သတင်း

ပူတာအိုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ချောင်းရေတွေကြီးပြီး လမ်းတံတားနဲ့ လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ကတည်းကနေ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့နဲ့ ၅ မိုင်အကွာဝေးတဲ့ အထက်ဆန်ခေါင်နဲ့ငါးနူခါးကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ပါတိတ်ချောင်းရေကြီးပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

မိုးကဆက်တိုက်ရွာနေတာဟိုပတ်ကတည်းကနေပဲ မနေ့က (စက်တင်ဘာ ၁၆) မနက်ပိုင်းကနေရေစကြီးတာ ရွာထဲထိရေဝင်တယ်။ တစ်ချို့ချောင်းနဲ့နီးတဲ့ခြံတွေဆို ရေတိုက်စားကုန်ပြီး ချောင်းဘေးက မုံညှင်းခင်းတွေကတော့ရစရာမရှိလောက်ဘူးရေပြည့်နေတာ တံတား (ကြိုးတံတား) တစ်ခုလည်းပါသွားပြီရေနဲ့လို့ သူကပြောပါတယ်။

တောင်ကျချောင်းရေတွေကြောင့် ပါတိတ်ချောင်းကိုလွှဲထားတဲ့ ရေလွှဲဆယ်ကျိုးပေါက်မှုဖြစ်ပြီး အခုလို ရေကြီးရေလျှံမှုဖြစ်ခဲ့တာလို့သိရပါတယ်။

ခုလို ချောင်းရေကြီးမှုကြောင့် ပါတိတ်ချောင်းကူးတံတား(ကြိုးတံတား) တစ်ခုလည်းမျောပါသွားပြီး အဲ့ဒီတံတားဟာ ခါးနူခါး၊အထက်ဆန်ကောင် ဒေသခံတွေ လယ်ခင်းနဲ့စိုက်ပျိုးခြံတွေဘက်ကိုသွားတဲ့အဓိက တံတားလို့လည်းသိရပါတယ်။

တံတားကလယ်တောသွားတဲ့တံတားပါချောင်းဟိုဘက်ကမ်းမှာအခင်းတွေရှိတယ် တံတားနဲ့ပဲသွားရတာပါသွားပြီ နောက်ပြီး လမ်းမကြီးထဲကပဲ တံတားငယ်တစ်ခုလည်းပါသွားတယ်လို့ နောက်ထပ် အမျိူးသားတစ်ဦး ဆက်ပြောပါတယ်။

ချောင်းနဲ့နီးတဲ့ အိမ်ခြံတွေရေတိုက်စားပြီး လူနေအိမ်တွေအထိရေဝင်ရောက်တာတွေရှိနေတယ်လို့သိရပါတယ်။

ပူတာအိုဒေသမှာ ဒီနှစ်မိုးရွာသွန်းမှုက ယခင်နှစ်တွေထက် ပိုများတယ်လို့သိရပြီး ပူတာအိုအထက်ဘက် နောင်မွန်၊ခေါင်လန်ဖူးဘက်မှလည်း ရေကြီးရေလျှံမှုတွေအကြီးအကျယ်ကြုံတွေ့ခဲ့ရပါတယ်။

ပူတာအိုမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး လက်ရှိရေကြီးမှုဖြစ်နေတာက မြို့ရဲ့ အနောက်ဘက်ခြမ်းကရွာတွေ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button