သတင်း

ပလပ်စတစ်အလွန်ကျွံသုံးခြင်းရဲ့ကျန်းမာ‌ရေးပြသာနာ

ပလပ်စတစ်တွေကိုအလွန်အကျွံအသုံးပြုတာ၊စနစ်တကျစွန့်ပစ်ခြင်းမပြုလုပ်ပါက ကင်ဆာရောဂါတွေကို ဖြစ်စေတယ်လို့ ဆရာဝန်တွေက သုံးသပ်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ပလပ်စတစ်တွေကို များသောအားဖြင့် မုန့်ဆိုင်တွေမှာ တွေ့ရတဲ့ အသင့်စား မုန့်တွေနဲ့ အစားအသောက်တွေကို ထုတ်ပိုးရာမှာ အသုံးပြုထားတာကို တွေ့ရသလို ဈေးဆိုင်တွေမှာလည်း အသီးအရွက်တွေနဲ့ အသား၊ငါးတွေကို ထုတ်ပိုးတဲ့အချိန် အသုံးပြုကြတာကို တွေ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သုံးစွဲပြီးတဲ့ ပလပ်စတစ်တွေကို စနစ်တကျ စွန့်ပစ်တာထက် မြေမြုပ်လိုက်တာ၊ မီးရှို့ ဖျတ်စီးလိုက်တာတွေကို ပိုမိုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီလို မီးရှို့ ၊မြေမြုပ်တာတွေ ပြုလုပ်လိုက်တာကြောင့် အဲဒီပလပ်စတစ်တွေမှာ ပါတဲ့ ဓာတ်တွေက မြေထု ရေထု နဲ့ လေထုကို အဆိပ်သင့်စေပြီး ကျွန်တော်တို့ စားသုံးတဲ့ အသီးအနှံတွေ၊ ရေကိုပျက်စီးစေကာ အဲဒီအသီးအနှံတွေနဲ့ ရေတွေကို စားမိ၊ သောက်မိပါက ရောဂါတွေကိုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အလားတူ ပလပ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ မုန့်၊ အသား၊ ငါး၊ အသီးအနှံတွေကို စားသုံးမိတာကလည်း ကင်ဆာရောဂါအထိ ဖြစ်စေနိုင်တာဘဲ ဖြစ်ပါစေနိုင်တယ်လို့ စစ်ဒေသ()တိုက်ခိုက်ရေးနှင့် ကယ်ဆယ်ကုသရေး ဆေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့မှူး Dr Jacobက ခုလို ပြောပါတယ်။

အဓိကက ဒိုက်အောက်ဆင်ဆိုတဲ့ဓာတ်က ခန္ဓာကိုယ်မှာ စုပုံလာလို့ရှိရင် ခန္ဓာကိုယ်နဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ ခန္ဓာကိုယ်က တုံ့ပြန်မှာဘဲ ဒီဟာကို ခန္ဓာကိုယ်ကလည်း မချေဖြတ်နိုင်ဘူး။ ခန္ဓာကိုယ်ထဲက ဒါက စုပုံသွားတဲ့အခါ ဖြစ်နိုင်ချေအရှိဆုံးက အဆုတ်ကင်ဆာနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်ပျက်စီးတာ၊ အသဲကင်ဆာတို့ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ပြင်ပက လေဘဲ ဖြစ်ဖြစ် အစာဘဲဖြစ်ဖြစ် ဝင်ပေါက်ဖြစ်တဲ့အတွက် ဒီနေရာတွေမှာ အနာဖြစ်လာမှာပေါ့။ အပေါ်ယံရုံလောက် ဖြစ်တယ်ဆိုရင် ကိစ္စမရှိပေမယ့် အဲဒဏ်ရာက အကြိမ်ကြိမ် အနာဖြစ်လာမယ် ပီတည်လာမယ်ဆိုရင် အဲတာကနေ ကင်ဆာဘက်ကို ပြောင်းသွားမယ်လို့ ဆိုပါတယ်။

ပလပ်စတစ်ရှို့မှုကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လိုဟာမျိုး၊ ကတ်တရာတွေကို ရှို့ပြီးထွက်လာတဲ့ အညော်နံ့တွေက ခဲဓာတ်တွေ ထွက်လာပြီး အဲဒီအရာတွေကို ရှူမိပါက အသဲ၊ အဆုတ်၊ နှလုံး တွေ တဖြည်းဖြည်း ပျက်စီးသွား နိုင်တယ်လို့ ပြောပါတယ်။

ဒါတင်မက ခန္ဓာကိုယ်ရဲ့ movility တွေ သွားတာလာတာတွေ လျှော့ကျလာမယ်၊တ ခေါင်းမကြည်မလင်တာတွေ ဖြစ်လာမှာ ဖြစ်သလို အဲဒီနောက် ဦးနှောက်က အောက်ဆီဂျင်တွေ သေချာ မရတော့တဲ့အတွက် ကယောင်ချောက်ခြားတွေ ဖြစ်လာမယ်လို့ သိရပါတယ်။

