သတင်း

ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်

ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ  ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။

ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချထားတဲ့ ရွာ  ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ  ရက်အတွင်း သိမ်းပိုက်လိုက်နိုင်တယ်လို့ ဟုမ္မလင်း PDF တပ်ရင်း (နဲ့နီးစပ်တဲ့ အမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။

၂၁ ရက်နေ့က စတိုက်တာ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်တယ်  ရက်အတွင်းမှာ ဟိုဘက်ကနားမော်အထိရထားတယ် နားမော်ကနေ မှန်ဟုန်အထိကို PDF တွေသိမ်းထားတယ် အခု ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ တိုက်ပွဲခနပြန်ငြိမ်နေတယ်ရထားတဲ့နေရာတွေကိုရှင်းနေတုန်း”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

လက်ရှိ PDF တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေဟာ နားမော်၊မှန်ဟုန်  နောင်ကောင်ကောင်း၊ ပါဟုတ်  ငွန်စီရွာ စတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ SNA တွေ စစ်အာဏာသိမ်းနောက်ပိုင်း ဂိတ်ထိုင်ကာ အခွန်ကောက်နေတဲ့ ရွာတွေဖြစ်တယ်လို့ နောက်ထပ် ပါဟုတ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

ပထမနေ့ကတော့ နားမော်ဂိတ်ကိုစတိုက်တာပဲ ရွှေတူးသွားတဲ့လမ်းမှာသူတို့ကဂိတ်ထိုင်တာအဲ့ဂိတ်ကို စသိမ်းတာ SNA တွေကတချို့လက်နက်ချအလင်းဝင်တဲ့လူဝင် တချို့ပြေးတဲ့လူပြေးပါ့ အသေအပျောက်လည်းမနည်းဘူး”လို့ ပြောပါတယ်။

ဟုမ္မလင်း PDF တပ်ပေါင်းစုတွေသိမ်းပိုက်ထားတဲ့ နားမော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကျန်တဲ့ကျေးရွာတွေက အိမ်ခြေ ၈၀ ကနေ ၁၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာတွေဟာ SNA တပ်သားအင်အား ရာနဲ့ချီတပ်ချထားတဲ့ နောင်ပိုအောင်ကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး လတ်တလောမှာတော့ နောင်ပိုအောင်ကျေးရွာအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေနဲ့စုစုပေါင်းကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေ တောတောင်ထဲ စစ်ရှောင်းနေရတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နောင်ပိုအောင်ရွာထဲမှာလည်း သုံးပုံတစ်ပုံပဲကျန်တယ်အကုန်ပြေးနေကြပြီ နောင်ပိုအောင်၊နားမော်၊ခုန်ခမ်းတလျှောက်ကရွာတွေအကုန်ပဲ ဟုမ္မလင်းဘက်ကလမ်းပိတ်ထားလို့ပြေးမရဘူးရွှေမော်တွေဘက်ပြေးနေရတယ်”လို့ သူကပြောပါတယ်။

အခုလိုစစ်ရေးတင်းမာနေတာကြောင့် နောင်ပိုအောင်၊ဟုမ္မလင်းကားလမ်းပိုင်းကိုလည်း SNA တပ်က နောင်ပိုအောင်တံတားကနေပိတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက SNA တွေတပ်ထိုင်နေတဲ့ကျေးရွာအချို့ကို ဟုမ္မလင်းPDF နဲ့ KIAပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဟုမ္မလင်းPDFတပ်ပေါင်းစုတွေဟာ ဒီနှစ်ထဲမှာ ဖားကန့်မြို့နယ်နဲ့နီးတဲ့ဟုမ္မလင်းနယ်ထဲကကျေးရွာအများအပြားကိုသိမ်းပိုက်ထားပြီဖြစ်သလို ဟုမ္မလင်း အနောက်ခြမ်းရှိ ဖောင်းပြင်နယ်တကြော ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button