် ဘက်ပြေးကြတယ်။ တိုက်ပွဲနဲ့နီးတဲ့နေရာတွေကတော့ အကုန်လုံးရွှေ့ပြီး တော့ နီးစပ်ရာဆွေမျိုးတွေအိမ်တွေဆီရွှေ့ကြတယ်။အားလုံးကအိမ်ထဲမှာပဲနေကြတယ်။လို့ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ မနေ့ကတော့ ရပ်ကွက်  ထုံးဖို အခွန်လွတ်ဈေးအနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ လို့ အမျိုးသားတစ်ဦးသေဆုံးခဲ့သလို ရပ်ကွက်  တိလင်ရပ်ကွက်မှာလည်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

KNG က လက်လှမ်းမှီသလောက်ပြုစုထားတဲ့စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇွန်လ ၂၆ ရက်နေ့ကနေ ဒီနေ့ အထိ ကျောက်မဲမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သား  ဦးထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးထက်မနည်းရှိနေပြီဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့မြောက်ပိုင်းညီနောင်  ဖွဲ့အကြား တရုတ်ကြားဝင်စေ့စပ်မှုနဲ့ အပစ်ရပ်ခဲ့တာ  လကြာအပစ်ရပ်ထားချိန် မိုးကုတ်၊ နောင်ချို နဲ့ မိုးမိတ် ဒေသတွေကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း တအာင်းတပ်မတော် TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က စစ်ကောင်စီရဲ့အခုလိုလုပ်ရပ်တွေကြောင့် စစ်ရေးအရစိုးရိမ်ရတဲ့အခြေနေဖြစ်သလို ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီတပ်က လိုက်နာနိုင်ဖို့သံသယရှိတယ်လို့ ဆိုခဲ့ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button