KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Nov- 2024 -
    28 November
    သတင်း

    ပူတာအိုမှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိ စျေးကောင်းရပေမယ့် အထွက်ပိုနည်းလာ

    ပူတာအိုမြို့မှာ ကျောက်ဂျပိုးတစ်ပိဿာ ၁၀ သိန်းဝန်းကျင်ထိစျေးကောင်းရနေပေမဲ့ အထွက်နည်းသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်ဂျပိုးဟာ အောက်တိုဘာလကုန် နိုဝင်ဘာလ…

    Read More »
  • 28 November
    သတင်း

    မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ

    ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်အကျော် မော်ဟန်ရဲစခန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်တွေကို ဝင်ထွက်ခွင့်မပေးတဲ့အတွက် ဆိုင်ကယ်ရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းလောက်ကစလို့ မန္တလေး–မြစ်ကြီးနား အတက်အဆင်း ယာဥ်တွေနဲ့ စက်သုံးဆီသယ်ဆိုင်ကယ်တွေအားလုံးကို သွားခွင့်မပေးပဲပိတ်လိုက်ထားတာလို့ သိရပါ တယ်။ သို့သော် ဒီကနေ့မှာတော့ ကချင်ပြည်နယ်ကိုတက်မယ့် ကုန်တင်ကားတွေကိုတော့ ဖြတ်သန်းခွင့်ပေးနေပြီး စက်သုံးဆီသယ်ဆိုင်ကယ်တွေကို ဆက်ပိတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ “မော်လူးမြို့မှာ မန္တလေးကိုသွားတဲ့ အဆင်းကားနဲ့ ဆီသယ်ကယ်ရီဆိုင်ကယ်တွေပိတ်မိနေတယ်။ မော်ဟန် ရဲစခန်းက ဆီသယ်ကယ်ရီတွေကိုပိတ်ထားတာ အစီးတစ်ရာလောက်ရှိတယ်။ အခုတော့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ယာဥ်တွေကိုပိတ်ထားဆဲပါ။ အတက်ကုန်ကားတွေကိုတော့လွတ်ပေးနေတယ် အဆင်းကားတွေ တော့အခုထိပိတ်မိနေဆဲပဲ။ ဆီကားတွေကိုမော်ဟန်ကစပိတ်တဲ့သဘောပဲ”လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။…

    Read More »
  • 27 November
    သတင်း

    မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ

    မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်ကြောင်း ပြေးဆွဲတဲ့…

    Read More »
  • 26 November
    အင်တာဗျူး

    ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို ဖြေရှင်းပေးဖို့ ဘယ်သူ့မှာတာဝန်ရှိလဲ

    စစ်တပ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးခက်ခဲလာတဲ့ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ‌ထွက်ခွာလာကြသူတွေ များစွာရှိနေပါတယ်။ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၃ ဒီဇင်ဘာလအထိ ၂,၃၃၃,၀၉၁ ဦးထိရှိခဲ့ပေမယ့် ၂၀၂၄ မတ်လမှာတော့ ၃,၄၁၅,၇၄၄ ဦးထိတိုးလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီအရေအတွက်နှစ်ခုကိုယှဉ်ကြည့်ခြင်းအားဖြင့် သုံးလအတွင်းမှာဘဲ တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်ဟာ ၁,၀၈၂,၆၅၃ဦးထိတိုးလာခဲ့တာကို တွေ့ရပါတယ်။ သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သုံးသပ်ပြောဆိုချက်အရ တရားဝင်အထောက်အထားရှိသူအရေအတွက်နဲ့ တရားမဝင်နေထိုင်သူအရေအတွက်အားလုံးပေါင်း ၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။…

    Read More »
  • 26 November
    သတင်း

    ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ တစ်သျှူငှက်ပျောကား သွားလာခွင့်ရနေပေမယ့် တရုတ်ဘက်က ကုန်ကားမဝင်သေး

    မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ ကုန်သွယ်ရေးဂိတ်မှာ တစ်သျှူးငှက်ပျောကား သွားလာခွင့်ရရှိနေပြီဖြစ်ပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက် ဝင်ရောက်တာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည် မြို့သိမ်းတိုက်ပွဲကြောင့် ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့  KIA ဘက်က ပြန်ဖွင့်လိုက်ပြီး တစ်သျှူငှက်ပျောကားတွေကို သွားလာခွင့်ပြုနေပြီလို့ ကန်ပိုင်တည်ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ “KIA တွေက သစ်သျှူးငှက်ပျောတင်တဲ့ ကားတွေကိုပြန်သွားခိုင်းနေပြီ။ တရုတ်ဘက်က ကုန်ကားတွေပြန်ဝင်ဖို့ စောင့်နေတဲ့အခြေအနေမှာဟုတ်တယ်။ တကယ့်လို့ KIA ဘက်က သစ်သျှူးကားတွေ သွားခွင့်ပေးနေပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မဝင်လာရင်တော့ KIA ဘက်ကလည်း ပြန်ပိတ်လိုက်မလားတော့မသိဘူး”လို့ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲမဖော်ဆောင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လစပြီး ကချင်အထူးဒေသ ၁ နယ်မြေတွင်းရှိ ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA သိမ်းပိုက်လိုက်တဲ့အတွက် နယ်စပ်ဂိတ်ကို ဩဂုတ်လကနေ အောက်တိုဘာလ ၂၂ ရက်နေ့ထိ စစ်ရေးအခြေနေကြောင့် တစ်လကျော်ပိတ်ထားခဲ့ပါတယ်။…

    Read More »
  • 26 November
    သတင်း

    မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲအထိစျေးမြင့်တက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။ မြစ်ကြီးနားမြို့ နိုဝင်ဘာ လဆန်းပိုင်းအထိ စက်သုံးဆီတစ်လီတာ ကျပ်ငွေ ၁၀၀၀၀(တစ်သောင်း) ဝန်းကျင်သာရှိခဲ့ပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ထိမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီနေ့ကတော့ တစ်လီတာကို တစ်သောင်းခွဲဟုတ်တယ်။ ဆီကမနက်ပိုင်းပဲရောင်းတာ ဝယ်ရလည်း ခက်တယ်။ ဆီကရှိတော့ရှိတယ်ထင်တယ်။ အရင်လို သိပ် မရောင်းပေးတာ။ အခုက မျှမျှပြီး ရောင်းနေတာ။ ဈေးတွေကလည်း တက်နေတာပေါ့”လို့ ပြောပါတယ်။…

    Read More »
  • 25 November
    သတင်း

    ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။…

    Read More »
  • 25 November
    သတင်း

    ကန်ပိုင်တည်မြို့ ယခင်ထက်ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်မယ်လို့ မြို့ခံတွေနဲ့ တွေ့ဆုံမှုမှာ KIO တာဝန်ရှိသူတွေပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တရုတ်နယ်စပ်…

    Read More »
  • 25 November
    တိုက်ပွဲ

    တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂  ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး ၇ ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • 25 November
    သတင်း

    ပူတာအိုမှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားလုယက်ခံရပြီး ရွှေပိသာ ၃၀၀ ခန့်ပါသွား

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်ရဲ့ကားလုယက်ခံလိုက်ရပြီး ရွှေပိသာ ၃၀၀ ခန့်နဲ့ ငွေသားသိန်း ၈၀ ကျော်ပါသွားကြောင်း ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနှီးတဲ့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စည်ပင်စျေးထဲမှာဖွင့်လှစ်ထားတဲ့ ဇမ္မူရာဇ်ရွှေဆိုင်ပိုင်ရှင် ဒေါ်ယဥ်ခိုင်ရဲ့ကား(Crown White Color)  နိုဝင်ဘာ ၂၄ရက်နေ့ မနက်ပိုင်းမှာ လုယက်ခံလိုက်ရပြီး ရွှေသား ပိသာ ၃၀၀ ကျော်နဲ့ငွေသား သိန်း ၈၀ ကျော်ပါသွားကြောင်း ရွှေဆိုင်ပိုင်ရှင်နဲ့ရင်းနီးတဲ့အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
Back to top button