-
Aug- 2024 -28 Augustသတင်း
ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ ခါနန်စစ်ရှောင်စခန်းမှာ အရင်က စစ်ရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ခြေ ၁၈၅ အိမ်သာကျန်ရှိတော့တာဖြစ်ပြီး အဲဒီစစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါအပြင် လက်ရှိကချင်ပြည်နယ်ရဲ့ ဖုန်းနဲ့အင်တာနက်လိုင်း ခက်ခဲမှုတွေကြောင့် အရင်ကထက် အကူအညီတွေရရှိဖို့ ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက…
Read More » -
28 Augustသတင်း
ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ
ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက် နဲ့ ဂျူဗလီရပ်ကွက်ကြား ဝါးတားဂိတ်လုပ်ပြီး အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဂိတ်က ပူတာအိုမြို့ကနေဆိုရင်တော့မြို့အထွက်ပေါ့ မချမ်းဘော့တို့ နောင်မွန်ဘက်တို့ကနေလာရင်တော့ မြို့အဝင်ဖြစ်တယ်သုံးလမ်းဆုံနေရာမှာဆိုင်ပြီးစစ်နေတာ ခရီးသွားတွေကိုအဓိက စစ်တယ်မေးတယ် သတင်းပို့ရတယ်ဂိတ်ရောက်ရင်”လို့ သူကပြောပါတယ်။…
Read More » -
27 Augustသတင်း
သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသေဆုံးမှုကတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်း ထန်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပြီး နောက်ထပ်အရပ်သား ၁၉ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြုစုမှတ်တမ်းပြုလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဟာ အရပ်သား နေထိုင်ရာနေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ပြောရေးဆို ခွင့်ရှိသူ မယိမ်းလျန်းဟန်ကပြောပါတယ်။…
Read More » -
27 Augustသတင်း
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိသာရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်အထိ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက် နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေ ရှစ်သောင်း လေးထောင် လေးရာ(၈၄၄၀၀)ထိတိုးလာတာကို တွေ့ရပါတယ်။ ကချင်မှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီအထိ ရွာလုံးကျွတ်စစ်ရှောင်ရတာမရှိခဲ့ပေမယ့် ဧပြီလ ၂၈ ရက်နောက်ပိုင်း ရွှေကူမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲပြင်းထန်လာတာကြောင့် ရွာပေါင်း ၁၂ ရွာပြည်သူ တစ်သောင်းကျော် ပထမဆုံးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။…
Read More » -
27 Augustသတင်း
မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ
မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Read More » -
27 Augustသတင်း
မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ
မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။
Read More » -
26 Augustသတင်း
သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးအားနည်းသူများ ကြိုတင်တိမ်းရှောင်ကြဖို့ ဗန်းမော်ကာကွယ်ရေးတပ် သတိပေး
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းလက်ရှိစစ်ရေးအခြေနေတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေး…
Read More » -
26 Augustသတင်း
ဟုမ္မလင်းမြို့နယ် လောင်းမင်းရွာတိုက်ပွဲ SNA တပ်သား ၅ ဦးဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လောင်းမင်းကျေးရွာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က…
Read More » -
26 Augustသတင်း
အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ
“လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။ လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။
Read More » -
26 Augustသတင်း
ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။…
Read More »









