ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ဖားကန့်မှာ အချဉ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်ဆီစာကျေးရွာရှိ  Sky ဟော်တည်ရှေ့မှာ အချဉ် ပေါင်းသည်တစ်ဦး ပစ်သတ်ခံရတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် တစ်နာရီဝန်းကျင်မှာ ပစ်သတ်ခံရတယ်လို့ သိရပေမယ့် သတ်ခံရတဲ့အကြောင်းရင်းကို သေချာမသိရဘူးလို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ဘာကြောင့်သတ်ခံရလဲဆိုတာတော့ မသိဘူးဗျ။ အချဉ်ပေါင်းသည်ပစ်သတ်ခံထားရတယ်ဆိုတာလောက်ပဲ သိရတယ်လို့ ပြောပါတယ်။

ပစ်သတ်ခံရသူဟာ ငြိမ်းချမ်းသာယာရပ်ကွက်မှာနေထိုင်တဲ့အသက် ၃၀ ဝန်းကျင်ရှိ အချဉ် ပေါင်းသည်တစ်ဦးဖြစ်တယ်လို့ သိရပြီး အလောင်းကိုတော့ လုံးခင်းသင်္ဂဟအသင်းက သုဿာန်ပို့ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစ ဖားကန့်မြို့နယ်ထဲ စစ်တပ်ဝင် ရောက်လာတဲ့နောက် သေနတ်နဲ့ပစ်သတ်ခံရတဲ့ အရပ်သား (၁၃) ဦး၊သတ်ဖြတ်ခံရပြီး ရေထဲကပုတ်ပွအ‌လောင်း()လောင်း၊ တိုက်ပွဲကြားယမ်းဂိုဒေါင်ဒရုန်းဗုံးကြဲချခံရလို့ သေဆုံးသူ အရပ်သား (၃၃) ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ခုစစ်ကြောင်းဝင်လာတဲ့ နောက် ပိုဆိုးလာတယ်။ စားဝတ်နေရေးက တစ်မှောက်၊အပြင်ထွက်မယ်ကြပြန်တော့လည်း ဘာမှန်းမသိ သတ်ခံရတာတွေများလာတော့ ဘယ်သွားဖို့တောင် ခပ်လန့်လန့်ပဲလို့ ဖားကန့်မှာနေတဲ့ နောက်ထပ်အမျိုးသားတစ်ဦး ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းရှိ နေရာတစ်ချို့မှာ လတ်တလော စစ်တပ်နဲ့ KIA တို့ စစ်ရေးတင်းမာနေသလို တရားခံမပေါ်တဲ့သတ်ဖြတ်ခံရမှု ဖြစ်စဉ်တွေလည်း ပိုများလာနေတယ်လို့ သိရပါတယ်။

ဒါဟာ ဖားကန့်မြို့နယ်ကို အဓိကအုပ်ချုပ်နေတဲ့ စစ်တပ်နဲ့ KIA နှစ်ဖွဲ့စလုံးမှာတာဝန်ရှိသလို ပြည်သူ့လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ပေးကြဖို့လည်း ပြည်သူတွေ မျှော်လင့်နေကြပါတယ်။

By – CJ

Show More

Related Articles

Back to top button