KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Aug- 2024 -
    21 August
    သတင်း

    လူထုအတွက်လား၊ စစ်ကောင်စီ အာဏာတည်မြဲဖို့လား

    ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ စစ်ကောင်စီအောက် နိုင်ငံရေးပါတီအဖြစ်…

    Read More »
  • 21 August
    အင်တာဗျူး

    မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။

    ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း…

    Read More »
  • 21 August
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ

    “နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။

    Read More »
  • 20 August
    သတင်း

    တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ 

    ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ  တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက်  ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး ၃ ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းပျက်တဲ့နေရာတိုင်းမှာ ကားမဆွဲဘဲနဲ့ ကျော်တက်သွားနိုင်တဲ့ ကားမရှိဘူး။ အကုန်လုံးက တွဲကားတွေနဲ့ ထွန်စက်တွေနဲ့ ဆွဲရတယ်။ နောင်းမီကျေးရွာမှာတောင် အဝင်မှာကော ရွာအထွက်မှာကော ၂ နေရာစီဆွဲရတယ်။ နောင်းမီနဲ့ ဝါရာဇွပ်ကြားမှာလည်း သုံးလေးခေါက်လောက်ဆွဲရတယ် ”လို့မြစ်ကြီးနားကနေ တနိုင်းမြို့ဘက်ကို ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေဟာ လီဒိုကားလမ်းမပေါ်က ကျေးရွာတစ်ကြောလုံးဖြစ်ပြီး မန်ပန်(Manpang) ၊ နောင်းမီ(Nawng…

    Read More »
  • 20 August
    သတင်း

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ အော်ရီဒူးဖုန်းလိုင်းပြန်ရ

    ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဒီနေ့ကစပြီး  အော်ရီဒူး ( Oredoo) ဖုန်းလိုင်းတွေ ပြန်ရနေပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၉ ရက်နေ့စပြီး မြစ်ကြီးနားမြို့တွင်း MPT ဖုန်းလိုင်း အကန့်အသတ်နဲ့ရနေပြီး ဩဂုတ်လ ၂၀ ရက်နေ့ အော်ရီဒူးဖုန်းလိုင်းပြန်ရပြီဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အော်ရီဒူးဖုန်းလိုင်းက ခုနေ့လည်လောက်ကတည်းက ရနေတယ် ဖုန်းလိုင်းလည်းတော်တော်ကောင်းတယ်။ အင်တာနက်လိုင်းတော့မရသေးဘူးဗျ”လို့ ပြောပါတယ်။…

    Read More »
  • 20 August
    သတင်း

    ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

    ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့  ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်”လို့ပြောပါတယ်။ ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။…

    Read More »
  • 19 August
    သတင်း

    ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ ဖုန်းလိုင်းအကန့်သတ်နဲ့ပြန်ရ

    တစ်လဝန်းကျင် ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်အတွင်း မြို့တစ်ချို့မှာ  ဖုန်းလိုင်းအကန့်အသတ်နဲ့ ပြန်ရနေပြီလို့ ဒေသခံတွေနဲ့ကချင်ပြည်နယ် ပြင်ပရောက်ပြည်သူတွေဆီက သိရပါတယ်။ ခရိုင် ၄ ခု၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၃ မြို့၊ လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၁ ရက်နေ့စ မြို့အားလုံးနီးပါး ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်း ပြတ်တောက်သွားခဲ့ပေမယ့် ချီဖွေမြို့နဲ့ ဆင်ဘိုမြို့မှာ ဖုန်းလိုင်းတွေရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။   ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားခြင်းမရှိဘဲ တယ်လီနော၊ MPT ဖုန်းရောအင်တာနက်လိုင်း နှစ်ခုလုံးရနေပြီး စက်သုံးဆီလိုအပ်ချက်ကြောင့်သာ တစ်ခါတစ်ရံ လိုင်းပြတ်တောက်တာတွေရှိတယ်လို့ ဆင်ဘိုဒေသခံတစ်ယောက်ကပြောပါတယ်။…

    Read More »
  • 19 August
    သတင်း

    မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တိုက်ပွဲကြောင့်ပိတ်နေတာ ၄ ရက်ကြာရှိလာ

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေး–မြစ်ကြီးနား လမ်းပိုင်းပိတ်နေတာ ၄ ရက်ကြာရှိလာပြီး လမ်းတစ်လျှောက်ယာဥ်ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေအပါအဝင် ကားကြီး၊ကားလေးအမျိုးအစားအစုံပိတ်မိနေတာလို့ ကားသမားတစ်ဦးက ပြောပါတယ်။ “ပိတ်မယ်လို့ ကြေညာထားတာကကြာပြီဗျ တကယ်ပိတ်တာကတော့ ၄ ရက်လောက်ပဲရှိသေးတာ။ အခုက တော့ တကယ်ပိတ်တာ ပိတ်တာကလည်း၆နေရာလောက်ရှိတယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့နေရာတွေပေါ့။ နှစ်ဖွဲ့လုံးဘက်ကပိတ်တာ။ ကားကြီးကားလေးပေါင်းစုံပဲပိတ်မိနေတာ တော်တော်များများပဲ ကချင်ပြည် နယ်မှာစွဲတဲ့လိုင်းပေါင်းစုံပဲ” လို့ပြောပါတယ်။ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းသွားလာခွင့်ပိတ်ဆို့မယ်လို့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ကားသမားတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကတည်းကအသိပေးခဲ့တာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်ကားတစ်ချို့သွားလာ ကြရာကနေ အခုလိုကားတွေရာနဲ့ချီပိတ်မိကုန်တာလို့ ကားသမားတွေကပြောပါတယ်။…

    Read More »
  • 19 August
    သတင်း

    တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်

    KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။

    Read More »
  • 19 August
    သတင်း

    မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်

    တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။ တစ်လဝန်းကျင် တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ဗန်းမော်ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်လက်နက်နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို သယ်ထုတ်ဖို့ တက်လာတဲ့ စစ်ကား ၅ စီးကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကားတစ်စီးက သိမ်းနိုင်တယ်။ စစ်ကား ၃ စီးက မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားက စက်နိုးလို့မရလို့ ကားလမ်းပေါ်မှာရပ်နေတာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်အင်အားတော့ သိမ်မများဘူး။ အဓိကတော့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ဖို့နဲ့ လက်နက်ပစ္စည်းလာပို့ဖို့တက်လာတာ ကျော်တက်လို့မရဖြစ်သွားတာ”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားကို စစ်ကောင်စီတပ်ဘက်က ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ Y…

    Read More »
Back to top button