သတင်း

ဗန်းမော်- မံစီအကြားမှာရှိတဲ့ စစ်တပ်စခန်းအားလုံးနီးပါး KIA ပိတ်ဆို့တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့သိမ်းပိုက်နိုင်

ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် ဒီနေ့ ဒီဇင်ဘာလ  ရက်နေ့ကစပြီး  စစ်မျက်နှာပြင်ဖွင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီးတော့ တပ်စခန်းတစ်ချို့ သိမ်းပိုက်ရရှိထားပြီလို့ KIA ရှေ့တန်း သတင်းအရင်းမြစ်ကနေ သိရပါတယ်။

မံစီမြို့နယ်ထဲက ခမရ ၃၁၉၊ ခမရ  ၆၀၁၊ ခမရ ၃၅၂  ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ ကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား၊ ဗန်းမော် တက္ကသိုလ်ဝင်းနေရာတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့  KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။

တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း  နာရီလောက်ကနေ စတင်ဖြစ်လာတာ။ မိုးမောက်၊ မံစီဘက်မှာတင်မဟုတ်တော့ဘူး။ တိုက်ပွဲက ဗန်းမော်မြို့နဲ့ အနီးမှာပဲဖြစ်နေပြီ။ မိုးမောက်ဘက်ကတော့  မိုင်လောက်မှာဖြစ်နေတယ်။ ဗန်းမော် တက္ကသိုလ်၊ နမ့်ဖား၊ မင်းလှသာစည်၊ ဖန်းခါးကုန်း၊ ညောင်ပင်သာအကုန်လုံးမှာဖြစ်နေတယ်။ အခုဖြစ်တဲ့တိုက်ပွဲက ဗန်းမော်၊ မိုးမောက်၊ မံစီ ပတ်ပတ်လည်အားလုံးကို KIA က ဝိုင်းဝန်းပိတ်ဆို့ထားတိုက်ခိုက်နေတာ။ တပ်စခန်းတစ်ချို့လည်း သိမ်းထားနိုင်ပြီလို့ပြောပါတယ်။

ဒီဇင်ဘာလ  ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အထိ ဗန်းမော်– မံစီသွားလမ်း ညောင်ပင်သာ ကာကင်းစခန်း၊ ခလရ ၄၇ တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်း  ခု နဲ့ ဗန်းမော် တက္ကသိုလ်ဝင်းမှာတပ်ချထားတဲ့ စစ်တပ်နေရာတွေကို KIA သိမ်းပိုက်ရှင်းလင်းလိုက်ပြီလို့ သိရပါတယ်။

အလားတူပဲ ဗန်းမော်မြို့အနီးနဲ့ မိုးမောက်သွားလမ်း  မိုင်နေရာမှာလည်း တိုက်ပွဲဆက်ပြင်းထန်နေတာကြောင့်  KIA ပူးပေါင်းတပ်ဟာ ဗန်းမော်၊ မံစီသာမက  မိုးမောက်လမ်းဘက်ကိုလည်း ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ  ရက်နေ့ကစပြီး စစ်မျက်နှာ  ခု မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပေမယ့် တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဗန်းမော် – မံစီတစ်ကြော တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။

ဒီမနက် မိုးလင်းလာကည်းကနေ ဗန်းမော် နဲ့ မံစီ တစ်ကြော ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ အခုချိန်အထိ တပ်စခန်း သိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ နေရာအားလုံးမှာတိုက်ပွဲဲဖြစ်နေတာ အဲ့လောက်ပဲသိရပါသေးတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘလ နှစ်လအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ(ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုင်တည် နယ်စပ်မြို့အားလုံးကို သိမ်းပိုက်လိုက်ပြီး ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲက  ပတ်ခန့် ငြိမ်သက်သွားတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလ  ရက်နေ့မှာတော့ ဗန်းမော်နဲ့ မံစီ တစ်ကြောက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို တပြိုင်နက် တိုက်ပွဲထပ်မံဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

လက်ရှိ KIA ထပ်မံဖော်ဆောင်လိုက်တဲ့ တိုက်ပွဲဟာ ဗန်းမော်နဲ့ မံစီမြို့ နှစ်ခုစလုံးကို သိမ်းပိုက်ဖို့ စတင်လိုက်တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း စစ်ရေးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ဗန်းမော်ခရိုင်တွင်းမှာပါဝင်တဲ့ မိုးမောက်မြို့ကို ဩဂုတ်လမှာ KIA သိမ်းပိုက်ထားနိုင်ပြီး နောက်ထပ်ကျန်နေသေးတဲ့ ဗန်းမော်မြို့အနီးဆုံးရှိ မံစီမြို့နယ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေသလို ရွှေကူဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ်ဟာ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊  မိုးညှင်းခရိုင်ဆိုပြီး ခရိုင်  ခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦးရေ တစ်သန်းကျော်နေထိုင်ပါတယ်။ 

အဲဒီထဲကမှ ဗန်းမော်ခရိုင်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး စစ်ရေးအရ ရေလမ်းကြောင်းအချက်အချာကျတဲ့ ခရိုင်ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button