KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Sep- 2024 -
    2 September
    သတင်း

    မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့  ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။ “၂၈ ရက်နေ့က ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့အောက်ချိုင့်ဘက်မှာတစ်လုံးကျတယ် ပြီးတော့ ကြက်ပေါင်ခြံရပ်ကွက် မြစ်ကမ်းနံဘေးမှာတစ်လုံးကျတယ်။  ၃၁ ရက်နေ့က ဂေါ်ရခါးနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနားမှာတစ်လုံးကျတယ်”လို့ ပြောပါတယ်။ ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့နောက်ဘက်ကျပေါက်ကွဲတဲ့လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး အိမ်ဝင်းတံခါးအားလုံးကြေမွသွားတယ်လို့ ပြောပေမယ့် လူမရှိတဲ့အိမ်ဖြစ်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။…

    Read More »
  • Aug- 2024 -
    30 August
    သတင်း

    ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့်  ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ  သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “အပေါ်ကနေ လေယာဉ်ဆက်တိုက်ပျံဝဲသွားနေတာတွေတော့ရှိတယ်။ အခုမူဆယ်ဘက်မှာ စစ်ရေးတင်းမာနေတာနဲ့ ဒီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေထွက်နေတော့ အားလုံးစိုးရိမ်နေကြတယ်။ ဟိုတနေ့ကတော့ လေယာဉ်နဲ့ဗုံးလာကြဲလိမ့်မယ် စျေးတွေသိမ်းကြဆိုပြီး သိမ်းကြတာတွေ ရှောင်တာတွေဖြစ်သွားတယ်။ ဒီတလောကြောက်လို့ တချို့ခေတ္တတိမ်းရှောင်သွားတာလည်းရှိတယ်။ စျေးဆိုင်တွေလည်း ရောင်းတဲ့သူကတော့ရောင်းပေမဲ့ မစီဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲဟုကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့်  ဩဂုတ် ၂၉  မှာတော့ စျေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာတာတွေရှိပေမဲ့ လေကြောင်းရန်ကိုစိုးရိမ်နေကြတဲ့အတွက် စုလူဝေးဖြစ်မယ့်နေရာမျိုး မသွားရဲကြတဲ့အတွက် လမ်းသွားလမ်းလာမရှိသလောက် တိတ်ဆိတ်နေတယ်လို့ သူကဆက်ပြောပါတယ်။…

    Read More »
  • 30 August
    သတင်း

    ချီဖွေမြို့မှာ  အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေပြတ်လပ်လာ

    ကချင်ပြည်နယ် ချီဖွေမြို့မှာ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပြတ်လပ်မှုကြုံတွေ့နေရတယ်လို့  ချီဖွေဒေသခံတွေက KNGကိုပြောပါတယ်။ ချီဖွေမြို့ကိုရောက်ရှိလာတဲ အခြေခံကုန်စည်တွေဟာ အဓိကအားဖြင့်မြစ်ကြီးနားမြို့ကနေ တင်ပို့တာဖြစ်ပေမယ့်လည်း လက်ရှိ မြစ်ကြီးနား–မန္တလေးပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့မှာတောင် အခြေခံစားသောက်ကုန်တွေပြတ်လပ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် မြစ်ကြီးနားမြို့ကနေ ချီဖွေမြို့ကို ကုန်စည်တွေရောက်ရှိလာမှုနည်းပါးနေတဲ့အပြင် ကုန်ဈေးနှုန်းတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာတယ်လို့ ချီဖွေဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “တစ်နေ့တစ်နပ်ဘဲစားပြီး ဗိုက်ကိုကြိုးနဲ့ချီပြီးနေရမလိုတောင်ဖြစ်နေတယ်လို့တောင်အချင်းချင်းပြောနေကြတယ် အရမ်းဈေးကြီးသွားပြီ အကုန်လုံးက ဈေးကိုမြင့်တက်သွားတာ”လို့ ပြောပါတယ်။\…

    Read More »
  • 30 August
    သတင်း

    မြန်မာကျပ်ငွေစျေးကျဆင်းမှုကြောင့် နယ်စပ်တစ်လျှောက်မှာနေထိုင်တဲ့စစ်ရှောင်များ အခက်တွေ့

