သတင်း

သားအဖချင်း ရန်ဖြစ်ရာကနေ သားဖြစ်သူ ဓားခုတ်ခံရပြီး ညာလက်ပြတ်

မြစ်ကြီးနားမြို့မှာ သားအဖချင်း စကားများရန်ဖြစ်ရာကနေ သားဖြစ်သူ ဓားခုတ်ခံရပြီး ညဘက် လက်ပြတ်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ပြည်သူတွေ ဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဩဂုတ်လ ၁၅ ရက်ည၇ခွဲ ဝန်းကျင်အချိန် ကျွန်းပင်သာရပ်ကွက်က နေအိမ်တစ်ခုမှာ သားဖြစ်သူနဲ့ အဖေဖြစ်သူ စကားများရန်ဖြစ်ခဲ့ပြီး သားဖြစ်သူကို ဓားနဲ့ ခုတ်ခဲ့တဲ့အတွက် ညာဖက်လက်ဆစ်ကနေ ပြတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

ဓားခုတ်ဒဏ်ရာကြောင့် ညာဘက်လက်ဆစ် ပြတ်ထွက်သွားတဲ့အပြင် ဒဏ်ရာ ၄ချက်တွေ့ရှိခဲ့ရတယ်လို့ ဧရာတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

ဘယ်ခြေထောက် ဘယ်လက် နဲ့ မျက်နာမှာပါခင်ဗျာ ဘက်လက် ပုခုံးမှာက ခုတ်ရာပါခင်ဗျာ ခုတ်တဲ့ဓားကိုတော့ ကျွန်တော်မတွေ့မိဘူးဗျ ဒဏ်ရာကို ဦးစာပေးမို့လို့ပါခင်ဗျာလို့ ဆိုပါတယ်။

ဓားအခုတ်ခံရတဲ့ အမျိုးသားဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ  မိသားစုဝင် အချင်းချင်း ဓားခုတ်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ဓားထိုး လုယှက်မှုတွေလည်း ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရာဇဝတ်မှုတွေ တစ်နေ့တခြား ပိုမို ဆိုးရွားလာပေမယ် တာဝန်ရှိသူတွေ အနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ခြင်း အားနည်းသေးတယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button