KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jul- 2024 -
    29 July
    သတင်း

    ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ဖားကန့်မြို့နယ် ပြည်သူတွေ IP Star နဲ့ Star link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တုံကင်စနစ်နဲ့တန်းစီနေပြီး တစ်နာရီကို ကျပ် ၂ သောင်းပေးပြီးသုံးနေရတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။…

    Read More »
  • 26 July
    သတင်း

    လားရှိုးမြိို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြော

    ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့် MNDAA တပ် ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာအပြီးသတ်သိမ်းပိုက်တာမျိုးမရှိသေးပဲ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဇူလိုင် ၂၆ ဒီနေ့မွန်းလွဲပိုင်းထိ လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နှစ်ခု မြို့တွင်းတစ်ဝက်စီ နေရာယူကာ အချင်းချင်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNGကို ပြောပါတယ်။ “အခုအခြေအနေက တစ်ဝက်တစ်ဝက်ပဲဗျ။ လောလောဆယ်အနေအထားက MNDAA တစ်ဝက်၊ စစ်ကောင်စီတစ်ဝက်တော့ရှိနေတယ်။ သိမ်းလို့ရပြီဆိုတာလည်း မဟုတ်သေးဘူး။ မြို့တွင်းထဲမှာ ပစ်ခတ်မှုတွေရှိတယ် ရပ်ကွက်ထဲမှာ ပစ်ခတ်မှုတွေရှိတယ်။ လားရှိုးကို မြန်မြန်သိမ်းနိုင်မဲ့အနေအထားတော့ ရှိတယ်။ ဘာလို့ဆိုမြောက်ပိုင်းတိုင်း စကစအနေနဲ့လည်း စိတ်ဓာတ်ကျနေကြပြီလေ။” လို့ လားရှိုးဒေသခံတစ်ဦး ကပြောပါတယ်။  လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်ကတည်းကစပြီး သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ လုံး၀လွတ်မြောက်ကြောင်း ကိုးကန့် MNDAA က ဇူလိုင် ၂၅ မနက် ၁၀ နာရီလောက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။…

    Read More »
  • 26 July
    သတင်း

    ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive…

    Read More »
  • 26 July
    သတင်း

    ရှမ်းမြောက် ၁၀၂၇  စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး

    ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ကစပြီး တစ်ကျော့ပြန် ပြန်လည်ဆင်နွှဲလာခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်လပြည့်ပြီဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရပြီး စုစုပေါင်း ထိခိုက်သေဆုံးတဲ့ အရပ်သား ၂၉၂ ဦးရှိတယ်လို့  PSLF/TNLA ရဲ့သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ အဲဒီထိခိုက်သေဆုံးမှုစာရင်းထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ထိခိုက်သေဆုံးမှုစာရင်း စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ …

    Read More »
  • 25 July
    သတင်း

    မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့…

    Read More »
  • 25 July
    သတင်း

    ကချင်မှာ ဖုန်းအင်တာနက် ပြတ်တောက်နေပေမဲ့ အစိုးရရုံးနဲ့ MPT ရုံးတွေမှာ လိုင်းရရှိနေတယ်လို့ ဒေသခံတွေပြော

    ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်နေတာ ၅ ရက်မြောက်ရှိလာပြီး…

    Read More »
  • 24 July
    သတင်း

    လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝှိုက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ထိတိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လားရှိုးအကျဥ်းထောင်ရှိတဲ့ ရပ်ကွက် ၁၂၊ ခမရ ၅၀၇ ရှိတဲ့ ရပ်ကွက် ၅ နဲ့ ခလရ ၆၈ တပ်ရင်း အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “နေ့လည်ပိုင်းအထိ အကျဥ်းထောင်နားမှာတိုက်ပွဲကထပ်ဖြစ်နေတုန်းပဲ။ အကျဥ်းထောင်ပေါက်သွားတယ် ဆိုတာတော့မရှိသေးဘူး။ ရပ်ကွက် ၁၂ အကျဥ်းထောင်ဘက်ပေါ့လေ။ ၆၈ တပ်ရင်းကတော့ ကျပြီလို့ ပြောဖို့ ခက်နေတယ်။ ဆုတ်လိုက် ပြန်ဝင်လိုက် နှစ်ဖက်လုံးကအဲ့လိုဖြစ်နေတော့ အဖွဲ့အစည်းတွေက ခိုင်ခိုင်မာမာထုတ်မှပဲ အတည်ပြုနိုင်မယ်” လို့ပြောပါတယ်။ တစ်ဖက်မှာတော့ ခလရ ၄၁ တပ်ရင်းကို သိမ်းပိုက်ချိန် စစ်ကြောရေးရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ချို့ နဲ့ တစ်ခြားနိုင်ငံရေးအမှုနဲ့ဆက်စပ်သူတွေလွှတ်မြောက်လာတယ်လို့ သိရပါတယ်။…

    Read More »
  • 24 July
    သတင်း

    မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA တပ် တိုက်ပွဲပြန်စတင်

    တစ်လကျော်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ ဗန်းမော်ခရိုင် မိုးမောက် ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ကစပြီး ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။…

    Read More »
  • 24 July
    အင်တာဗျူးမင်းအောင်လှိုင်

    စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ယာယီသမ္မသလွှဲပြောင်းယူလိုက်တဲ့အပေါ် ကချင်ပြည်သူတွေရဲ့ အမြင်သုံးသပ်ချက်

    အခုလို ယာယီသမ္မတတာဝန်ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွှဲပြောင်းရယူလိုက်တဲ့ နောက် မြန်မာနိုင်ငံတဝှမ်း ဝေဖန်ထောက်ပြတာတွေရှိနေပါတယ်။

    Read More »
  • 23 July
    သတင်း

    လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်က စစ်ကောင်စီရဲ့ ခလရ…

    Read More »
Back to top button