သတင်း

ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ်  သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။

တစ်လီတာရေသန့်တစ်ဘူး  သောင်းကျော်တယ်။ ဆီကလိုသလောက်လည်းဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင်ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲလိုသလောက်တော့ရောင်းပေး တယ်လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည် မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာ နဲ့မြင့်တက်လာတာလို့ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာလို့သိရပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာတာကြောင့် စက်သုံးဆီကိုမှီခိုပြီး ရပ်တည်နေကြရတဲ့ လုပ်ငန်း တစ်ချို့ရပ်နားထားရပြီး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

ဆီဈေးတက်တော့ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူတွေ ဆိုင်ကယ်ကယ်ရီ၊ဆိုင်ကယ်ဈေးသည်တွေပိုပြီး ထိခိုက်တာပေါ့ ကျောက်တူးကုမ္ပဏီတွေအတွက်တော့ အခုအချိန်ထိမထခိုက်သေးဘူး။ သူတို့က ဆီလှောင် ထားတာဆိုတော့ မထိခိုက်နိုင်သေးဘူး
လို့ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါတယ်။

ဒီဇင်ဘာလ  ရက်နေ့ ဒီကနေ့မှာတော့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့က စက်သုံးဆီပန့် ဆိုင်တွေမှာ စက်သုံးဆီတွေပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ၉၂ တစ်လီတာ ကျပ် ၁၃၀၀၀ ဝန်းကျင်ပေးဝယ်နေရတယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button