သတင်း

ဟုမ္မလင်းမှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် စျေးအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကနေစပြီး ဟုမ္မလင်းမြို့နယ်ထဲမှာဓာတ်ဆီ တစ်လီတာ ကျပ် ၂၀၀၀၀ (နှစ်သောင်းကြက်ဥတစ်လုံး ၂၀၀၀ (နှစ်ထောင်ကြက်သွန်နီတစ်ပိဿ ကျပ် ၅၀၀၀၀ (ငါးသောင်းစသဖြင့်အဆမတန်စျေးတက်နေကြောင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

ဓာတ်ဆီမဝင်တာ ဆယ့်ငါးရက်လောက်ရှိပြီ စားသောက်ကုန်တွေကတော့ လေယာဥ်နဲ့လာတယ်။ ဒါပေမယ့် လေကြောင်းနဲ့ဆိုတော့တန်ဆာမြင့်တယ်လေ ခုကြက်ဥတစ်လုံး ၂၀၀၀ ရှိနေပြီ။ စားသောက်ကုန်ကော၊ဓာတ်ဆီကောမတရားစျေးတက်နေတာလို့ အသက် ၅၀ ကျော်အရွယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲ စက်သုံးဆီ၊အခြေခံစားသောက်ကုန်တွေကို ဗန်းမောက်ဟုမ္မလင်းကားလမ်းကနေသယ်ယူကြပေမယ့် လတ်တလော ယင်းလမ်းပိုင်းကို SNA၊ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာကြောင့် ကုန်တွေအဝင်ရပ်တန့်နေတယ်လို့ သိရပါတယ်။

ဆီကားတွေက ပင်ခုတ်မှာပိတ်ထားတယ်ပြောတယ် အဲ့ကနေမကျော်ခိုင်းတာ လမ်းက SNAထိန်းချုပ်တဲ့နေရာမှာ SNA ကပိတ်တယ်။ ကာကွယ်ရေးတပ်တွေထိန်းချုပ်တဲ့နေရာမှာက ကာကွယ်ရေးတပ်တွေက ပိတ်တယ် ပင်ခုတ်ကလောလောဆယ် ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ဟုမ္မလင်းမြို့နယ်ထဲဝင်မယ့် ဆီကားနဲ့ အခြေခံစားသောက်ကုန်တင်တဲ့ ကားတွေကို ဟုမ္မလင်းမြို့နယ်၊နန့်ချောကျေးရွာအုပ်စုထဲက ပင်ခုတ်ကျေးရွာမှာ ပိတ်ထားတယ်လို့သိရပါတယ်။

နိုဝင်ဘာလဆန်းပိုင်းမတိုင်မှီက ဟုမ္မလင်းနယ်မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း)၊ ကြက်ဥ တစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)၊ ခရမ်းချဥ်သီးတစ်ပိကျပ် ၄၀၀၀၀ (လေးသောင်းရှိရာကနေ ကုန်တွေအဝင်ရပ်တန့်သွားတဲ့နောက်ပိုင်းမှာတော့ ခရမ်းချဥ်သီးတပိဿကျပ် ၆၀၀၀၀ (ခြောက်သောင်းကြက်ဥတစ်လုံးကျပ် ၂၀၀၀ (နှစ်ထောင်ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀၀ (နှစ်သောင်းအထိ အချိန်နဲ့အမျှစျေးတက်နေကြောင်းသိရပါတယ်။

အခုလိုကားလမ်းပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေကိုတော့ကုန်စုံဆိုင်ပိုင်ရှင်တွေ လေယာဥ်စင်းလုံးပြတ်ဌားပြီးသယ်ယူကြပေမယ့် လေယာဥ်ဌားရမ်းစရိတ်များတာကြောင့် ကုန်စျေးတက်နေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုတွေက ဗန်းမောက်မြို့ကိုသိမ်းပိုက်လိုက်တဲ့နောက် ဗန်းမောက်ဟုမ္မလင်းလမ်းပိုင်းကို နှစ်ဖက်တပ်တွေကထိန်းချုပ်ပိတ်စို့နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ SNAပူးပေါင်းတပ်တွေဟာ ဟုမ္မလင်းမြို့ပေါ်ကနေတဆင့် စစ်ရေးပြင်ဆင်ပြီး ဗန်းမောက်ဘက်ကိုထပ်ပြီးစစ်ရေးလှုပ်ရှားနေတာကြောင့် ဗန်းမောက်ဟုမ္မလင်းပိုင်းတစ်ချို့ကို ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ပေါ်ကို SNA တပ်ကအပြည့်အဝထိန်းချုပ်ထားပေမယ့် ဖားကန့်နဲ့နယ်ချင်းစပ်တဲ့ ကျေးရွာတစ်ချို့ကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်းထားတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button