-
Jul- 2024 -23 Julyသတင်း
လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
“မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့”လို့ပြောပါတယ်။
Read More » -
23 Julyသတင်း
သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းထားတဲ့ သိက္ခာတော်ရဆရာတော် Rev. Dr Hkalam…
Read More » -
22 Julyသတင်း
လားရှိုးမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူအားလုံး မြို့စွန်ခွာထွက်ပြေးနေဆဲ
လားရှိုးမြို့ထဲ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံးနီးပါး မြို့စွန့်ခွာထွက်ပြေးနေဆဲဖြစ်တယ်လို့ လားရှိုးကနေထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပြင်နဲ့ မြို့ထဲထိ ကိုးကန့် MNDAA တပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာကြောင့် ဇူလိုင် ၂၂ ရက်နေ့ မြို့ထဲကနေစွန့်ခွာထွက်ပြေးနေသူ ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “လက်ရှိအခြေအနေက မြို့ထဲကို ကိုးကန့် MNDAA ဝင်ရောက်နေပြီ။ ကျနော်တိုလည်း မြို့ပြင်ရောက်သွားပြီ။ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်။ မြို့ထဲတချို့ရှိသေးတယ်။ မထွက်ပြေးပဲ ရှိနေမယ်ဆိုတဲ့သူတွေ ရှိနေတယ်။ အားလုံးနီးပါးထွက်ပြီ။ မနေ့ကမနက်မြို့ထဲ လက်နက်ကြီးကျလို့ အများအပြားထိခိုက်တာ တွေ့ခဲ့လိုက်တယ်။ လမ်းမှာလည်း ပြည်သူတွေစစ်ရှောင်ထွက်နေကြချိန် လက်နက်ထိသူတွေရှိတယ်။ ထွက်ခွာသူတွေက ဒီနေ့တစ်နေ့လုံးလည်း ထွက်နေကြဆဲပဲ။” လို့ လားရှိုးမြို့ထဲကနေ ထွက်ပြေးနေသူပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ မနေ့က လားရှိုးမြို့ထဲ လက်နက်ကြီးထပ်ကျလို့ အရပ်သားပြည်သူအများအပြား ထပ်မံ ထိခိုက်သေဆုံးကြောင်း သိရပေမဲ့ အသေးစိတ်မသိရှိရသေးတဲ့အပြင် ဇူလိုင် ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ဧဒင်ဘုရားကျောင်းမှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းပျက်စီးသွားပါတယ်။…
Read More » -
22 Julyသတင်း
ဗန်းမော် – မန္တလေး ကားလမ်းပိုင်း ပိတ်လိုက်တဲ့နောက် ဗန်မော်ပြည်သူတွေ အဖက်ဖက် ကြပ်တည်းနေ
ဗန်းမော်– မန္တလေး ကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ဗန်းမော်မြို့နယ်မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေး သိသိသာသာမြင့်တက်လာတဲ့အတွက် ပြည်သူတွေစားဝတ်နေရေး၊ သွားရေးလာရေး ပိုခက်ခဲလာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နောက်ပိုင်းစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့အကြား ဗန်းမော်မြို့အနီးတစ်ဝိုက် နေရာအနှံ့တိုက်ပွဲပြင်းထန်လာတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဗန်းမော်– မန္တလေး ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်တာ ခုဆိုရင် ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဗန်းမော်ဘက်ကို စင်းခမ်း၊ ကသာ၊ ရွေကူဘက်ကနေ ရေလမ်းကြောင်းစက်လှေနဲ့တစ်ဆင့် အခြေခံစားသောက်ကုန်တွေ သယ်ယူနေကြပေမဲ့ စက်လှေစရိတ်၊ ကုန်တင်ကုန်ချ စရိတ်ကြီးတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “မော်တော်ခတွေလည်း အရမ်းဈေးကြီးလာတယ်လေ ပြီးတော့ ဟိုဘက်ကမ်းကနေ ဗန်းမော်ရေဆိပ်မှာ ရောက်ပြီဆိုရင် အဲ့မှာ ရောက်လာကြပြီ ကုန်တင်ကုန်ချတွေလည်းတောင်းတာများလာတယ်။ ဟိုတလော ရေကြီးတဲ့ချိန်ဆိုရင် အရမ်းသိသာတယ်၊ ပစ္စည်းပျောက်တာတွေလည်း အရမ်းရှိခဲ့တယ်၊ ကုန်ဈေးနှုန်းတွေဆိုရင်လည်း ဗန်းမော်မှာ တစ်ခါမှ မကြားဖူးတဲ့ ဈေးတွေဖြစ်နေပြီ” လို့ဆိုပါတယ်။…
Read More » -
22 Julyစစ်ပြေးဒုက္ခသည်များ
ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့အထဲကနေ မသန်စွမ်း ၁၅ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မသန်စွမ်းထဲမှာ ကိုယ်လက်အင်္ဂါ ၊…
Read More » -
22 Julyသတင်း
မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Semi Final Welterweight မှာ ကချင်သားလေး အနိုင်ရ
မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph Sut Du Aung ဆီမီးဖိုင်နယ်ပွဲကို အနိုင်ရပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။…
Read More » -
22 Julyသတင်း
အောင်မြေ ၂ စစ်ရှောင်များ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင်ပျက်စီးသွားလို့ အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ စစ်ဘေးရှောင်များ ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ကျောင်းဆောင်ပျက်စီးသွားတဲ့အတွက် အကူညီလိုအပ်နေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်တွေ ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် အောင်မြေ ၂ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထဖွင့်ထားတဲ့ စာသင်ဆောင် ၄ ဆောင်ထဲက စာသင်ဆောင် ၂ ဆောင်ပျက်စီးသွားခဲ့တယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းပညာရေးတာဝန်ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ “ကျောင်းသုံးပစ္စည်းတွေအကုန်ပျက်စီးသွားတယ် သုံးလို့မရတော့ဘူးပေါ့ အရင်ကတည်းကနေခက်ခဲနေတဲ့ကြားက မိဘပြည်သူတွေစုပေါင်းလုပ်ထားတဲ့အဆောင်တွေ ပျက်စီးသွားတော့ နောက်တစ်ခေါက်ပြန်ဆောက်ဖို့ခက်ခဲနေတာပေါ့”လို့ သူမကပြောပါတယ်။ ရေဘေးကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်ပြန်ပြီးတည်ဆောက်နိုင်ဖို့ ငွေကြေးအကူအညီလိုအပ်နေသလို တစ်ဖက်မှာလည်း ကလေးသူငယ်တွေရဲ့ ဖတ်စာအုပ်၊ရေးစာအုပ်၊လွယ်အိတ် အများအပြားပျက်စီးသွားတဲ့အတွက် ကျောင်းသုံးကိရိယာအမျိုးမျိုးကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။…
Read More » -
19 Julyသတင်း
မိုးမိတ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့ပေါ်မှာ ဒေသခံတွေ ဘေးလွှတ်ရာ ကျေးရွာတွေနဲ့ မန္တလေးမြို့ ဘက်ကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။ “၂ မိုင် ၃ မိုင်လောက်ဝေးတဲ့ရွာလေးတွေလည်းရှောင်ကြတယ်။ ကျနော်အခုကူညီနေတာဆို စစ်ရှောင် ၁ ထောင်ကျော်တယ်။ အဓိက တော့ မိုးမိတ်မြို့နယ်ပတ်ဝန်းကျင်မှာ ၉၀၀ လောက်ရယ် မန္တလေးမြို့ရောက် နေတဲ့ ၁၀၀လောက်ရှိတယ်။“လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ် လက်ရှိ စစ်ဘေးရှောင်နေသူအများစုဟာ အသက် ၅၀ ကျော်အရွယ်နဲ့ အသက် ၁၅ နှစ်အောက်ကလေးငယ်တွေကအများဆုံးဖြစ်ပြီး အဓိကတော့ စားနပ်ရိက္ခာဖြစ်တယ်လို့ သူကပြောပါတယ်။…
Read More » -
19 Julyသတင်း
ရေဘေးဒဏ်ကြောင့် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေး ရွာ ၃ရွာက လူနေအိမ် ၈၀ ဝန်းကျင်ထိခိုက်ပျက်စီး
ရေဘေးသင့်ခဲ့တဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း ၃ ရွာက နေအိမ် ၈၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထစနစ်နဲ့လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ ရေဘေးသင့်ပြည်သူတွေကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက်ပျက်စီသွားတဲ့ရွာတွေဟာ မိုင်းနားကျေးရွာ၊ ခတ်ချိုနဲ့ နောင်တာလော ရွာတွေကဖြစ်တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ ဒေသခံတွေရဲ့ ပြောကြားအချက်အရ သိရပါတယ်။ အဲဒီထဲမှ ထိခိုက်ပျက်စီးမှုအများဆုံးဟာ မိုင်းကျေးရွာအုပ်စုထဲက ဟိုးလော်နဲ့ရဝမ်ကထောင်ရပ်ကွက်အပြင် နောင်တလောကျေးရွာမှာရှိတဲ့ ရေလည်ကျွန်းက နောင်တာလော ရပ်ကွက် ၂တို့ ဖြစ်တယ်လို့ သိရပါတယ်။ “ထိခိုက်ဆုံးရှုံးမှုတွေကတော့ နေအိမ်တွေ ဝန်းတွေ ပေ ၆၀နဲ့ ၇၀ ဝန်းကျင်လောက်တော့ရှိမယ်ထင်တယ် မြေပြိုပြီးပါသွားတယ်”လို့ မိုင်းနားရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။…
Read More » -
19 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “လူငယ်တွေ ပြန်လွတ်လာပြီ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွတ်ပေးတယ်။ သတင်းတွေတက်လာတာကြောင့်ဖြစ်မယ်။ သူတို့က ပြန်လာခေါ်ယူခိုင်းလိုက်တယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။…
Read More »









