လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရပြီး KIA တပ်သား ၄ ဦးသေဆုံး

ကချင်ပြည်နယ် တနိုင်းလီဒိုသွားလမ်းမပေါ်ရှိ  လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA ဂိတ်စခန်းတစ်ခုကို မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေသွားရောက်ခဲ့တာကြောင့် KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လဝါးဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင် ရှဒူးဇွပ်ကျေးရွာဘက်ကနေ ကား  စီးနဲ့ ဆင်းလာပြီး လဝါးကျေးရွာအထက်မှာရှိတဲ့ KIA ဂိတ်စခန်းစခန်းကို လာရောက်တိုက်ခိုက်ခဲ့ရာမှာ KIA ဘက်က  ဦး အသက်သေဆုံးပြီး  ဦးထက်ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဝါးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မှန်ပါတယ် မနေ့ တစ်နေ့က  နာရီခွဲလောက်မှာ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေက ကား  စီးနဲ့  ဗြုန်းကနဲ ဆင်းလာပြီး KIA ရဲ့ ဂိတ်စခန်းကို လာပစ်သွားတယ်။ အဲ့မှာ လေးယောက်က အသက်သေဆုံးသွားတယ်။  ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ပြောပါတယ်။

KIA  ဂိတ်နေရာတွေကို ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်အဖွဲ့တွေက ကား  စီးထဲမှာ စစ်အင်အား ၁၀ ဦးခန့်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

အသက်သေဆုံးသွားတဲ့ KIA တပ်သား  ဦးမှာ ဂိတ်မှာတာဝန်ကျနေတဲ့အချိန် ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။

လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းကမှန်ကန်ပေမယ့် ပစ်ခတ်ခံရမှုအသေးစိတ်မသိရသေးဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ KIA ဂိတ်ကို လာပစ်တဲ့ အခြေအနေက ဒေသခံတွေပြောဆိုနေကြလို့သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်မှာ တရားဝင်အသေးစိတ်က ဘာမှပြောလာတာမရှိသေးဘူး။ ပြည်သူတွေပြောဆိုအရဆိုရင်တော့မှန်ကန်ပါတယ်လို့ပြောပါတယ်။

တနိုင်းလီဒိုလမ်းမပေါ် တစ်ကြော တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေ အခုလို လာရောက်ပစ်ခတ်ပြီး KIA တပ်သား  ဦးသေဆုံးမှုဖြစ်ခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ  ရက်နေ့မှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေထိုင်တဲ့ ရှဒူးဇွပ်ကျေးရွာက နေအိမ်ကိုလည်း KIA တပ်တွေ သွားရောက်တိုခိုက်ခဲ့တာကြောင့် KIA ဘက်က  ဦးထက်မနည်းအသက်သေဆုံးမှုရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း KIA တပ်တွေရှိတဲ့ ချောင်းဆုံ ရွှေမှော်အနီးရှိ ကနွယ်သူမှော်က KIA စစ်တပ်စခန်း မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် KIA တပ်သား  ဦးအသက်သေဆုံးမှုရှိခဲ့ပါသေးတယ်။

၂၀၂၂ ဩဂုတ်လ အတွင်းမှာလည်း စံပြကျေးရွာက မင်းဇေသန့်ပြည်သူ့စစ်တပ်စခန်းကို KIA ဘက်က သွားရောက်တိုက်မှုမှာလည်း KIA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More
Back to top button