သတင်း

လက်နက်နဲ့ အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီဘက်ပြောင်းလာ

စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး KIA ပူးပေါင်းတပ်ဆီ လက်နက် ၂ လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ တော်လှန်ရေးအင်အားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဖားကန့်မြို့နယ် ဆန်းကြွယ်ရွာမှာအထိုင်ချထားတဲ့ တပ်ရင်း ခမရ ၃၈၅ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာဘဲ KIA/KPDF ပူးပေါင်းတပ်တွေဆီဘက်ပြောင်းလာလို့ ဂုဏ်ပြုဆုငွေ သိန်း ၃၀ ကျပ်ပေးအပ် ခဲ့သေးတယ်လို့ ပြောပါတယ်။

အဓိကကတော့ လက်နက်နဲ့ ပြည့်သူ့စစ်ဘက်ကနေအလင်းဝင်လာတယ်လို့တော့သိရတယ်။ အလင်းဝင်လာခဲ့တာဟုတ်ပါတယ်လို့ KPDF နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့က ဘက်ပြောင်းလာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးကို ကြိုဆိုပြီး ကျန်းမာစွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ နှစ်ပတ်ကျော်ကြာတိုက်ပွဲတွေငြိမ်သက်နေရာကနေ ဖားကန့်မြို့တပ်မမှူးကျော်ထင်ငြိမ်း အပြောင်းအလဲဖြစ်ပြီး တဲ့နောက် နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ နှစ်ဖက်တပ်တွေအကြားပစ်ခတ်မှုတွေပြန်လည်ပြင်းထန်လာနေတာဖြစ်ပါတယ်။

အဲ့ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှာဘဲ နှစ်ဖက်တိုက်ပွဲအကြား အရပ်သား ၂ ဦးသေဆုံးခဲ့ရတဲ့အပြင် နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ တောမှော်အတက်လမ်း ကထန်ကွက်သစ်က အရပ်သားနေအိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး မိခင်တစ်ဦးသေဆုံးခဲ့ရပါသေး တယ်။

ဒါ့အပြင် ဖားကန့်မြို့အတွင်းအထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေဘက်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေကို လက်နက် ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေဆက်တိုက်ပြုလုပ်နေတာ ဒီနေ့မနက်ပိုင်းအထိပဲဖြစ်ပါတယ်။

ဖားကန့်မှာကစစ်ရေးအခြေနေတင်းမာတယ်လို့ပြောရမှာပါ။ လောလောဆယ် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ်။စစ်ကောင်စီက ဒီလမ်းစဥ◌်အတိုင်းဆက်သွားနေမယ်ဆိုရင်တော့ မြို့တွေရွာတွေ ပြည်သူအတွက်ကတော့ စိုးရိမ်စရာတွေတော့ရှိတာပေါ့။ ပြည်သူတွေကတော့ အဲ့အတွက်စိုးရိမ်ပြီး အလုပ်အကိုင်တွေမသွားရ တချို့ဆိုအိမ်အပြင်တောင် မထွက်ကြတဲ့အခြေနေပေါ့လို့ဖားကန့်မြို့ခံတစ်ယောက်က လက်ရှိဖားကန့်အခြေနေကိုပြောပြပါတယ်။

တစ်ဖက်မှာတော့ ဖားကန့်မြို့နယ်ထဲကတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDF တွေ အပါအဝင် ရပ်မိရပ်ဖတွေကလည်း မြို့နေပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့၊ အပြင်မထွက်ကြဖို့သတိပေးဆော်ဩမှုတွေ လုပ်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝှမ်းမှာ သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေ ကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ရေးအရှိန့်မြင့်ကြိုးစားနေပြီး ဖားကန့်မြို့အတွက်အရေးပါတဲ့ နေရာတွေကိုလည်းထိန်းချုပ်ဖို့ဆက်လက် ကြိုးစားနေဆဲအခြေနေဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button