မူးယစ်ဆေးဝါး

  • Sep- 2026 -
    16 September

    မူးယစ်ဆေးရောင်းတဲ့ ဒိုင်ကြီးတွေကို ငွေယူပြီး ပြန်လွတ်ပေးတာ၊ ရှောင်ပြေးခိုင်းတာတွေ ရှိနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဒိုင်လတ်နဲ့ ဒိုင်ကြီးတွေကို ပိုက်ဆံယူပြီး ပြန်လွတ်ပေးတာနဲ့ ကြိုတင်ရှောင်ပြေးခိုင်းတာမျိုးတွေ ရှိနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

    Read More »
  • 7 September

    ရဲဌာနအပြောင်းအလဲနောက် မိုးကောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု လျော့ကျလာ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရဲဌာနအတွင်း အပြောင်းအလဲလုပ်ပြီးတဲ့နောက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ လျော့ကျသွားတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

    Read More »
  • Jul- 2026 -
    31 July

    မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်လာတဲ့ ကလေးငယ်များ

    ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာဟာ နှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ ရှိနေတယ်ဆိုတာကလည်း ဒေသခံတွေအတွက် အသစ်အဆန်း မဟုတ်တော့ပါဘူး။

    Read More »
  • 15 July

    မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။ လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ (၂၁ )အလယ် အိမ်တန်းလျားနှစ်ခုမှာ မူးယစ်ဆေးဝါး အဓိကရောင်းနေကြတယ်လို့ သိရပါတယ်။ “အဓိကတော့ အုပ်ချုပ်ရေးမှူးတွေ ရဲတွေက သိသိကြီးနဲ့ လွတ်ထားကြတာလေ။ ခုဟာက ရက်တစ်ရာစီမံကိန်းပြီးနောက် အရင်လိုပြန် ရောင်းဝယ်နေကြတာ တစ်နေကုန် လမ်းဆုံ၊လမ်းခွတွေမှာ  လူမြင်ကွင်းတွေမှာ ပုံမှန်ရောင်းဝယ်နေကြပြန်ပြီ”ရမ်ပူရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲတဲ့ ဧပြီလ ၂၀ ရက်နေ့ကနေ ရက်ပေါင်း ၁၀၀ စီမံကိန်းကို ကြေညာခဲ့ပြီး မြစ်ကြီးနားမြို့တွင်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကိုဖမ်းဆီးတာတွေလုပ်ခဲ့ပမေယ့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ မြစ်ကြီးနားမြို့ပြ ည်သူတွေ ထောက်ပြနေကြပါတယ်။ ဒါကြောင့် လတ်တလော ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလက်လီလက်ကား ရောင်းသူအားလုံးပေါင်းရင် အယောက် ၃၀ ဝန်းကျင်ထိရှိလာနေတယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ပိုမိုထိခိုက်ပျက်စီးလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေဟာ အသက် ၁၂ အရွယ်ကနေ ၁၇ နှစ်အရွယ်ထိ အသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။ “ခုနောက်ပိုင်းက အသက်မပြည့်တဲ့ကလေးတွေကို အသုံးချပြီး ရောင်းခိုင်းနေကြတာဟုတ်တယ်။ အခြေနေတော့တော်တော်ဆိုးနေပြီ” လို့ နောက်ထပ်ရပ်ကွက်နေပြည်သူတစ်ဦး ထပ်ပြောပါတယ်။ ရမ်ပူရပ်ကွက်တာဝန်ကျ ဒုရဲအုပ်နဲ့…

    Read More »
  • 14 July

    မြစ်ကြီးနားမှာ အသက်မပြည့်တဲ့ ကလေးငယ်များ မူးယစ်ဆေးရောင်းချနေဟုဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ မူးယစ်ဆေးဝါးရောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ ၂၁ မှာ မောင်နှမနှစ်ဦးဖြစ်တဲ့ အသက် ၁၂အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ ၁၆ ဝန်းကျင်အရွယ် မိန်းကလေးဖြစ်ကြပြီးတော့ နောက်ထပ်  ၁၆…

    Read More »
  • 8 July

    ထွက်ပြေးသွားတဲ့ မူးယစ်ဒိုင်ပြန်ရောက်လာပြီး ပုံမှန်တိုင်းရောင်းဝယ်နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့က ထွက်ပြေးနေတဲ့ မူးယစ်ဒိုင်နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီး မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲမှုတွေလည်း အရင်လို ပြန်လည် စည်ကားနေတယ်လို့ မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။

    Read More »
  • Jun- 2026 -
    25 June

    ရေနဲ့အတူ မျှောပါလာတဲ့ ဆေးထိုးအပ်တွေကြောင့် ကူးစက်ရောဂါဖြစ်မှာကို ပြည်သူတွေစိုးရိမ်နေ

    ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ မျှောပါလာတာကြောင့် ကူးစက်ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။

    Read More »
  • May- 2026 -
    23 May

    ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

    Read More »
  • 19 May

    မူးယစ်ဒိုင်ကြီးတွေကိုပါ ဖမ်းပေးဖို့ရပ်ကွက်နေပြည်သူတွေတောင်းဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပေမယ့် ဒိုင်တွေကဆက်ရောင်းချနေဆဲ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

    Read More »
  • Feb- 2026 -
    3 February

    မြစ်ကြီးးနားမြို့မှာ  မူးယစ်ဆေးလာဝယ်တဲ့စစ်သားတစ်ဦး ရိုက်နှက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦး ရိုက်နှက်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေ ဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညနေ တစ်နာရီဝန်းကျင်အချိန် ရမ်ပူရပ်ကွက် အပိုင်း၂၁ မှာ အရပ်ဝတ်နဲ့ မူးယစ်ဆေးဝါးလာဝယ်တဲ့ စစ်သားတစ်ဦးကို…

    Read More »
Back to top button