သတင်း

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ

ကချင်ပြည်နယ် မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ မြစ်ဆုံအထက် တန်ဖရဲဂိတ်နဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ မူလာရှီးဒီဂိတ်တွေမှာ အခုနောက်ပိုင်းအစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ယင်းလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ပြည်သူတစ်ဦးပြောပါတယ်။

အခုနောက်ပိုင်းက ကားနဲ့ခရီးသွားမယ်ဆိုလည်း သတိထားပြီးသွားလာတာကောင်းတယ် တခါတလေဖုန်းတွေစစ်ချင်စစ်တယ် ပိုဆိုးတာကမှတ်ပုံတင်အရမ်းစစ်လာတယ် လေယာဉ်စီးဖို့မှတ်ပုံတင်မရှိလို့ကားနဲ့သွားတာလုပ်လို့မရဘူးပိုစစ်တယ်မှတ်ပုံတင်မပါလို့မရဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။

မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်နဲ့ပူတာအိုမြို့အထွက် မူလာရှီးဒီဂိတ်တွေမှာပိုမိုအစစ်အဆေးများပြီး သက်ကြီးပိုင်းတွေမှတ်ပုံတင်မပါလာရင်ညှိနှိုင်းပြောဆိုလို့ရပေမယ့် လူလတ်ပိုင်းတွေ မှတ်ပုံတင်မပါလာရင်ဒဏ်ငွေဆောင်ရတာ၊လှည့်ပြန်ခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။

ဒီစစ်ဆေးရေးဂိတ်အားလုံးဟာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကတည်းက အစစ်အဆေးပိုမိုတင်းကြပ်လာတာလို့သိရပြီး ကုန်ကားတွေပစ္စည်းဖောက်စစ်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။

ဂျက်ဖာတွေဆိုရင်ဖောက်စစ်တယ် အိတ်ဆိုလည်းဖွင့်စစ်တယ် တစ်နာရီ၊တစ်ခါတစ်လေ နာရီဝက်လောက်ကြာတယ်ခါတိုင်းအဲ့လောက်ကြီးမစစ်ဘူးလို့ ပူတာအိုမြို့ခံတစ်ဦးပြောပါတယ်။

အခုလိုကုန်ကားတွေမှာပါတဲ့ပစ္စည်းတွေကိုစစ်ဆေးတာ ခရီးသည်တွေကိုအသေးစိပ်စစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာတာမျိုးလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။

ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ်ဧပြီလ မတိုင်မှီအထိ ပုံမှန်အတိုင်းသွားလာလို့ရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နောက် အစစ်အဆေးပိုမိုတင်းကြပ်လာတာ၊ကားလမ်းဖြင့်လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံရတာတွေရှိလာပါတယ်။

လက်ရှိမှာတော့ပူတာအိုမြစ်ကြီးနားလမ်းပိုင်းထဲမှာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့နေရာတွေရှိသလို KIA နဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ နေရာလည်းရှိနေပါတယ်။

မြစ်ကြီးနားမြို့နဲ့ မိုင်ပေါင်း ၂၁၈ မိုင်ရှိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုခရိုင်ထဲက မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့မြို့နယ်တွေဟာ မြစ်ကြီးနားကနေတဆင့်ပူတာအိုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အားထားနေရတာဖြစ်ပါတယ်။

ပူတာအိုကနေ မြစ်ကြီးနားကိုတော့ ကုန်ကြောင်း၊လေကြောင်း နှစ်စလုံးနဲ့သွားလာနိုင်ပေမယ့် ယခုနောက်ပိုင်း လေယာဥ်လက်မှတ်စျေးနှုန်းဟာ ကျပ် ၃၈၀၀၀၀ ကနေကျပ် ၄၀၀၀၀၀ ကျော်အထိရှိလာတာကြောင့်ခရီးသွားတွေဟာကုန်းကြောင်းကိုသာအားထားရပြီးအခုလိုအစစ်အဆေးများလာတာကြောင့်အခက်အခဲတွေဖြစ်နေကြောင်းသိရပါတယ်။

ပူတာအိုခရိုင်ထဲက အထက်ဖော်ပြပါမြို့နယ်သုံးခုအနက် ခေါင်လန်ဖူးမြို့နယ်မှာတော့ စက်တင်ဘာ ၁၉ ရက်နေ့ကစလို့ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်က လာစီဆင်အနီးမှာ KIAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်တွေကြား တိုက်ပွဲပြင်းထန်ပြီးစစ်ရေးတင်းမာနေတာဖြစ်ပါတယ်။

အခုလိုခေါင်လန်ဖူးဘက်မှာတိုက်ပွဲ ဖြစ်ပြီးစစ်ရေးတင်းမာနေတာကြောင့် ခေါင်လန်ဖူးမြို့နယ်ကိုတိုက်ရိုက်ဆက်သွယ်ထားတဲ့ ပူတာအိုမြစ်ကြီးနားလမ်းပိုင်းမှာအခုလိုအစစ်အဆေးတင်းကြပ် နေတာဖြစ်နိုင်ကြောင်းဒေသခံတွေကဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့အောက်တိုဘာ  ရက်နေ့က ခေါင်လန်ဖူးမြို့ပေါ်မှာ စစ်တပ်ထောက်ခံသူတွေနဲ့ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အပေါင်းအပါတွေကိုထောက်ခံတဲ့လူတစ်စုက စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်တွေ လက်ရှိဆင်နွဲနေတဲ့ လာစီဆင်နဲ့လန်ဆယ်ကျေးရွာဘက်ဦးတည်နေတဲ့ထိုးစစ်ကိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့ပြီးမနေ့က အောက်တိုဘာ  ရက်နေ့မှာလည်း လည်းပူတာအိုမြို့မှာအလားတူဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button