လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး

ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ

ကချင်မှာ ၂၀၂၄ ခုနှစ် နှစ်ဝက်အတွင်း စစ်ကောင်စီတပ်က ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရပြီး  ၁၃ ဦးပြန်လွတ်လာပြီဖြစ်သည်။

ဖမ်းဆီးခံရသည့် အမှုတော်ဆောင်များသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး အရေးပေါ်အခြေအနေနှင့်ပတ်သက်ပြီး အရေးပေါ်အခြေနေကြုံလာရင် ပြည်သူများဘေးလွတ်ရာပြောင်းရွှေ့ရမည့်အချက်များ ဦးဆောင်စီစဉ်ရာတွင်ပါဝင်သောကြောင့် ဖမ်းခံရတာဖြစ်ပြီး အမှုတော်ဆောင်တစ်ချို့သည် စစ်တပ်က မသင်္ကာမှုနှင့် ဖမ်းဆီးတာတွေပါဝင်သည်။

KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း  ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။

စစ်တပ်ရဲ့ ဖမ်းဆီးခံရတဲ့ ခရစ်ယာန်ဘာသာရေးဆရာတွေ ဖမ်းဆီးခံရတဲ့ အခြေအနေ

အသေးစိတ်ဖော်ပြမည်ဆိုပါက ဇူလိုင်လ ၁၇ ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဝိုင်းမော်ဇုံနယ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ် ( Mading Hkaw Bawm ) ကို ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံလာသည့် ဝူယန်ပြည်သူ့စစ် စခန်းပတ်လည်ကို ဘက်ဟိုးဖြင့် ကတုတ်ကျင်းတူးနေသည့် ရုပ်သံဖိုင်တွင် ဆရာတော်အသံပါဝင်နေသည့်အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု သိရသည်။

ယခုအခါ ဆရာတော်အား မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရသည့်အပြင် မိသားစုဝင်များလည်း အဆက်အသွယ် မရရှိသေးကြောင်း KNG က စုံစမ်းသိရှိရသည်။

ထို့အပြင် ဇူလိုင်လ ၂၆ ရက်နေ့ည စစ်ကောင်စီတပ်က စီတာပူ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC မှ သိက္ခာတော်ရ Rev.Jumzang Gyung Hkawng  ဆရာ Mading Zung Kyang နှင့် သီတာနှစ်ခြင်းအသင်းတော်မှ လူငယ်ခေါင်းဆောင် Da Bang Sut Awng တို့အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကာ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဇူလိုင်လ ၂၇ ရက်နေ့ သိက္ခာတော်ရ ဆရာတော် Rev Jumzang Gyung Hkawng နှင့် ဆရာတော် Mading Zung Kyang တို့ကို ပြန်လွတ်ပေးခဲ့သောလည်း သီတာနှစ်ခြင်းအသင်းတော်မှ လူငယ်ခေါင်းဆောင် ဆရာ Dabang Sut Awng ကို ပြန်လွတ်ပေးခဲ့သည်ဟု သိရသော်လည်း ရက်အတိအကျကို မသိရသေးပါ။

အလားတူဘဲ မေလ ၂၂ ရက်ညတွင်လည်း ကားမိုင်းမြို့နယ်၊ နန့်စီအင်ကျေးရွာမှ ဒေသခံ ရွာသား အယောက် ၃၀ ကျော်ကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားပြီး ထိုအထဲတွင် KBC နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာတစ်ဦး၊ တရားဟောဆရာတစ်ဦးနှင့် ကက်သလစ်သာသနာမှ ဆရာတစ်ဦး တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဆရာတော်များမှာ ဖမ်းဆီး စစ်ဆေးခံရပြီးနောက် မေလ ၂၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်။

ထို့အပြင် ဧပြီလ ၂၀ ရက်ည ၁၀ နာရီခန့်တွင်လည်း မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းဝင်းအတွင်းမှ သင်းအုပ်ဆရာတစ်ပါး၊ အမှုတော်ဆောင်ဆရာတစ်ဦး နှင့်အတူ ကျောင်းစောင့် တစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခဲ့သလို ကက်သလစ်ဘုရားကျောင်းဝင်းမှ ဆရာတော်တစ်ဦးနှင့် ကျောင်းစောင့် တစ်ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့  မြစ်ကြီးနားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် အဆိုပါဆရာတော်များကို မေးမြန်းစစ်ဆေးရန်ရှိသည့်အတွက်ကြောင့်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဧပြီလ ၂၂ရက်နေ့တွင် PCG အဖွဲ့မှ ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်း ၃နာရီဝန်းကျင်ခန့် တွင် မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်တွင် ခရစ်ယာန်ဘာသာရေး ဆရာ  ဦးနှင့် အရပ်သားတချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဧပြီလ ၁ရက်နေ့တွင် အရပ်သားများကို လွတ်ပေးခဲ့သော်လည်း ခရစ်ယာန်ဘာသာရေးဆရာ ၃ဦးကို ဧပြီလ ၂ရက်နေ့မှ လွတ်ပေးခဲ့သည်။