ဒါကြောင့် ပလပ်စတစ်အသုံးပြုခြင်းနဲ့ ပလစ်စတစ် ရှို့နံ့တွေကို ရှုရှိုက်မိတာဟာ အသဲကင်ဆာ၊ အဆုပ်ကင်ဆာနဲ့ ကျောက်ကပ်ပျက်စီးခြင်းတွေကို ဖြစ်စေမှာဘဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီရောဂါတွေဟာ ချက်ခြင်းဖြစ်လာစေတာမျိုးမဟုတ်ဘဲ ကြိမ်ဖန်များစွာ ပလပ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ အစားအစာတွေကို စားမိခြင်းနဲ့ ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကို မီးရှို့တဲ့အခါ ထွက်လာတဲ့ အငွေ့တွေကို ကြိမ်ဖန်များစွာ ရှုူရှိုက်မိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီလို ရောဂါမျိုးတွေ မဖြစ်ပွားအောင် လျှော့ချ ကာကွယ်ဖို့ဆိုရင် ပလစ်စတစ်သုံးစွဲမှုကို လျှော့ချပြီး စနစ်တချ သုံးစွဲရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဥပမာအားဖြင့် ပြန်သုံးလို့ရတဲ့ ဈေးဝယ်အိတ်/ကော်ဗူး သုံးခြင်း ၊နေပူထဲထားထားတဲ့ ပလပ်စတစ်ဘူး ရေကို သောက်သုံးတာ ရှောင်ကြဥ်ခြင်းနဲ့ ပလပ်စတစ်ထုတ်ပိုးထားတဲ့ အစားအစာတွေကို မကြာခဏမစားမိဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကထွက်ရှိထားတဲ့ ကိုလံဘီယာတက္ကသိုလ်က သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိချက်မှာ ရေတစ်လီတာခန့်ပါဝင်တဲ့ ပလတ်စတစ်ဘူးတစ်ဘူးမှာ အလွန်သေးငယ်တဲ့ နာနိုပလတ်စတစ် အပိုင်းအစပေါင်း ၂၄၀၀၀၀ ကျော် ပါဝင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရှိရပါတယ်။

 ဒါ့ကြောင့် တတ်နိုင်သမျှ ပလပ်စတစ်တွေနဲ့ ထုတ်ပိုးထားတဲ့ အစားအသောက်တွေကိုရှောင်ရုံသာမက ရေသန့်တွေထည့်ထားတဲ့ ပလပ်စတစ်ဗူးတွေကိုလည်း နေပူထဲမထားဘဲ သောက်သုံးသင့်ပါတယ်လို့ ထပ်မံ Dr Jocob ကနေပြီးတော့ ထပ်မံအကြုံပြုထားပါတယ်။

ပလပ်စတစ်မပါဘဲနဲ့ဆို ပိုကောင်းတာပေါ့ glass bottle တခြားနိုင်ငံတွေမှာဆိုရင် ပလပ်စတစ် bottleတွေအစား ကော်ဗူးပေါ့ ရေသောက်ဗူးတွေစပေါ်တုန်းက သုံးတဲ့ ကော်ဗူးတွေကို သုံးတာ ပိုကောင်းတယ်လိုထင်တာပေါ့ဗျာလို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ခုလို ဈေးနှုန်းသက်သာတဲ့ ပလစ်စတစ်ကို ပိုပြီး အသုံးများနေရတာဟာ နိုင်ငံ ဖွံဖြိုးမှုနည်းပြီး အစိုးရတွေ ကိုယ်တိုင်ကလည်း စည်းမျဥ်း စည်းကမ်းတွေနဲ့ သေချာ မထိန်းချုပ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

အဓိကကတော့ အုပ်ချုပ်သူရဲ့ သဘောထားဘဲ။ အုပ်ချုပ်သူက regulation တစ်ခုကို ထုတ်ပြန်လိုက်တယ်ဆိုလို့ရှိရင် ဒီဟာက regulation တွေက ထိန်းချုပ်လို့ရမှာ။ ပညာပေးရမယ့် ကျောင်းနေရာတွေမှာ တော့ ကလေးတွေကို ပညာပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဈေးဆိုင်တွေမှာလည်း အသားနဲ့ အစားအသောက်တွေကို ထုပ်ပိုးတဲ့အခါတွေမှာ စည်းမျဥ်းတွေ ချမှတ်ပြီး ပလပ်စတစ်နဲ့ ပက်သက်နဲ့ ပညာ‌ပေးတဲ့အစီအစဥ်တွေကိုလည်း မကြာခနသိရှိနားလည်လာအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

UN ကနေ ထုတ်ပြန်ဖော်ထားချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပလစ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန် သန်း၄၀၀ထိ ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ပလပ်စတစ်ပြဿနာဟာ မြန်မာတစ်နိုင်ငံတည်းရဲ့ မှာဘဲ ဖြစ်နေတာမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံးက အင်တိုက်အားတိုက် ပလပ်စတစ်လျှော့ချမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ နိုင်ငံအခြေအနေအရ လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်နဲ့ ရှိနေရင်တောင် ကိုယ်ကိုယ်တိုင်က စပြီး စတင်လျှော့ချမှုတွေ ပြုလုပ်ပါက ပလပ်စတစ်ကြောင့် ဖြစ်လာနိုင်တဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်စေမှာ ဖြစ်တယ်လို့ ဒေါက်တာ Jacobကနေပြီးတော့ ထပ်မံ အကြံပြုထားပါတယ်။

By – Hope

Show More

Related Articles

Back to top button