KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Aug- 2024 -
    16 August
    လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး

    ကချင်မှာ နှစ်ဝက်အတွင်း ခရစ်ယာန်ဘာသာရေးဆရာ ၁၄ ဦးဖမ်းဆီးခံရ

    KNG မှ စာရင်းပြုစုထားချက်အရ ဇူလိုင်လအထိ ခရစ်ယာန်ဘာသာရေးဆရာများအား ဖမ်းဆီးမှုစစ်ဆေးမှု စုစုပေါင်း ၇ ကြိမ်ခန့် ရှိနေပြီ ဖြစ်သည်။

    Read More »
  • 16 August
    ဆောင်းပါး

    တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့

    အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊…

    Read More »
  • 16 August
    သတင်းSabyit

    စစ်တပ်စခန်း ၂ ခုလက်လွတ်လိုက်တဲ့နောက် မနမှော်ရွာမှာ စစ်တပ်က တပ်စွဲနေရာယူ

    မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ  ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာမှာရှိပြီး စစ်တပ်အနေနဲ့ ခုလို မနမှော်ကျေးရွာမှာ တပ်စွဲလိုက်တာဟာ KIA/KPDF ပူးပေါင်းတပ်က ဗျူဟာကုန်းကို ဝင်တိုက်မှာစိုးတာကြောင့် ရှေ့တန်းကာကင်းစခန်းအနေနဲ့ တပ်စွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

    Read More »
  • 15 August
    သတင်း

    KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

    ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။ “တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့…

    Read More »
  • 15 August
    သတင်း

    ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်

    ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက်   မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖားကန့်မြို့ လမောင်ဗျူဟာကုန်းစခန်းနဲ့ တောမှော်စခန်းကို KIA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲကြောင့် လမောင်၊မှော်မောင်း၊တောမှော် ရွာပေါင်း ၃ ရွာက ပြည်သူတွေ ဖားကန့်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “စစ်ရှောင်က ဗုဒ္ဓဘာသာက ဘုန်းကြီးကျောင်း ခရစ်ယာန်က ဘုရားကျောင်းရွှေ့နေကြတယ် မနေ့မနက်ကတည်းက ထွက်ပြေးလာကြတာ။ ပျှမ်းမျှက ခန့်မှန်း ငါးရာလောက်ရှိမယ်၊ အမျိုးသမီးနဲ့ကလေးတွေပဲ အမျိုးသားတွေက အိမ်စောင့်ကျန်ခဲ့တယ်”လို့ ပြောပါတယ်။…

    Read More »
  • 15 August
    သတင်း

    လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၃ နာရီဝန်းကျင် လမောင်ဗျူဟာစခန်းနဲ့ တောမှော်စခန်းတို့ကို KIA ပူးပေါင်းတပ် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဩဂုတလ ၁၅ ရက်နေ့ မနက် ၉နာရီမှာ လမောင်ဗျူဟာကုန်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်တုံ့ပန်း ၁၂ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အဲဒီနောက် စခန်းလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်က နေ့လည်  ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဖမ်းမိထားတာက ၁၂ ယောက်ရှိတယ် ရာထူးတွေတော့မသိရသေးဘူးဗျ မနက်က ဖမ်းမိတာဟုတ်တယ် နေ့လည်ကတော့ လေယာဉ်နဲ့လာပစ်သေးတယ်။ ခုလည်း လေယာဉ်ကမကြာခန လာဝဲနေတုန်း”လို့ ပြောပါတယ်။…

    Read More »
  • 15 August
    သတင်း

    လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု

    ဖားကန့်မြို့တစ်ခုလုံးနဲ့  စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဖားကန့်မှာ မနေ့ကနေ တိုက်တဲ့ လမောင်တပ်စခန်းကို ဒီကနေ့မနက် ၉ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ တောမှော်က မသိမ်းသေးဘူးထင်တယ် ဘာမှမပြောလာသေးဘူး”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်တဲ့ လမောင်စစ်တပ်ကုန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး ဖားကန့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတာဖြစ်ပါတယ်။…

    Read More »
  • 14 August
    တိုက်ပွဲ

    တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

    ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ “တောမှော်မှာတစ်လုံး လမောင်ကုန်းမှာတစ်လုံးကြဲသွားတယ် ၁၀ နာရီ ၃၆ မိန်စ်ဝန်းကျင်မှာ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ခုထိလည်း လေယာဉ်ကဝဲနေတုန်းဘဲ ” လို့ ပြောပါတယ်။ လက်ရှိချိန်ထိ အဲဒီတပ်စခန်း ၂ နေရာစလုံးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ်သိရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။…

    Read More »
  • 14 August
    သတင်း

    ဖားကန့်  လမောင်တပ်စခန်းကုန်းကို  KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “မနက် ၃ နာရီလောက်ကနေစပြီး လမောင်ကုန်း အထိုင်စခန်းကို KIA  ပူးပေါင်းအဖွဲ့ စတိုက်နေပြီ လမောင်ကုန်းစခန်းက ဖားကန့်မှာ အမြင့်ဆုံးတောင်ပေါ်တပ်စွဲထားတာလည်း ဟုတ်တယ် အင်အားနှစ်ရာဝန်းကျင်လောက်ရှိတယ်”လို့ ပြောပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး မြေပုံအုပ်စုခွဲတမ်းအရ လုံးခင်းအုပ်စု၊ ဖားကန့်အုပ်စု၊ ဆိပ်မူအုပ်စု ဆက်စပ်နေတဲ့နေရာမှာရှိသလို ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။…

    Read More »
  • 13 August
    သတင်း

    နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့…

    Read More »
Back to top button