KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Dec- 2024 -
    4 December
    သတင်း

    ဗန်းမော်- မံစီအကြားမှာရှိတဲ့ စစ်တပ်စခန်းအားလုံးနီးပါး KIA ပိတ်ဆို့တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့သိမ်းပိုက်နိုင်

    ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး  စစ်မျက်နှာပြင်ဖွင့် တိုက်ပွဲဖော်ဆောင်လိုက်ပြီးတော့ တပ်စခန်းတစ်ချို့ သိမ်းပိုက်ရရှိထားပြီလို့ KIA ရှေ့တန်း သတင်းအရင်းမြစ်ကနေ သိရပါတယ်။ မံစီမြို့နယ်ထဲက ခမရ ၃၁၉၊ ခမရ  ၆၀၁၊ ခမရ ၃၅၂ ၊ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ ကာကင်းစခန်း၊ ဖန်းခါးကုန်း၊ နမ်ဖား၊ ဗန်းမော် တက္ကသိုလ်ဝင်းနေရာတွေကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့  KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • 3 December
    သတင်း

    ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။ “တစ်လီတာရေသန့်တစ်ဘူး ၂ သောင်းကျော်တယ်။ ဆီကလိုသလောက်လည်းဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင်ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲလိုသလောက်တော့ရောင်းပေး တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည် မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာ နဲ့မြင့်တက်လာတာလို့ဒေသခံတွေကပြောပါတယ်။…

    Read More »
  • 3 December
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း…

    Read More »
  • 2 December
    သတင်း

    ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း…

    Read More »
  • 2 December
    သတင်း

    ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေး NLD ပါတီဝင်င်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။…

    Read More »
  • 2 December
    သတင်း

    လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ခလရ ၄၆ ဗျူဟာမှူးဆီမှာ အမည်စာရင်းကြိုပေးရ

    ကချင်ပြည်နယ် ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်သွားမည့် မည်သူမဆို ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ဗျူဟာမှူးဆီမှာ နာမည်စာရင်းကြိုတင်ပေးရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ပူတာအိုမြို့ကနေ လုံရှာယာန်ကျေးရွာဘက်ကိုသွားမည့်သူများ၊ လုံရှာယာန်ကျေးရွာကိုကျော်ပြီး ဆွမ်ပရာဘွမ်၊မြစ်ကြီးနားဘက်ကိုသွားမည့် မည်သည့် ဒေသခံ၊ခရီးသွားမဆို ခလရ ၄၆ တပ် ဗျူဟာမှူးဆီမှာ ကြိုတင်ပြီးအမည်စာရင်းပေးသွင်းရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဘာကိစ္စနဲ့ပဲသွားသွားညအိပ်ဖြစ် ဖြစ်ခနဖြစ်ဖြစ် လုံရှာယာန် ကိုဖြတ်ဖို့ဆိုရင် ဗျူဟာမှာနာမည်စာရင်းသွားပေးရတယ် ကိုယ့်ရဲ့နာမည်နဲ့မှတ်ပုံတင်သွားပေးရတယ် နာမည်ကြိုမပေးထားရင်တော့ ဖြတ်လို့မရဘူးမဖြတ်ခိုင်းဘူး”လို့ အသက် ၄၀ ကျော်အရွယ်ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာအိုမြို့နယ်အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ အခုလိုလုပ်ဆောင်နေတာ ဒေသခံတွေနဲ့မြစ်ကြီးနားဘက်ဆင်းမယ့် ခရီးသည်တစ်ဦးချင်းစီတိုင်း မှတ်ပုံတင်နဲ့တကွ အမည်စာရင်းသွားပေးရတယ်လို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။…

    Read More »
  • 2 December
    သတင်း

    နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတဲ့အတွက် ပြည်သူတွေဆေးကုသရေးအခက်ကြုံနေ

