သတင်း

ဟုမ္မလင်းမှာ SNAနဲ့ PDF နှစ်ဖက်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်မှာ SNA နဲ့ PDF တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဆီက‌နေသိရပါတယ်။

ဧပြီလ ၂၃ ရက်နေ့ ဟုမ္မလင်းမြို့နယ်နောင်မိုးကျေးရွာရွှေမှော်နဲ့ ဆပ်ကယားကျေးရွာရွှေမှော်ထဲမှာ ရှမ်းအမျိုးသားများတပ်မတော်(SNA)နှင့် ဟုမ္မလင်း PDF တပ်ကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဟုမ္မလင်း ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

နောင်မိုးနဲ့ ဆပ်ကယားရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ပဲလေး စကားအော်ပြောတောင်ကြားရတယ်။ အဲ့တာဟိုနေ့က ရွှေမျော်တွေကိစ္စစကားများကြပြီးမှပစ်ကြခတ်ကြတာ ရွှေမျော်လုပ်နေတဲ့လူတွေလည်းသေတယ် ရွှေမျော်ပိုင်ရှင်တွေလည်းသေတယ်လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

နောင်မိုးကျေးရွာရွှေမှော်ကိုတော့ SNA ကထိန်းချုပ်ထားတာဖြစ်ပြီး ဆပ်ကယားကျေးရွာ ရွှေမော်ကိုတော့ PDFပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာလို့သိရပါတယ်။

အဲ့ဒီနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ဆပ်ကယားဘက်ခြမ်းက ထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် SNA တွေရှိတဲ့ နောင်မိုးဘက်ခြမ်းမှာ‌ ရွှေမျော်ပိုင်ရှင်တစ်ဦးအပါအဝင် ရွှေမှော်က အမျိုးသားနှစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေတာ ၃ ယောက် ဒဏ်ရာရတဲ့သူတစ်ချို့ဟုမ္မလင်းဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသားတစ်ဦး ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ရှိ နောင်ပိုအောင်၊နန်တော၊နောင်မိုးစတဲ့တစ်ကြောကို SNA တပ်ဘက်က ထိန်းချုပ်ထားသလို ဖားကန့်မြို့နယ်နဲ့ဟုမ္မလင်းမြို့နယ်အစပ်မှာရှိနေတဲ့ ဆပ်ကယား၊ရွှေပြည်အေး၊လွှစင်ကုန်းစတဲ့တစ်ကြောကို PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ နောင်ပိုအောင်ကျေးရွာထဲမှာအင်အားအလုံးအရင်းနဲ့တပ်ထိုင်ထားပြီ စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းမကြာခနထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကျေးရွာအများအပြားလည်းစစ်ဘေးရှောင်နေရဆဲ လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button