မတ်လ  ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ ရောဘတ်စစ်ရှောင်စခန်းမှ အမှုတော်ဆောင်ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်မှ စစ်ရှောင်စခန်း ဝင်းတံခါးများကို ရိုက်ဖွင့်ပြီး အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ဧပြီလ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့တွင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ကတ်သလစ်ဘုရားကျောင်းမှ ကတ်သလစ်ဘုန်းတော်ကြီးတစ်ပါး အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း နှင့် လက်ရှိအကြံပေးသူဖြစ်သူ Rev. Dr Hkalam Samson ကို စစ်တပ်က ဧပြီလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော်လည်း တစ်ရက်မပြည့်ခင်တွင် ‘ငြိမ်းချမ်းရေးဆွေးနွေးရန်’ ဆိုသည့်အကြောင်းပြချက်ဖြင့် ပြန်လည် ဖမ်းဆီး ထိန်းချုပ်ခဲ့သည်။ ထို့နောက်  လအကြာ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်လူထုကို ဦးဆောင်နေသော ဘာသာရေး ဆရာတော်များ ဖမ်းဆီးခံရမှုအပေါ် ကချင်ဒေသ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဖြစ်သော အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက ‘Freedom of Religion ကို ကျူးလွန်နေပြီ၊ အပြစ်ထောက်ပြစရာမရှိဘဲ အသင်းတော်ကို ဦးဆောင်နေတဲ့ သင်းအုပ် ဆရာတော်တွေကို ဖမ်းဆီးထားတာကို လုံးဝ လက်ခံလို့မရဘူး’ ဟု KNG ကို သုံးသပ် ပြောဆိုသည်။

  စစ်ကောင်စီတပ်စခန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များတွင် စစ်တပ်သည် ခရစ်ယာန်ဘာသာရေးဆရာများကို ဦးတည်ကာ ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ခဲ့သည်။

ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ သုတေသီတစ်ဦးက “မြန်မာနိုင်ငံမှာ ဘာသာရေးကို Political Game လို အသုံးပြုနေတယ်။ ဘာသာရေးဟာ နိုင်ငံရးရဲ့ အောက်မှာဘဲရှိနေရမယ်ဆိုတဲ့ သဘော လုပ်ဆောင်တယ်။ ဦးနုလက်ထက် ကတည်းနေ ဘာသာရေးကို Buddhism ကို state religious အဖြစ်သတ်မှတ်တယ်။ ဝတ်ပြုကိုးကွယ်ခွင့်တော့ရှိတယ် ဒါပေမဲ့တွေးခေါ်ခွင့် ပြောဆိုခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့် အဲ့တာတွေက မရှိတော့ဘူး။ ကချင်အများပိုင်းက ခရစ်ယာန်ဖြစ်တယ်၊ ခရစ်ယာန်တွေအများပိုင်း IDPဖြစ်နေရတယ်၊ အသင်းသူ/သားဖက်ရပ်တည်တဲ့ သူကိုကျတော့ မကြိုက်ဘူးလေ၊ သူတို့အာဏာကို ထိပါးလာတာကြောင့်လို မြင်ပါတယ်။” လို့  သုံးသပ်ခဲ့သည်။

လက်ရှိနိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့် ကာလတွင် ခရစ်ယာန် ဘာသာရေး တည်နေရာနှင့် လူစုဝေးမှုများ စောင့်ကြည့် စစ်ဆေးခံနေရသည့်အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့်ဘာသာရေးအဆောက်အအုံများ၊ ဘုရားကျောင်းများ ပျက်စီးမှု ရှိနေသည်ကို တွေ့ရသည်။

အမေရိကန် နိုင်ငံခြားရေးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသည့် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာတွင် ၁၉၉၉ ခုနှစ်ကပင် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပေါ် ပြင်းပြင်းထန်ထန် ချိုးဖောက်နေသောကြောင့် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေ ၁၉၉၈ အရ ဘာသာရေး လွတ်လပ်ခွင့် “အထူး စိုးရိမ်ရ” တဲ့ နိုင်ငံအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာ၏ စာရင်းမှာအရင်ကတည်းက ထည့်သွင်းပြီး သားဖြစ်ပါတယ်။

By – LH

Show More
Back to top button