သတင်း

ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေး NLD ပါတီဝင်င်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ် အင်အားအများအပြားနဲ့တပ်ထိုင်ထားတဲ့ ဟုမ္မလင်းမြို့ပေါ် နောင်ပိုအောင်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၀ရက်နေ့စပြီး  NLD ပါတီဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်မိသားစုတွေကို လိုက်လံဖမ်းဆီးပြီး ရိုက်နက်တာတွေရှိနေတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

ဒီမှာတော့အရမ်းဖမ်းနေတယ် မိသားစုထဲက PDF ထဲမှာဝင်ထားတဲ့သူတွေရှိတဲ့အိမ်ဆိုရင် မိသားစုလိုက် လိုက်ဖမ်းတယ်။ အရင်က NLD မှာမဲစာရင်းလိုက်ကောက်တဲ့ အိမ်တွေလည်းလိုက်ဆွဲတယ် အခုထိမလွတ်သေးဘူး မိသာစုလိုက်အကုန်ဖမ်းတာ”လို့သူကပြောပါတယ်။

အခုလိုဖမ်းဆီးရာမှာတော့ ကလေးလူကြီး၊သက်ကြီးရွယ်အို မရွေးဖမ်းဆီးနေတာဖြစ်ပြီး ပြန်လွတ်ပေးတာရှိသလို ရက်ရှည်ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတယ်လို့ သိရပါတယ်။

မိသားစုတစ်စုဆိုရင် နေမကောင်းဖြစ်နေတဲ့မိန်းမကြီးတစ်ယောက်ပဲကျန်ထားတယ် ကျန်တဲ့ သားနှစ်ယောက်ရယ်သမီးနှစ်ယောက်ရယ်ဖမ်းသွားတယ် သူ့ယောကျ်ားရယ် အဲ့နေမကောင်းလို့ကျန်ခဲ့တဲ့မိန်းမက နောက်နေ့ဆုံးသွားတာ။ သဂြိုလ်တဲ့ချိန်တောင် သူ့ယောက်ကျားနဲ့ကလေးတွေအကုန်မလွတ်ပေးဘူး သမီးနှစ်ယောက်ထဲကိုပဲလွတ်ပေးတယ်”လို့ နောက်ထပ် ဟုမ္မလင်းမြို့ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး နောင်ပိုကျေးရွာမှာစတင်ဖမ်းဆီးလာရာကနေ နိုဝင်ဘာလ ၂၇ ရက်နေ့စ ဟုမ္မလင်းမြို့ပေါ် ဖမ်းဆီးမှူတွေ စတင်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုကျေးရွာထဲမှာရှိတဲ့ ဒေသခံပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

နောင်ပိုအောက်ဘက်စစဖမ်းတာအခုဒီဘက်ကိုလည်းဖမ်းနေပြီကြားတော့ တချို့ကိုယ့်ကိုကိုယ်စိုးရိမ်တဲ့သူကတိမ်းရှောင်နေကြပြီနဂိုကတည်းက စစ်ဘေးကြောက်လို့ပြေးရတာအခုဖမ်းလို့ဆိုပြီးထပ်ပြေးနေရပြီ”လို့ ဟုမ္မလင်း မြို့အမှတ် ၂ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ ဟုမ္မလင်းမြို့ပေါ်မှာ LND မိသားစုဝင်  ဦးထက်မနက်ဖမ်းဆီးခံထားရပြီး နောင်ပိုအောင်ကျေးရွာထဲမှာတော့ လင်းသုခရွှေဆိုင်ပိုင်ရှင် မိသားစုဝင်သုံးဦး၊ ရွှေစံအိမ် ကလေးအရုပ်အရောင်းဆိုင်ကနေ မောင်နှမနှစ်ဦး၊ ဒေါ်သန်းဝေ အသက် ၅၀ ဝန်းကျင်တစ်ဦးနဲ့ NLD ပါတီဝင်မိသားစုဝင်  ဦး စုစုပေါင်း ၁၁ ဦးအထိဖမ်းဆီးထားပြီး ရိုက်နက်တာမျိုးတွေရှိနေတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်အနောက်ခြမ်း နောင်ပိုအောင်တကြောက SNA စစ်သားတွေတပ်ထိုင်ထားတဲ့ ပန်ချယ်၊ ဆိုင်းပန်ကုန်း၊ ပါဟုတ်ကြီးကျေးရွာတွေ KIA ပူးပေါင်းတပ်က နိုဝင်ဘာလအတွင်း သိမ်းပိုက်လိုက်တဲ့နောက် SNA တပ်က အခုလိုအရပ်သားတွေကို မတရားဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာနယ်စပ်မှာရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလစ KIAKPDF ပူးပေါင်းတပ်နဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေသလို ဒီနေ့ထိ စစ်ရေးတင်းမားနေတာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button