သတင်း

မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ပြည်နယ်မိုးဇလသတိပေး

ကချင်တစ်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု နှစ်မိုးရာသီရဲ့ဧရာဝတီမြစ်ရေမှတ်ဟာ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနာမြို့မှာ မနေ့ကနေ ဒီကနေ့ နေလည်ပိုင်းအထိ ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဒီညပိုင်း စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးအရာရှိ ဦးနိုင်လင်းထွေး  ကသူ့ရဲ့လူမူကွန်ယက်စာမျက်နှာမှာ ခုလိုထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနား မြစ်ရေယနေ့ည ပိုင်းတွင်စိုးရိမ်ရေအမှတ် 1200 cmကိုရောက်ရှိနိုင်ပါကြောင်းကြိုတင်အသိပေးတင်ပြအပ်ပါတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့ကနေ ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်နေပြီး တစ်နာရီအတွင်း ၂ လက္မခန့်ထပ်တက်နေတယ်လို့လည်း ဒီကနေ့ နေ့လည် ၁နာရီမှာ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်နေရမြင့်တက်လာနေတာကြောင့် မြစ်ကြီးနားမြို့ မြေနိမ့်ရပ်ကွက်တစ်ချို့ ကြက်ပေါင်ခြံ၊လယ်ကုန်း၊ရမ်ပူ၊မြေမြင့်ကွက်သစ် စတဲ့ရပ်ကွက်တစ်ချို့မှာရေဝင်ရောက်နေပြီဖြစ်တဲ့တွက် ဧရာဝတီလူမူကူညီရေးအသင်းကနေ လိုက်လံပြောင်းရွှေ့ပေးနေကြပြီဲဖြစ်ပါတယ်။

ကျနော်တို့ ခုလောလာဆယ် ကြက်ပေါင်ခြံဘက်နဲ့ရမ်ပူဘက် အဓိက ကယ်ဆယ်ရေးလုပ်နပြီဗျ။ တစ်ဖြည်းဖြည်းနဲ့ရေက ဝင်တာမြန်လာတယ်။လို့လူမူကူညီရေးအသင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ထဲ ရေဝင်ရောက်နိုင်တဲ့ အဓိကရေဝင်ပေါက်တွေဟာ ကရိန်နော်၊ ဗလမင်းထင် အထက်ရေဝင်ပေါက်၊ ဗလမင်းထင်အောက်ရေဝင်ပေါက်၊ စီတာပူ အင်ဂျန်ခ ၊ ကြက်ပေါင်ခြံ ၊ ရေကြည်၊ ပမ္မတီးရေဝင်ပေါက်တွေရှိပြီး မြစ်ကြီးနားမြို့ရဲ့စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စိုးရိမ်ရေအမှတ်ရောက်ဖို့ ၃ ပေခွဲခန့်အလိုသာရှိတော့ာတာဖြစ်ပါတယ်။ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာ ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတော့ ၁၂၂၉ စင်တီမီတာထိ မြင့်တက်ခဲ့ပါတယ်။  

By – ဇမီ

Show More

Related Articles

Back to top button