KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Aug- 2024 -
    7 August
    သတင်း

    ဝိုင်းမော် ခလရ ၅၈ တပ်ရင်း KIA သိမ်းလိုက်ပြီလို့ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

    ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြောပါတယ်။ “မကြားဘူးဆိုတာထက် တိုက်ပွဲဖြစ်တာတွေလည်းမရှိပါဘူး။ ဝိုင်းမော်သိမ်းတာလည်းမကြားဘူး။ တိုက်ပွဲလည်းမရှိတာပါ”လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ဝိုင်းမော် ၅၈ သိမ်းလိုက်ပြီလို့ သတင်းဟာ ဩဂုတ်လ ၆ ရက် မနေ့ည ၇ လောက်ကနေ သတင်းတွေထွက်ပေါ်နေသလို လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ကျယ်ကျယ် ပြန့်ပြန့်ရေးသားဖော်ပြနေတာဖြစ်ပါတယ်။…

    Read More »
  • 7 August
    သတင်း

    ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆ ဦးအထိရှိလာ ဆိုင်ပေါင်း ၄၀၁ ခန်းမီးလောင် ပျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆ ဦးအထိရှိလာပြီး မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့မဈေးနဲ့ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုက ဒေသခံတွေ အတွက် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “သက်ရောက်မှုကတော်တော်ကြီးတယ်။ အခုလောလောဆယ်ထိတော့ဈေးလည်းသွားမရောင်းရဲသေးဘူး။ အခုလောင်တဲ့နေရာတွေက တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေများတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ကွတ်ခိုင်မြို့ခံတွေအားထားရာ မြို့မဈေးမှာ ဗုံး၂လုံး၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂေါ်ရခါးဘုရားကျောင်း အနီးတစ်ဝှိုက် ၄ လုံး နဲ့ ရပ်ကွက်၃ တာမိုးညဲလမ်းဘေး၌ ၁ လုံး ပေါင်၅၀၀ ဗုံးတွေပဲ ၇လုံးတိတိကြဲချခဲ့တာ ဖြစ်ပါတယ်။…

    Read More »
  • 6 August
    သတင်း

    မိုးမောက် ခမရ ၄၃၇ တပ်ရင်း လက်မလွတ်ရေး စစ်တပ်က လေကြောင်းနဲ့အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

    တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ဗန်းမော်ခရိုင် မိုးမောက်တိုက်ပွဲမှာ စစ်တပ်က တပ်စခန်းလက်မလွတ်ရေးအတွက် လေကြောင်းကိုအဓိက ခုခံတိုက်ခိုက်နေပြီး တစ်ရက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ဂျက်လေယာဉ် ၁၀ စီးခန့် အထိရှိတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတဲ့ မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ဝန်းကျင်လောက်  KIA ပူးပေါင်းတပ်တွေက ခမရ ၄၃၇ တပ်ရင်းထဲဝင်ရောက်ပြီး တပ်စခန်း တဝက်ခန့်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့မြေပြင်ရော ဝေဟင်ကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။…

    Read More »
  • 6 August
    သတင်း

    ကချင်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်ထားတဲ့အတွက်  ပြည်ပမှာကျောင်းတက်နေသူတွေငွေကြေးခက်ခဲမှုကြုံနေရ

    ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အိမ်ကထောက်ပံ့ငွေနဲ့ ပြည်ပမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေ ငွေကြေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ ဇူလိုင်လ၂၁ရက်နေ့စပြီး ကချင်ပြည်နယ်တစ်ပြည်နယ် ဖုန်းနဲ့အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေ စတင်ပြတ်တောက်နေတာ ခုဆိုရင်နှစ်ပတ်ကျော်လာပြီး တစ်ဖက်မှာ အိမ်ကထောက်ပံ့ငွေနဲ့နိုင်ငံခြားမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေဟာ အိမ်နဲ့အဆက်အသွယ်ပြတ်ပြီး ငွေကြေးဆိုင်ရာအခက်အခဲတွေကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားကနေ ချင်းမိုင်မှာကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးက ခုလိုပြောပါတယ်။  “လိုင်းပြတ်တာက အချိန်အကြာကြီးဖြစ်နေအုံးမယ်ဆိုရင်တော့ ကျောင်းစရိတ်ထည့်ရမဲ့အချိန်မှာ မထည့်နိုင်ရင်တော့ ကျောင်းတွေထွက်လိုက်မယ့်အခြေအနေတွေရှိတာပေါ့”လို့ ပြောပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ကချင်ပြည်နယ်မှာ Mobile…

