သတင်း

နန့်သာရွာထဲ ပိတ်မိနေတဲ့ပြည်သူ ၁၅ ဦးထဲက ၉ ဦးကယ်ခဲ့နိုင်ပေမယ့် ဒဏ်ရာပြင်းထန်သူ နှစ်ဦးအပါ ၆ ဦးပိတ်မိနေဆဲ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာထဲမှာပိတ်မိနေခဲ့တဲ့အရပ်သား ၁၅ ဦးထဲက  ဦးကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၂ဦးအပါအဝင်   ဦးပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သား ၃၀ ဦးဝန်းကျင်ကို  နန့်သာရွာဘုန်းတော်ကြီးကျောင်းထဲမှာလူသားဒိုင်းအဖြစ်ဖမ်းဆီးထားချိန် ဇွန်လ ၂၂ရက်နေ့မှာ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး  ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၃၀ ဦးထဲက လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးပြီး နောက်ထပ်  ဦးဒဏ်ရာရရှိကာ ကျန်အရပ်သား  ဦး  ရက်ကြာပိတ်မိနေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ ၂၅ ရက်နေ့ မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အရပ်သားတွေကို လာမြုပ်ပေးကြဖို့ စစ်ကောင်စီတပ်တွေက နန့်သာရွာအနီးတစ်ဝိုက်ကပြည်သူတွေကို ခေါ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

အလောင်းတွေကိုမနေ့ကမှမြှပ်လို့ရသွားတာလေး စစ်သားတွေက အလောင်းလာမြုပ်ကြပါခေါ်လို့  ယောက်သွားပြီး မြှပ်ကြတာ။ အဲဒီချိန်ပိတ်မိနေတဲ့ထဲက လမ်းလျောက်နိုင်တဲ့သူတွေကို စစ်သားတွေ ကတုတ်ကျင်းမှာရှိနေတဲ့အချိန်အနောက်တောလမ်းကနေခေါ်ထုတ်လာခဲ့ကြတာလို့ အောင်ကုန်းဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ထဲမှာတော့ အမျိုးသား  ဦးနဲ့ အမျိူးသမီး ၁၀ ဦးဖြစ်ပြီး ရုပ်အလောင်းကိုလည်း ဇွန်လ ၂၅ ရက်နေ့ နန့်သာသုသာန်မှာ သဂြိုလ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိပိတ်မိနေသူတွေထဲမှာ ဒဏ်ရာရအမျိုးသမီး ၂ဦး မသန်စွမ်းတစ်ဦးနဲ့လူစာစောင့်အမျိုးသား ၃ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

နန့်သာလေယာဥ်ကျဲလို့သေသွားတဲ့ ၁၅ ဦးကိုမနေ့က နန့်သာသုဿန်ထဲမှာသဂြိုလ်ပေးခဲ့တယ် အားလုံးကို တစ်ကျင်းထဲမှာပဲသဂြိုလ်ပေးခဲ့လိုက်တယ်ဗျ။ ခုပိတ်မိသွားတဲ့ ၁၅ ယောက်ထဲက  ယောက်ကတော့ပြန်လွတ်ခဲ့ပြီ ကျန်နေတာကလမ်းလုံးဝမလျှောက်နိုင်တဲ့ ဒဏ်ရာရ နှစ်ယောက်ရယ် မသန်စွမ်းတစ်ယောက် ပြီးတော့လူနာစောင့်  ယောက်ရယ်ကျန်နေခဲ့တယ်လို့ သူကပြောပါတယ်။

နန့်သာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကနဦးက သေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မနေ့ ကရုပ်အလောင်းသွားရောက်သဂြိုလ်သူတွေအတည်ပြုချက်အရ သေဆုံးရုပ်အလောင်း ၁၅ ဦးအထိပဲရှိတယ်လို့ဆိုပါတယ်။

နန့်သာကျေးရွာထဲမှာ အင်အား ၃၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ်မတ်လထဲက ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းကအရပ်သားတွေကိုဖိနှိပ်နေတာတွေကြောင့် တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၂၂ ရက်နေ့ ည၇နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီစစ်သားတွေဘက်ကအထိနာနေတာကြောင့်  ၁၁ နာရီအချိန်မှာ ဘုန်းကြီးကျောင်းကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းထဲအတင်းအဓမ္မခေါ်ဆောင်ထားခံရသူတွေဟာ လက်ရှိနန့်သာရွာမှာတပ်စွဲနေတဲ့စစ်ကြောင်း ရွာထဲဝင်ရောက်လာစဥ်ထွက်ပြေးခွင့်မရလိုက်ပဲ ပိတ်မိနေခဲ့တဲ့သူတွေဖြစ်ပါတယ်။

နန့်သာကျေးရွာထဲကို အင်းတော်မြို့တွင်းတပ်ကနေ အင်အား ၁၀၀ ဝန်ကျင်းပါတဲ့စစ်ကြောင်းတစ်ကြောင်းစစ်ကူလာနေပြီး နန့်သာ ရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့ သက္ကယ်ကျင်းရွာမှာရောက်နေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button