စစ်ပြေးဒုက္ခသည်များသတင်း

ရေဘေးကြုံတွေ့နေကြတဲ့ နောင်းချိန်းနဲ့လဘန်ရွာ စစ်ဘေးရှောင်များ အစားသောက်နဲ့ဆေးဝါးကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေ

ဝိုင်းမော်မြို့နယ် နောင်းချိန်းနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေတဲ့ စစ်ရှောင်ပြည်သူများတွက် အစားအသောက်နဲ့ ဆေးဝါးအကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တာဝန်ခံတွေကပြောပါတယ်။

ဇူလိုင်  ရက်နေ့ ဒီနေ့မနက်ပိုင်းကစပြီး ဧရာ၀တီမြစ်ရေတဖြည်းဖြည်းကျဆင်းသွားပြီဖြစ်ပေမဲ့ ရေကြီးမှုကြောင့်ပျက်စီးသွားတဲ့ အဆောင်တွေရှိသလို တစ်ချို့စစ်ရှောင်စခန်းမှာတော့ ရေပြည့်နေသေးတယ်လို့ ပြောပါတယ်။

လောလောဆယ် ရေကျပြီဆိုပေမဲ့ နေစရာခက်သွားပြီ။ ဟိုတလောကပဲ စစ်ရှောင်ကူညီရေးအဖွဲ့ကပဲ ဆောက်ပေးထားတဲ့ အဆောင်တွေလည်း ရေထဲမျှောသွားတဲ့ဟာတွေလည်း ပါတယ်။ အခုက နောင်းချိန်းအထကကျောင်းမှာ အားလုံးစုပြုံနေကြသေးတယ်။ ရေကျနေတယ်ဆိုပေမဲ့ စစ်ရှောင်စခန်းတွေမှာ နေလို့မရသေးဘူး ရေပြည့်နေသေးတယ်။လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

ရေဘေး အန္တရာယ်ကြုံတွေ့နေရတဲ့ နောင်းချိန်းနဲ့ လဘန် ကျေးရွာ ၂ခုက စစ်ရှောင်ပြည်သူတွေ

ကချင်ပြည်နယ်မှာ ဇွန် ၃၀ ရက်နေ့ညနေပိုင်းကစပြီး ကချင်ပြည်နယ်အထက်ပိုင်းကို မိုးသည်ထန်စွာရွာသွန်းတာကြောင့် ဧရာ၀တီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးအန္တရယ်ကြုံနေရပြီး နောင်းချိန်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းနဲ့ လဘန်ကျေးရွာကစစ်ဘေးရှောင်စခန်းတွေမှာရေဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်များ ရေလွတ်ရာ ရွှေ့ခဲ့ကြတာဖြစ်ပါတယ်။

မြစ်ရေကြီးလာတာနဲ့ နောင်းချိန်းရွာက စစ်ရှောင်ပြည်သူတွေကတော့ စစ်ရှောင်စခန်းကနေနောင်းချိန်းဘုရားကျောင်းကိုရွှေ့ခဲ့ပေမဲ့ နောင်းချိန်းဘုရားကျောင်းထိ ရေပြန်ရောက်လာတာကြောင့် နောင်းချိန်းအထက်တန်းစာသင်ကျောင်းကိုထပ်မံရွှေ့ခဲ့ကြတာဖြစ်ပါတယ်။

ခုလိုရေဘေးအန္တရယ်ကြုံတွေ့နေကြတဲ့ စစ်ရှောင်တွေမှာ ပစ္စည်းတွေသယ်ယူနိုင်ခဲ့တဲ့သူတွေရှိသလို အဝတ်တစ်ထည်နဲ့ကိုယ်လွတ်ရှောင်ခဲ့ရသူတွေလည်းရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံကပြောပါတယ်။

အရေးပေါ် အစားအသောက်ဖြစ်တယ်။ တချို့က ဆန်တွေ၊ စပါးတွေ၊ အိပ်ယာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ အကုန်ရေထဲပါသွားပြီ။ အဝတ်အစားနဲ့အိပ်ယာတွေ တချို့က ရလိုက်ပေမဲ့ တချို့ကမယူလိုက်ရဘူး။ ရေမြှင့်တက်နှုန်းကအရမ်းမြန်တော့ ပစ္စည်းတွေအားလုံးမထုတ်နိုင်သေးခင် ရေကအကုန်ပြည့်သွားတယ်။ ပစ္စည်းတွေ ရတဲ့သူက ရလိုက်တယ်။ မရတဲ့သူတွေက ဝက်တွေကအစ၊ နွားတွေကအစ အကုန်မျှောပါသွားတယ်။ ဒါကြောင့်အခု သောက်ရေတွေ ၊အဓိက အစားအသောက်တွေ ခက်ခဲနေတာပေါ့။” လို့ သူကဆက်ပြောပါတယ်။

နောင်းချိန်းကျေးရွာမှာ စစ်ဘေးရှောင်စခန်း ၁၄ ခုရှိပြီး လူဦးရေ  ထောင်ကျော်စစ်ရှောင်နေပြီး လဘန်ကျေးရွာမှာတော့ စခန်း  ခုလောက်ရှိပြီး လူဦးရေ  ထောင်ကျော်ရှိကာ တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပါတယ်။

အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ   အောင်မြေ   ဝူယန်၊ လမြန် စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ  လခန့်ရှိလာပြီဖြစ်ပါတယ်။

စစ်ရှောင်တွေ အားလုံးနီးပါး စစ်ဘေးကနေ ရေဘေးဒုက္ခပြန်ပြီးကြုံတွေ့ရတာကြောင့် စိတ်ကျန်းမာရေးထိခိုက်နေတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒါအပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုဘေးဒဏ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ဘေးဒုက္ခအတွေ့အကြုံရှိတဲ့သူတွေကအဲ့လောက်မဟုတ်ပေမဲ့ အတွေ့အကြုံမရှိသေးတဲ့သူတွေအများပိုင်း အဓိကစိတ်ကျန်းမာထိခိုက်နေတဲ့သူတွေလည်းပါတယ်။  အများပိုင်းက ရေကြီးပြီးနောက် ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးခံစားတော့မှာ စိုးရိမ်နေတယ်။ အခုတောင် ဝမ်းပျက်၊ဝမ်းလျှော အဓိကဖြစ်နေသူတွေ ကျနော်တို့အဖွဲ့ထဲမှာတောင် ၁၀၀ မှာ ၃၀ ယောက်လောက်က ဖြစ်နေပြီ။ ဒါကြောင့် ဆေးဝါးတွေလည်း အဓိကလိုအပ်နေတယ်။” လို့ နောင်းချိန်းက စစ်ရှောင်စခန်းတာဝန်ခံကဆက်ပြောပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချူပ် KBC လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စရင်းအရ ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်စုစုပေါင်း  သောင်းကျော်  အိမ်ခြေ  ထောင်ကျော် ထပ်တိုးခဲ့ကြောင်း သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button