KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Aug- 2024 -
    1 August
    သတင်း

    မြစ်ကြီးနားမြို့အနီး တယန်ဇွပ်နဲ့ အင်ဆောပ့် စစ်တပ်စခန်း ၂ နေရာကို KIA တိုက်ခိုက်နေ

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်မပေါ်ရှိတဲ့ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့ မနက် ၇ နာရီလောက်ကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အဲဒီတပ်စခန်း ၂ နေရာမှာ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။…

    Read More »
  • 1 August
    တိုက်ပွဲ

    မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းအဖွဲ့အလုံးစုံသိမ်းပိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက KNG ကိုပြောပါတယ်။ မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မိုးမိတ်မြို့တွင်းနောက်ဆုံးကျန်တဲ့ စကခ ၂၁၊ ခလရ ၃၄၈၊…

    Read More »
  • Jul- 2024 -
    31 July
    သတင်း

    မြစ်ကြီးနားမှာ ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေချိန် စစ်တပ်က စစ်ရေးပြင်ဆင်နေ

    ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင်…

    Read More »
  • 31 July
    သတင်း

    ဖားကန့်မြို့နယ်တစ်ခုလုံး ငွေလွှဲ၊ ငွေထုတ် ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ် နဲ့ သာထုတ်ခွင့်ရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ်နဲ့သာထုတ်ပေးနေတာကြောင့် ပြည်သူတွေ ခက်ခဲနေကြတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်သွားတဲ့နောက် ဖုန်းထဲမှာရှိတဲ့ KPAY နဲ့ wavepay အကောင့်တွေကျသွားတဲ့အတွက်  ငွေတွေထုတ်လို့မရဘဲ မြို့တွင်းထဲမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ဆိုင်မှာသာ ငွေလွှဲငွေထုတ်ရနေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ “Sim card လိုင်းပိတ်ထားတော့ လော့ကျကုန်တာ၊ ခု တစ်မြို့လုံးမှာ တစ်နေရာပဲ ငွေထုတ် ငွေလွှဲ ရတယ်။ ဒါတောင် kpay အကောင့်နှစ်ခုပဲ ထုတ်လွှဲရတော့တာတဲ့။ အကောင့် active ဖြစ်လို့ သွားထုတ်ရင်လည်းရတယ် ဒါပေမယ့် မျှထုတ်ပေးတာ လူတစ်ယောက်က ငါးဆယ်ထုတ်ချင်ရင် ထုတ်ပေးလို့မရဘူး တခြားလူလည်း ထုတ်ချင်ကြမှာမို့ ဆိုင်မှာရှိတာ မျှထုတ်ပေးတာ”လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။…

    Read More »
  • 30 July
    သတင်း

    ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို

    ဖားကန့်မြို့မှာ အင်တာနက်သုံးဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး ဒီတစ်ပတ်စာလုံးအတွက် တုံကင်ပြည့်နေပြီလို့ ဖားကန့်မြို့မှာနေထိုင်သူတွေကပြောပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ  ၆ ရက်နေ့ထိ တစ်ပတ်စာ တုံကင်ပြည့်နေပြီဖြစ်တဲ့အပြင် နောက်ထပ် အင်တာနက်လိုင်းသုံးဖို့ စောင့်နေရတဲ့လူတွေလည်း များစွာရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဖားကန့် လေယာဉ်လက်မှတ်အရောင်းဆိုင် kpay လွှဲထုတ်ရတဲ့ ဆိုင်က လူတစ်ဦးကို နာရီဝက်အထိပဲ သုံးခွင့်ပြုတာ၊ ဒီနေ့ တုံကင်ယူမယ်ဆို နောက်လ ၆ ရက်နေ့ကိုရမှာ ကြားထဲလူအပြည့်ဖြစ်နေလို့တဲ့”လို့ ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း  လေယာဉ်လက်မှတ်ရောင်းတဲ့ဆိုင်နဲ့ ငွေလွှဲ၊ငွေထုတ်လုပ်တဲ့ဆိုင် ၂ ဆိုင်မှာအက်တာနက်သုံးလို့ရနေပေမယ့် ဆိုင် ၂ ဆိုင်စလုံး တစ်ပတ်စာ တုံကင်ပြည့်နေတယ်လို့ သူကဆက်ပြောပါတယ်။…