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့မှာ ဆေးဝါးပြတ်လပ်လာတာကြောင့် ပြည်သူတွေဆေးဝယ်ယူသုံးစွဲဖို့နဲ့ ကုသဖို့အခက်ကြုံနေတယ်လို့ ဒေသခံတွေပြောပါတယ်။ နောင်မွန်မြို့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီက ဆေးဝါးချပေးခြင်းမရှိတော့တဲ့အတွက် ဆေးရုံမှာဆေးဝါးပြတ်လပ်နေတဲ့အပြင် အပြင်ဆေးဆိုင်တွေမှာလည်း ဆေးဝါးအများပိုင်းပြတ်လပ်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ဆေးရုံကြီးမှာဆေးက မချပေးတော့တာလို့ပြောတယ် ဘာဆေးမှကိုမရှိတာ ဖျားလို့နားလို့ဆေးဝါးရှာမရနေတာ လေး၊ငါးလလောက်ရှိပြီ ပါရာစိမ်းတောင်မရှိတဲ့အနေအခြေဖြစ်နေတာ ၊ ချောင်းဆိုးလို့ သွားပြတာဖြစ်ဖြစ် ဆေးကအပြင်မှာပဲဝယ်ရတယ် သူတို့က ရောဂါရှာပေးတာသက်သက်လိုပဲ ဖြစ်နေတယ် ခက်တာက အပြင်မှာလည်းဆေးကမရှိဘူးရှားတယ်” လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။…

    Read More »
  • Nov- 2024 -
    29 November
    သတင်း

    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်သူများ နေထိုင်ခွင့်ထောက်ခံလုပ်နေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်တဲ့ရပ်ကွက်နေပြည်သူများ နေထိုင်ခွင့်ထောက်ခံစာလုပ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်းမှာရှိတဲ့ ပမ္မတီး၊ရေကြည် ရပ်ကွက်နေပြည်သူများအားလုံး နေထိုင်ခွင့်ထောက်စာကို ရပ်ကွက်ရုံးမှာသွားလုပ်နေရတယ်လို့ ပမ္မတီးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “နေထိုင်ခွင့်ထောက်ခံစာတဲ့ တစ်ခါမှလည်း မကြားဖူးဘူး ခုလုပ်နေရပြီ စစ်တပ်ကမလုပ်မနေရ လုပ်ခိုင်းတာလို့ ပြောတယ်။ ခု ၃၇ ဂိတ်နဲ့ ပမ္မတီးရပ်ကွက် အဝင်ထွက်ဂိတ်တွေမှာ အဲဒီထောက်ခံစာပြပြီး သွားလာနေရတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအဝင်မှာရှိတဲ့ ၃၇ ဂိတ် (တစ်နည်းအားဖြင့်) အောင်ဇေယျာဘုရားတစ်ထောင်ဘုန်းကြီးကျောင်း၊ အထက ၄ ကျောင်းအနီးရှိဂိတ်နဲ့ မိုးညှင်း၊မိုးကောင်းဘက်ကနေ မြစ်ကြီးနားမြို့ ဝင်ရောက်နိုင်တဲ့လမ်း ပမ္မတီးရပ်ကွက် ဂိတ်နေရာတွေမှာ စစ်ရေးတင်းကြပ်နေပြီး ရပ်ကွက်ထောက်ခံစာ၊မှတ်ပုံတင် ပြနိုင်မှသာ ဝင်ခွင့်ပြုနေတယ်လို့ သူကဆက်ပြောပါတယ်။…

    Read More »
  • 28 November
    တိုက်ပွဲ

    မိုးမောက်စစ်မျက်နှာပြင်ကို စစ်တပ်က တစ်ရက်တည်း လေကြောင်း ၅ ကြိမ်ထက်မနည်းဗုံးကြဲ

    ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်ကြား တိုက်ပွဲဖြစ်နေတဲ့…

    Read More »
  • 28 November
    သတင်း

    ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်

    ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချထားတဲ့ ရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၄ ရက်အတွင်း သိမ်းပိုက်လိုက်နိုင်တယ်လို့ ဟုမ္မလင်း PDF တပ်ရင်း (၁) နဲ့နီးစပ်တဲ့ အမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။ “၂၁ ရက်နေ့က စတိုက်တာ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်တယ် ၄ ရက်အတွင်းမှာ ဟိုဘက်ကနားမော်အထိရထားတယ် နားမော်ကနေ မှန်ဟုန်အထိကို PDF တွေသိမ်းထားတယ် အခု ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ တိုက်ပွဲခနပြန်ငြိမ်နေတယ်ရထားတဲ့နေရာတွေကိုရှင်းနေတုန်း”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိ PDF တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေဟာ နားမော်၊မှန်ဟုန် ၊ နောင်ကောင်ကောင်း၊ ပါဟုတ် ၊ ငွန်စီရွာ စတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ SNA တွေ စစ်အာဏာသိမ်းနောက်ပိုင်း ဂိတ်ထိုင်ကာ အခွန်ကောက်နေတဲ့ ရွာတွေဖြစ်တယ်လို့ နောက်ထပ် ပါဟုတ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။…

    Read More »
Back to top button