    မြန်မာကျပ်ငွေကျအဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေမြင့်တက်မှုကြောင့် တရုတ်–မြန်မာနယ်စပ်မှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တရုတ်နယ်တစ်လျှောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေဟာ ကုန်ပစ္စည်းနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူတဲ့အခါ တရုတ်ယွင်ကိုအများပိုင်း အသုံးပြုနေရတဲ့အတွက် နယ်စပ်မှာ နေထိုင်တဲ့စစ်ရှောင်တွေအခက်တွေ့နေကြတယ်လို့ လိုင်ဇာမြို့အနီး ဂျယ်အိန်(Jeyang) စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိခင်တစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။ “ငွေဈေးတက်တဲ့အတွက် စိတ်ဓာတ်တွေလည်းကျနေတယ် တရုတ်– မြန်မာနယ်စပ်မှာနေတော့ ပိုပြီးခက်ခဲတယ် ဘယ်မှာမှ မရှာစားတတ်တော့ဘူး ရှာစားမဲ့နေရာလည်းမရှိတော့ ပိုခက်ခဲနေတာပေါ့  ပစ္စည်းတွေဝယ်ရင်လည်း တရုတ်ပိုက်ဆံနဲ့ဘဲ ဝယ်နေရ ကျွန်မတို့မှာ ရှိတာကမြန်မာကျပ်‌ငွေဘဲ ပြန်ဖြစ်နေ“လို့ သူမကပြောပါတယ်။  ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေအားလုံး အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနားနဲ့တရုတ်ပြည်ဘက်က အဓိကတင်သွင်းနေတာဖြစ်တဲ့အတွက် ကုန်ပစ္စည်းဝယ်ယူရာမှာ ယွင်ငွေနဲ့ မြန်မာကျပ်ငွေကို အသုံးပြုတာဖြစ်ပါတယ်။ …

    Read More »
  • 30 August
    သတင်း

    မြစ်ကြီးနား- မန္တလေးလေယာဥ်စျေးနှုန်း မြင့်တက်နေ

    မန္တလေး –မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လေယာဥ်လက်မှတ်စျေးနှုန်း တစ်ဆမြင့်တက်နေပြီး ဝယ်ယူရဖို့ခက်ခဲနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်နေ့ကစလို့ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်မြို့အပါအဝင် ကချင်စစ်ကိုင်းအစပ်က မြို့တွေကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်သွားခဲ့တာဖြစ်ပါတယ်။ ကားလမ်းပိုင်းပိတ်သွားတဲ့နောက် ကချင်ပြည်နယ်ကနေ မန္တလေး  ခရီးသည်တွေဟာ လေကြောင်းလိုင်းတစ်ခုတည်းကို အသုံးပြုနေရတာကြောင့် သြဂုတ် ၁၈ရက်နေ့နောက်ပိုင်းကစလို့ လေယာဥ်လက်မှတ်တွေစျေးတက်သွားသလို ဝယ်ယူဖို့ခက်ခဲနေတယ်လို့ မန္တလေးရောက်နေတဲ့ မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီလ ၂၈၊၂၉လောက်မှာတက်ဖို့ဆိုပြီး လေယာဥ်လက်မှတ်ရှာတာမရဘူးဗျ နောက်လထဲမှရမယ်တဲ့ လေကြောင်းလိုင်းတစ်ခုနဲ့တစ်ခုကလည်းမတူဘူး KBZဆို နောက်လ ၈ရက်နေ့လောက်မှရမယ် တခြား MNAတို့ဆို နောက်လ ၁၀ ရက်ကျော်လောက်မှရမှာ အဝေးကြီးကြိုဖြတ်ပြီးစောင့်နေရတယ်”လို့ ပြောပါတယ်။…

    Read More »
  • 29 August
    သတင်း

    ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ

    မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။

    Read More »
  • 29 August
    သတင်း

    တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို 

    စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့  ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။”…

    Read More »
  • 28 August
    ဆောင်းပါး

    ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား

    မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို…

    Read More »
  • 28 August
    သတင်း

    နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

    နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့…

    Read More »
  • 28 August
    သတင်း

    မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “မိုးမောက်အခြေအနေက တပ်ရင်း ၇ ခုလောက်ပေါင်းပြီး စစ်အင်အား ၄၀၀ နဲ့ ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းက မိုးမောက်ဘက်ကို ထိုးစစ်ဆင်နေတယ်။ မိုးမောက်မရောက်ခင် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ စစ်အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဗန်းမောက်ဘက်ကနေ ၂ မိုင်၊ ၃ မိုင် တဆင့်ပြီး တဆင့် ထိုးစစ်တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီစစ်ကြောင်းတွေက ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးမောက် ၆ မိုင်နေရာမှာ ထိုးတက်နိုင်ခဲ့တယ်လို့သိရပါတယ်။…

    Read More »
Back to top button