    Read More »
  • 30 July
    သတင်း

    စစ်တပ်ဖမ်းဆီးသွားတဲ့ KBC ဆရာ ၄ ဦးထဲကနေ ၂ ဦးလွတ်မြောက်၊ ၂ ဦးကျန်ရှိနေသေး

    မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ထဲက ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၂ ဦးကိုတော့ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လအတွင်းမှာ မြစ်ကြီးနား စီတာပူရပ်ကွက်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ သိက္ခာတော်ရ Rev.…

    Read More »
  • 29 July
    သတင်း

    လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ

    ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ လားရှိုးမြို့မှာ မြို့တွင်းကနေ လမ်းလျှောက်ထွက်ပြေးလာတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လိုအပ်နေပေမယ့် ကိုးကန့် MNDAA က မြို့အဝင် ခါးလျှိဂိတ်မှာဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA တပ်တွေဟာ ပရဟိတအဖွဲ့ဝင်တွေ နောက်ထပ် ရောက်လာမယ်ဆိုရင်သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ပရဟိတလူငယ်တစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “လားရှိုးမြို့ထဲ ဝင်ခွင့်မပေးဘူး ဝင်ကြိုခွင့်လည်းမပေးဘူး။ မြို့တွင်းထဲမဟုတ်ပဲ မြို့ပြင်မှာပဲ ဒုက္ခသည်တွေ လမ်းလျှောက်ပြီးထွက်လာတာကို ကျနော်တို့လှမ်းမြင်နေရပြီ အဲဒါကိုသွားကြိုခွင့်မပေးဘူး။ ပရဟိတ လိုဂို၊တံဆိပ်တွေအကုန်ပါတယ်။ အဲဒါကို ကျနော်တို့ကို လက်ခလယ်ထောင်ပြတဲ့အဆင့်ထိလုပ်တယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကယ်ခွင့်မပေးဘူး။ သူတို့က နောက်တစ်ခါမလာနဲ့ လာရင်ပစ်သတ်မယ်ဆိုတဲ့အဆင့်ထိ ကျနော်တို့ ခြိမ်းခြောက်ခဲ့တယ်။ ကျနော်တို့က တောင်ပိုင်းကနေ မြောက်ထိသွားတယ်ဆိုတော့လေ မလွယ်ဘူးလေဗျာ။” လို့ လက်ရှိ လားရှိုးစစ်ရှောင်တွေကို ကူညီကယ်ထုတ်နေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။…

    Read More »
  • 29 July
    သတင်း

    ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှုတော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ခေတ္တရောက်နေတဲ့မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။…

    Read More »
  • 29 July
    သတင်း

    ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ

    ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း စစ်တပ်နဲ့ KIA တပ်ရဲ့ညှိနှိုင်းမှုနဲ့အတူ ပူတာအိုဘက်ကို စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းထားပေမယ့် ဆီဆိုင်ကြီးတွေဟာ ပြည်သူတွေကို လိုသလောက်ရောင်းချပေးတာမရှိဘဲ လုပ်ငန်းရှင်တွေကိုသာ မှောင်ခိုစျေးနဲ့ရောင်းချပေးနေတယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက်သာမရှိတဲ့…

    Read More »
  • 29 July
    သတင်း

    မိုးမိတ်မြို့ ဗျူဟာကုန်းအနီး တိုက်ပွဲဆက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းအဖွဲ့အကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မိုးမိတ်မြို့နဲ့ ၂ မိုင်ကျော်အကွာ မိုးမိတ်ဗျူဟာကုန်းအနီးတစ်ဝှိုက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ “ပြီးခဲ့တဲ့နှစ်ပတ်လောက်ကကြားတာက ဗျူဟာကုန်းပဲကျန်တယ်တဲ့ မနေ့ကလည်းကြားရတာက ညနေ ၂ နာရီလောက်မှာ ဗျူဟာဘက်မှာ လေယာဥ်တစ်စီးပြီးတစ်စီးနဲ့လာကြဲချနေတာတဲ့ တပ်ဘက်အခြမ်းပဲဖြစ်နေ တာပေါ့ “ လို့ဒေသခံ အမျိုးသားတစ်ဦးပြောပါတယ်။ မိုးမိတ်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာပဲ မြို့တွင်းကနေ တပ်ပြန်ဆုတ်ထားရပြီး တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။…

    Read More »
Back to top button