မူးယစ်ဆေးဝါးသတင်း

မိုးကောင်းမြို့က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတွေကို ဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေပြော

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆိုကြပါတယ်။

လက်ရှိ မိုးကောင်းမြို့ရဲ့မူးယစ်ဆေး တိုက်ဖျက်ရေးကို ရဲမှူးရဲထွန်းအောင်က တာဝန်ယူကာ နိုဝင်ဘာ ၂၀ ရက်နေ့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားနဲ့ ရောက်လာပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ ၂၁ ရက် နောက်တစ်နေ့မှာဘဲ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြားမှာ ပုံမှန်အတိုင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေတုန်းပဲလို့ အမည်မဖော်လို့တဲ့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

မူးယစ်ကလည်း မနေ့ကဖမ်း ဒီနေ့ပြန်ရောင်းပြီး ခင်းပြီးရောင်းနေတယ် သုံးစွဲသူ ၃၀လောက်ရှိနေတယ်။ ပုံမှန်တိုင်းပဲပြန်ဖြစ်နေတာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ များလာတာနဲ့အတူ မိုးကောင်းမြို့မှာ ယခင်နှစ်တွေထက်ခိုးဆိုးလုယက်တာတွေလည်း ပိုများလာနေတယ်လို့ သိရပါတယ်။

မိုးကောင်းမြို့ထဲ ဒီနိုဝင်ဘာလ သုံးပတ်အတွင်းမှာ ဆိုင်ကယ်  စီးထိ ပျောက်ဆုံးခဲ့ပြီး တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။

ဖိုးသမားတွေခိုးတာ ပြီးခဲ့တဲ့  လပိုင်းလောက်ကတော့ ဖိုးသမားတစ်ဦး အိုးတန်းထဲက ဖုန်းတစ်လုံးခိုးယူခဲ့တာကို အိမ်ရှင်တွေ ဖမ်းမိပြီး ဆုံးမပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။

ဆိုင်ကယ်ခိုးယူတဲ့တရားခံတွေကိုဖမ်းဆီးနိုင်ခြင်းမရှိသေးပေမယ့် ဒေသခံတစ်ချို့သုံးသပ်တာကတော့ ဆိုင်ကယ်ခိုးယူသူတွေဟာ မူးယစ်ဆေးသမားတွေသာဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့မှာ တစ်လကို ခိုးမှုဆယ်ကြိမ်ထက်မနည်း ရှိနေပြီး အိမ်ရှေ့တပ်ထားတဲ့ မီးသီးအပြင် ရေမော်တာ၊ ဆိုင်ကယ်၊ ဖုန်း စတဲ့ပစ္စည်းတွေကို အိမ်ထဲထိ ဝင်ရောက် ခိုးယူကြတယ်လို့ သိရပါတယ်။

မိုးကောင်းဒေသခံတွေ ပြောကြားချက်အရတော့ ဒီလို ခိုးမှုပိုမို ဆိုးရွားလာတာဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ များပြားလာတာကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးဖြစ်တဲ့ ရွာသစ်ရပ်ကွက်ဟာ အထက  ကျောင်းဘေး၊ တရုတ်ဂူကြီး ၂လုံးအကျော် ဧရာရုပ်ရှင်ရုံ ဘေးမှာရှိနေပြီး လမ်းကြီးမှာ ဆေးထိုးအပ်တန်းကြီး ပေါ်တင်သုံးစွဲနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ကလေးတွေ၊ ကျောင်းသား/သူတွေအတွက် အမြင်မတော်တာတွေ၊ သွားလာရခက်ခဲတာတွေ ဖြစ်နေတဲ့အတွက် သက်ဆိုင်သူတွေအနေနဲ့ အရေးယူဖမ်းဆီးပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်ကြား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၂၀ ဦးကို အချုပ်ကားဖမ်းခေါ်သွားတဲ့တစ်ရက်အတွင်းမှာ အလားတူ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်က မညိုမီထွန်းရဲ့ နေအိမ်ကနေ ကျပ်သိန်း ၆ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(CCDAC Myanmar) ကလည်း သူတို့ရဲ့ဖော့စဘုတ်ပေ့ကနေ ထုတ်ပြန်ခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button