တိုက်ပွဲသတင်း

လိုင်ဇာမြို့အနီး စစ်တပ်ရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံး

KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး လမိုင်ယန်ကျေးရွာမှာ စစ်တပ်ကဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

KIO ပူးပေါင်းတပ်ဖွဲ့ဘက်က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီဘက်ကနေပြီးတော့ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။

စစ်ကောင်စီလေယာဉ်တွေကို တရုတ်ဘက်ကနေပြီးတော့ သတိပေးမီးကျည်တွေပစ်ပြီး ခြောက်လန့်ခဲ့တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

ဒီမနက် ၁နာရီဝန်းကျင်လောက်မှာဟုတ်တယ်  တရုတ်နယ်စပ်ဂိတ်ဘက်က လုံခြုံရေးယူဖို့ မီးကျည်ပစ်တာတွေရှိတယ်  တရုတ်ဘက်က မီးကျည်တွေပစ်လိုက်တဲ့အတွက် အဲလေယာဉ်တွေက တစ်ခါတည်း လှည့်ပြန်သွားတာလို့ဆိုပါတယ်။

စစ်ကောင်စီလေယာဉ် ဗုံးကြဲခဲ့တာကြောင့် အသက် ၄၀ အရွယ်ဗိုလ်အင်ဂျူအောင်နဲ့ ဇနီးဖြစ်သူ‌ ဒေါ်လုရာ (MHH Du Njung Awng the madu Jan Hpaugan Lu Ra) အသက်သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။

စစ်တပ်က ပစ်ခတ်တိုက်ခိုက်သွားတဲ့ လေယာဉ်ဗုံးတစ်လုံးက လမိုင်ယန်ရွာရှိ နေ အိမ်တစ်လုံးပေါ်တည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နောက်တစ်လုံးက အိမ်ဘေးနားဝန်းကျင်မှာကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

လေယာဉ်ဗုံးက နှစ်ခုလာကျတယ် တစ်ခုက အသက်သေဆုံးသွားတဲ့အိမ်မှာကျပြီး နောက်တစ်ခုက နည်းနည်းဝေးတဲ့ လရှီးလောဒ်နော် အိမ်ဘေးနားမှာသွားကျတယ် သူတို့ကတော့ဘာမဖြစ်ဘူး တရုတ်ဘက်က မီးကျည်တွေပစ်လို့လားတော့ မသိဘူးတစ်ခါတည်းလှည့်ပြန်သွားတယ် လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလမှာလည်း စစ်ကောင်စီဘက်က မုန်လိုင်ခက် ရွာမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ၃၀ဝန်းကျင် အသက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူကတော့ ၆၀ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button