    Read More »
  • 6 August
    သတင်း

    ဖားကန့်မှာ အသက်သေဆုံးတဲ့အထိ ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မှာ ငှက်ဖျားရောဂါဖြစ်သူတွေ များလာနေပြီး အသက်သေဆုံးတဲ့အထိ ဖျားနာ နေကြတယ်လို့ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။…

    Read More »
  • 6 August
    သတင်း

    TNLA တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မှာ ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ တစ်ချို့ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ်မြို့ဆီ ဒေသခံတွေပြန်လာနေကြတာဖြစ်ပြီး မြို့ခံ PDF တွေကသေချာစီစစ်ပြီးဝင်ခွင့်ပြုနေတာလို့ မိုးမိတ်ဒေသခံတစ်ယောက်ကပြောပါတယ်။…

    Read More »
  • 6 August
    သတင်း

    ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော

    သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး…

    Read More »
  • 5 August
    သတင်း

    ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မြို့မဈေးကို စစ်ကောင်စီတပ်က…

    Read More »
  • 5 August
    သတင်း

    နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေ

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ဝယ်ယူဖို့ခက်ခဲလာတဲ့အခြေနေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းပျက်စီးသွားတဲ့နောက်ပိုင်း ကုန်ကားအဝင်မရှိတော့အတွက် ပူတာအိုမြို့ထဲမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားတဲ့အပြင် လေယာဉ်နဲ့တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေကလည်း ကုန်စျေးနှုန်းမြင့်တက်ဒေသခံပြည်သူတွေဝယ်ယူစားသုံးဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ထဲ ကုန်ကားအဝင်မရှိတော့တာ ၁ လကျော်လောက် ကြာမြင့်သွားတဲ့အတွက် ပူတာအိုမြို့ကနေ တဆင့်ခံဝယ်ယူစားသုံးနေကြတဲ့ နောင်မွန်းဒေသခံတွေက အခြေခံ စားသောက်ကုန်ပြတ်လပ်သွားတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ပူတာအိုနဲ့ နောင်မွန်ကြားမှာ တစ်ပတ်မှာ တစ်ကြိမ်လောက်က ကုန်ကားတွေရှိပါတယ်။ ကုန်မရှိလို့တဲ့ ဘာမှမရောင်းတော့ဘူး။ တစ်ပိဿာ ဗူးတစ်တစ်ခုက သုံးသောင်း နှစ်ထောင်လောက်ရှိတယ်။ ပြီးရင် ကြက်သွန်ဖြူ၊ အနီးကလည်း ကျနော်တို့က မဝယ်စားနိုင်လို့ မဝယ်စားတာကြာပြီ။ အခုက ရှိတောင်မရှိတော့ဘူး။ အခုက ရှိတဲ့ သူတွေဆီကနေ နည်းနည်းစီ တောင်းစားနေကြတာ”လို့ပြောပါတယ်။…

    Read More »
  • 2 August
    သတင်း

    မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်(Tayang Zup) စစ်တပ်စခန်း ၃ နေရာခုကို KIA သိမ်းပိုက်

    မြစ်ကြီးနားမြို့နယ် – ဆွမ်ပရာဘွမ့်သွားလမ်းပေါ် တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ တယန်ဇွပ်မှာ စစ်ကောင်စီတပ်က တပ်စခန်း ၃ နေရာခွဲပြီး တပ်ချထားတဲ့အတွက် တပ်စခန်း ၃ နေရာစလုံးကို အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တယန်ဇွပ်က ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်တယ်။ သူတို့တပ်ခွဲပြီး နေကြတဲ့ စခန်း ၃ ခုစလုံးကို သိမ်းလိုက်တာဖြစ်တယ်”လို့ပြောပါတယ်။…

    Read More »
Back to top button