သတင်း

စီတာပူရပ်ကွက် ဓါးပြ ၃ ဦးဖမ်းဆီးရမိ၊ တပ်မိသားစုဝင်တစ်ဦးပါဝင်တယ်လို့ဆို

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ ဓါးပြ ၃ ဦးဖမ်းဆီးရမိပြီး အဲဒီထဲမှာ တပ်မိသားစုတစ်ဦးပါဝင်တယ်လို့ မြို့ခံတွေပြောပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၃ ရက်ည ၉နာရီဝန်းကျင် စီတာပူရပ်ကွက် KBC ဘုရားကျောင်းရှေ့မှာ လူငယ် ၃ ဦးက ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို တားဆီးပြီးဆိုင်ကယ်ဝိုင်းလု ဓါးမြတိုက်နေချိန် အနီးပတ်ဝန်းကျင်လူတွေနဲ့ လမ်းသွားလမ်းလာသူတွေ ဝိုင်းဖမ်းဆီးကြရာမှာ ဘုရားကျောင်းအကျော် ဂျပန်တံတားလမ်းကြားမှာ ဖမ်းဆီးရမိတာလို့ ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ဘုရားကျောင်းရှေ့မှာ အမျိုးသမီးဆိုင်ကယ်ဝိုင်းလုနေလို့ ဝိုင်းဖမ်းကြတာတဲ့ ဖမ်းရမိတော့ မေးကြတာ ပမ္မတီးဘက် စစ်တပ်ဝင်းထဲက တပ်မိသားစုဝင်တစ်ယောက်ပါတယ်။ကျန်တဲ့နှစ်ယောက်တော့ အပြင်လူတွေလို့ သိရတယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ဓါးပြ ၃ ဦးဟာ ခေတ်လက်ဖက်ရည်ဆိုင်က ဝန်ထမ်းတွေဖြစ်တယ်လို့သိရပြီး ဒေသခံတွေက ရဲလက်အပ်လိုက်ပြီလို့ သူကဆက်ပြောပါတယ်။

ဆိုင်ကယ်အလုခံရတဲ့အမျိုးသမီးကတော့ ဓါးပြ ၃ ဦးရဲ့ရိုက်နှက်ခြင်းခံရတာကြောင့်အနည်းငယ်ထိခိုက်ဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမြို့ကြီးတွေမှာ ခိုးဆိုးလုယက်မှုများလာသကဲ့သို့ မြစ်ကြီးနားမြို့ပေါ် လူနေအိမ်၊စျေးဆိုင်၊လမ်းမပေါ်၊ရွှေဆိုင်တွေမှာ လုယက်မှု၊ဓါးပြမှုအပြင် လူသတ်မှုတွေ မကြာခနဖြစ်ပေါ်လျက်ရှိနေပါတယ်။

ခိုးဆိုးလုယက်သူတွေဟာ ခိုးရာပါ ပစ္စည်းတွေကို တရားမဝင်အပေါင်ဆိုင်များနှင့် second အရောင်းဆိုင်လို့ လူသိများသည့် တစ်ပတ်ရစ်ဆိုင်တွေမှာ အဓိကရောင်းချကြပြီး ဝယ်ယူသူများအနေဖြင့်လည်းပစ္စည်းတန်းဖို့ရဲ့ တစ်ဝက်စျေးပေးကာ ဝယ်ယူနေကြသလို လောင်းကစားရုံတွေမှာလည်း အပေါင်လက်ခံတာရှိတယ်လို့ ဒေသခံတစ်ချို့ကပြောပါတယ်။

ဒါ့အပြင် ခုလိုခိုးဆိုးလုယက်၊ဓါးပြတိုက်ခံရမှုများလာတာဟာ အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးနိုင်ခြင်းမရှိတဲ့အပြင် မူးယစ်ဆေးဝါးနဲ့လောင်းကစားရုံတွေများ လာတဲ့နောက်ဆက်တွဲဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

ခုမြစ်ကြီးနား အဲခေမာသိရိရပ်ကွက် လမ်းတစ်လျှောက်မှာတောင် လောင်းကစားလုပ်လို့ရတဲ့နေရာ ၄ ခုလောက်ရှိတယ်။ ပြီးတော့ လောင်းကစားရုံတွေက အပေါင်လည်းလက်ခံတယ်။ မူးယစ်ဆေးဝါးလည်းရတော့ ခိုးဆိုးလုယ်မှုက ပိုဆိုးလာတာပေါ့ လို့ ပြောပါတယ်။

KNG ရဲ့စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ကြိမ်ထိရှိခဲ့ပါတယ်။

ဒီအချက်လက်ဟာ KNG ကစုစည်းထားတဲ့အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါယ်။အဘယ့်ကြောင့်ဆို ကချင်ဒေသမှာ ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြေပြင်အချက်သိရဖို့ခက်ခဲနေဆဲကြောင့်ဖြစ်ပါတယ်။

Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ခခုရှိခဲ့တယ်လို့ သိရပါတယ်။

By – အက်စတာ

Show More

Related Articles

Back to top button