စစ်ရေးသတင်း

ကချင်အထူးဒေသ(၁) ပြန်ရဖို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က လမ်းကြောင်း ၃ ခုနဲ့စစ်‌ရေးပြင်ဆင်နေ

မြစ်ကြီးနားမြို့ထဲရှိမြောက်ပိုင်းတိုင်စစ်ဌာနချုပ်(မပခ)နဲ့ မြို့မရောက်ခင် ၁၅ မိုင်ဝန်းကျင်မှာအကွာမှာရှိတဲ့ ပြည်ထောင်စစ်လေ့ကျင့်ရေးသင်တန်း‌ကျောင်းဟာ ကချင်ဒေသတွင်း ခေတ်အဆက်ဆက် စစ်တပ်ရဲ့အဓိက စစ်သင်တန်းပို့ချရာနေရာဖြစ်ပါတယ်။

ဒီစစ်လေ့ကျင့်ရေးသင်တန်း ကျောင်းနှစ်ခုမှာ စစ်တပ်အပြင် လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေ စစ်သင်တန်းပုံမှန်ပို့ချလျက်ရှိပြီး ပြီးခဲ့တဲ့ မေလမှာတော့ အင်အား ၅၀၀ ခန့် အများဆုံးသင်တန်းဆင်းခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်သင်တန်းဆင်းတဲ့ထဲမှာ ကချင်အထူးဒေသ()က လက်ကျန် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ လော်ဝေါ် ၊လာချိဒ် လူမျိုးအမည်ခံပြီး ပြည်သူ့စစ်လက်အောက်မှာရှိနေတဲ့ ပြည်သူတစ်ချို့နဲ့ ဝူယန်လီဆူပြည်သူ့စစ်အဖွဲ့စု‌ ဆောင်းခံရသူ တွေ အများဆုံးပါဝင်တယ်လို့ စစ်ရေးသတင်း‌တွေ ပြောပါတယ်။

စစ်တပ်ဟာလက်လွတ်လိုက်ရတဲ့ ကချင်အထူးဒေသ()ကို ပြန်လည်ရယူဖို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေကို အသုံးချပြီး စစ်အင်အားစုဆောင်းကာ စစ်သင်းတန်းပို့ချနေတာဖြစ်ပါတယ်။

ကချင်အထူးဒေသ()က ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ပညာမွမ်းမံသင်ကြားပေးပြီးတော့ စစ်သင်တန်းပြီးမြောက်တဲ့ စစ်အင်အားတွေကို ဝိုင်းမော် ၅၈ တပ်ရင်းမှာ စုဆောင်းထားကာ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကနေ ဝါးရှောင်အထက်ပိုင်းအထိ စစ်ကြောင်းထိုးဖောက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းထဲမှာ စုဆောင်းနေတာက ၃ လကျော်လောက်တောင်ရှိလာပြီ။ အဲထဲမှာက အကုန်စုံတယ် လီဆူပြည်သူ့စစ်တွေပါတယ်။ ဝေါ်လော်တွေလည်းပါတယ်။ နောက်ဇခုန်တိန့်ယိန်းရဲ့ လူတွေလည်းပါတယ်။ ဩဂုတ်လကနေ စပြီး ထိုးလာလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတဲ့ သဘောတွေ့ရတယ်လို့ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေ တပ်သားရာနဲ့ ချီ စစ်သင်တန်းပို့ချနေတဲ့ အခြေအနေ

ဩဂုတ်လကတည်းကနေစစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လမြန်ကျေးရွာအထိ စစ်ကြောင်းထိုးတက်လာခဲ့ကြတာဖြစ်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား စက်တင်ဘာလဆန်းပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

လမြန်ကျေးရွာအထိ ထိုးတက်လာတဲ့ စစ်ကြောင်းတွေကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းထိုးတက်လို့မရဘဲ ဝူယန်ကျေးရွာ ဘက်ခြမ်းအထိ တပ်ပြန်ဆုတ်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။

ဝိုင်းမော် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်စခန်းမှာရှိတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက လမြန်ဝါးရှောင်လမ်းထိုးစစ် ပြန်ဆုတ်ထားပေမယ့် နောက်ထပ်လမ်း‌ကြောင်းတွေဖြစ်တဲ့ ဂွေထူမန်ဝိန်းမန်ဒေါင်လမ်းအပြင် နောက်ထပ် ပူတာခရ်ိုင်ထဲက ခေါင်လန်ဖူးဖီမော် လမ်းကြောင်းနေရာကနေလည်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ဝိုင်းမော်ရဲ့ စစ်ရေးအခြေအနေကို အခုလို ဆက်ပြောပါတယ်။

ဝိုင်းမော် ၅၈ ထဲမှာ ပို့ထားတဲ့ စစ်အင်အားတွေကို လမြန်ဝါးရှောင်ဘက်ကိုတော့ စစ်ကြောင်းတစ်ခုနဲ့ ထိုးပြနေတဲ့ ပုံစံပြ‌နေတာ သဘောက ဟန်ပြလုပ်နေတာ။ သူတို့အဓိက ထိုးချင်တာက ဂွေထူကနေ မန်ဝိန်း၊ မန်ဒေါင် ဘက်ကို ထိုးပြီးတော့ ရှငေါ် ကနေ ချီဖွေကို ဦးတည်နေတာပေါ့လေ။ နောက် ခေါင်လန်ဖူးဘက်ကနေ ဖီမော်ဘက်ကို ဆင်လာမယ်ပေါ့။ တကယ်လို့ အခုထိုးနေတဲ့ လမြန်ဝါရှောင်ဘက်ကို ပေါက်သွားရင်လည်း ဆဒုံးဘက်ကနေ ဆင်းလာပြီး ထိုးဖို့ရှိနေတယ်လို့ပြောပါတယ်။

စစ်သင်တန်းပို့ချနေတဲ့ မြင်ကွင်း

စစ်တပ်ဘက်ကနေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတစ်လျှောက်မှာ ဩဂုတ်လအတွင်းကနေတိုက်ပွဲပြန်လည်ပြင်းထန်လာသလို စစ်တပ်ကဘက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ မြစ်ကြီးနားဘက်ခြမ်းကနေ လက်နက်ကြီး ပစ်ခတ်တိုက်တာတွေ ဆက်တိုက်ဖြစ်နေပါတယ်။

စစ်ကြောင်းလမ်းကြောင်း ၃ နေရာကနေ ထိုးဖို့ စစ်ဆင်ရေးရှိနေတဲ့ စစ်တပ်က ယခင် ကချင်အထူးဒေသ()နယ်မြေထဲရှိ ချီဖွေ၊ ပန်ဝါ၊ ဆဒုံး၊ ကန်ပိုင်တည်၊ ဖီမော စတဲ့ မြို့နေရာတွေကို ပြန်ရဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အဲဒီဒေသတွေဟာ ကချင်ပြည်နယ်ရဲ့ ကမ္ဘာကျော် ရွှေနဲ့ မြေရှားသတ္တုအဓိက ထွက်ရှိတဲ့ နေရာဒေသတွေဖြစ်သလို တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကချင်အထူးဒေသ() အပါ ကချင်ပြည်နယ်ထဲက ဖားကန့်လို ကျောက်စိမ်းထွက်ရှိတဲ့ ဒေသကိုလည်း ၇၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

သယံဇာတထွက်ရှိပြီး စစ်ရေး၊ နိုင်ငံရေးအတွက် အရေးပါတဲ့ မြို့နေရာတွေကို လက်လွတ်ထားရတဲ့ စစ်တပ်က ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကနေ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်၊ ဖားကန့် နဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button